Subscribe to our RSS Feed

ပြည်ထောင်စု ၀န်ကြီးများအဖြစ် တာဝန်ပေးအပ်ရန် အမည်စာရင်း (၁၀)ဦး ထွက်ရှိလာ သော်လည်း NLD နှင့် ဒုတိယ ဘုရားသခင် မပါပြန်


ပြည်ထောင်စု ၀န်ကြီးများအဖြစ် တာဝန်ပေးအပ်ရန် အမည်စာရင်း (၁၀)ဦး ထွက်ရှိလာပြီး အမည်စာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။

(၁) ဦးအေးမြင့်ကြူ ( လက်ရှို- အား.ကာ ဒုဝန်ကြီး )
(၂)ဗိုလ်ချုပ်ဇေယျာအောင် ( မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး )
(၃) ဒေါက်တာမြင့်အောင် ( ပြည်ထောင်စု ရာထူးဝန် အဖွဲ့ )
(၄) ဦးကျော်လွင် ( လက်ရှိ - ဆောက်လုပ်ရေးဒု ဒုဝန်ကြီး )
(၅) ဦးဝင်းရှိန် ( လက်ရှိ - လယ် / ဆည် ဒုဝန်ကြီး )
(၆) ဒေါက်တာ ကံဇော် ( လက်ရှိ - စီမံ စီးပွား ဒုဝန်ကြီး )
(၇) ဦးမောင်မြင့် ( လက်ရှိ - ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး )
(၈) ဒေါက်တာကိုကိုဦး ( လက်ရှိ - သိပ္ပံ နည်းပညာ ဒုဝန်ကြီး )
(၉) ဦးဌေးအောင် ( လက်ရှိ - ဟိုတယ် ခရီး ဒုဝန်ကြီး )
(၁၀) ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် ( လက်ရှိ - ကျန်းမာရေး ဒုဝန်ကြီး )

တို့ဖြစ်ကြောင်းနိုင်ငံတော်သမ္မတရုံးမှပေးပို့သော အမည် စာရင်းများအရသိရသည်။

လက်ရှိတွင် ပြည်ထောင်စု ဝန်ကြီး လစ်လပ်လျက်ရှိနေသော ဌာနများမှာ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ အလုပ်သမား ဝန်ကြီးဌာန၊ ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ဘဏ္ဍရေးနှင့်အခွန် ဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွဲ့
ံဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ၊အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ နှင့် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန တို့ဖြစ်ကြောင်းသိရသည်။

ပြည်ထောင်စုအစိုးရ ဝန်ကြီးဌာန အရေအတွက် ပြင်ဆင် ဖြည့်စွက်ခြင်းနှင့် ပြည်ထောင်စု ဝန်ကြီးဦးရေကို တိုး/လျော့ခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ် ရယူရန် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များမှ ဆွေးနွေးရာတွင် လွှတ်တော်ကိုယ်စားလှယ်အချို့မှ ကန့်ကွက်ဆွေးနွေးခဲ့သော်လည်း မဲခွဲဆုံးဖြတ်ရာတွင် အနိုင်ရရှိခဲ့သဖြင့် နိုင်ငံတော်သမ္မတ ပေးပို့ခဲ့သော သဝဏ်လွှာမှာ အတည်ဖြစ်ခဲ့သည်။ ဝန်ကြီးဌာန အရေအတွက် ပြင်ဆင်ဖြည့်စွက်ခြင်းနှင့် ပတ်သက်၍ မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၅၀၉ မဲ၊ ကန့်ကွက်မဲ ၄၉ မဲ၊ ကြားနေမဲ ၄၀ ဖြင့် အနိုင်ရရှိခဲ့သည်။ ပြည်ထောင်စုဝန်ကြီးဦးရေကို တိုး/လျော့ခြင်းနှင့် စပ်လျဉ်း၍ မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၅၁၁ မဲ၊ ကန့်ကွက်မဲ ၄၁ မဲ၊ ကြားနေမဲ ၄၅ မဲ ဖြင့် အနိုင်ရရှိခဲ့သည်။

Myanmar Express


1 comments:

we dont really need old lady or female leader. we can do without aung san suu kyi. she just can speak english very well thats all. did she comfort to rakhaing peoples? did she visit to rakhaing state? i dont really know what kind of leader aung san suu kyi is.thats why we dont need it.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်