Subscribe to our RSS Feed

ဝန်ကြီးစာရင်းတွင် ဒေါ်အောင်ဆန်းစုကြည် မပါသဖြင့် မှန်းချက်နှင့် နှမ်းထွက်မကိုက်ဖြစ်ကာ ရုတ်တရပ် ကျန်းမာရေးဖောက်ပြန်ပြီး မွန်းလွှဲပိုင်းလွှတ်တော် ဒေါ်စုမတက်


ဝန်ကြီးအမည်စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည် မပါသဖြင့် မှန်းချက်နှင့် နှမ်းထွက်မကိုက်ဖြစ်ကာ ရုတ်တရပ် ကျန်းမာရေးဖောက်ပြန်ပြီး မွန်းလွှဲပိုင်းလွှတ်တော် ဒေါ်စုမတက်ပဲ ခွင့်ယူသွားကြောင်း သတင်းရရှိသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများက ဒုတိယ ဘုရားသခင် ဟု သတ်မှတ်ကြပြီး ဒုတိယ ဝန်ကြီးတောင် ဖြစ်မလာတာကြောင့် ယနေ့ ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး နံနက်ပိုင်း အစီအစဉ်သို့သာ တက်ရောက်ပြီး မွန်းလွှဲပိုင်း အစီအစဉ်သို့ တက်ရောက်ခြင်း မရှိကြောင်း လွှတ်တော် အစည်းအဝေး သို့ တက်ရောက်သတင်းရယူနေသူ MEG သတင်းထောက်က သတင်းပေးပို့သည်။

လက်တလော ဝန်ကြီး အပြောင်းအလဲ တွင် အမျိုးသမီး ၇ ဦးတောင် ပါဝင်သော်လည်း နိုင်ဘယ်ဆုရှင် ဒုတိယ ဘုရားသခင် ဒေါ်အောင်ဆန်းစုကြည် ပွဲမတိုးခဲ့ပေ။

ဒုတိယ သမ္မတ ဦးဥာဏ်ထွန်း ကျမ်းကျိန်စဉ်ကလည်း ဒေါ်အောင်ဆန်းစုကြည် မျက်နှာမအီမသာဖြင့် မက်တက်ရပ်နေတာကို တွေ့ရပြီး ယခုလည်း လုံးဝ ဟန်မဆောင်နိုင်တော့တာကြောင့် လွှတ်တော်အစည်းအဝေးကိုပင် ခွင့်ယူလိုက်ရကြောင်းသိရသည်။

ပွင့်လင်းမြင်သာရမယ်လို့ အမြဲလိုလိုပြောဆိုတတ်ပေမယ့် ယခု လွှတ်တော်အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည် ရုတ်တရပ် ခွင့်ယူလိုက်ခြင်းနှင့် ပတ်သက်ပြီး NLD မှ တစုံတရာ ထုတ်ပြန်ကျေညာတာမျိုး မရှိခဲ့ပါဘူး။

Myanmar Express

3 comments:

နေမကောင်းတာကို ဘာသတင်း ထုတ်ပြန်ရအုံးမှာလဲ
အဆိုးမြင်ဝါဒီသမားတွေရဲ့

ခုတော့လဲ မပွင့်မလင်း ဖြစ်သွားရ၇ှာပီး.. သူက သေတော့မှာ.. သနားပါတယ် မသေခင်လေးမှာ နေရာလေး တနေရာလောက် မဆ လိုက်ပါလားး သနားဂျာရာ ထောင်းလိုက်တာနော်.. အဟွန့်  ..

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်