From : မြ၀တီ
ယခင်က နေပြည်တော်တွင်သာ ဖြေဆိုရသည့် အစိုးရရာထူးဝင် စာမေးပွဲများကို ယခုအခါ နေပြည်တော် အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် ဖြေဆိုနိုင်တော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။ ရာထူးဝင်စာမေးပွဲများကို ဖြေဆိုသည့် လူအရေအတွက် ပေါ်မူတည်၍ စာသင်ကျောင်းများ၌ စာဖြေဌာနများအဖြစ် ဖွင့်လှစ်ကာ စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက် များတွင် စစ်ဆေးသွားမည်ဖြစ်ပြီး စာမေးပွဲကို သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးမှ ဝန်ကြီးတစ်ဦးက ကြီးကြပ်စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်