Subscribe to our RSS Feed

“ဗ” အက္ခရာယာဉ်များ စက်တင်ဘာ ၅ ရက်တွင် စတင်လက်ခံမည်


From : ခတ်လူငယ်


နိုင်ငံတော် အစိုးရသည် ယာဉ်အို ယာဉ်ဟောင်းများ ဖျက်သိမ်း၍ အစားထိုးတင်သွင်းခြင်း စီမံချက်ကို ၁၁.၉.၂၀၁၁ ရက်နေ့တွင် ပထမအကြိမ်အဖြစ် နိုင်ငံပိုင် သတင်းစာများ၌ သတင်း ထုတ်ပြန် ကြေညာခဲ့ပြီး ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ပထမအဆင့် အနေဖြင့် ၁၉.၉.၂၀၁၁ ရက်နေ့တွင် မှတ်ပုံတင်သက်တမ်း အနှစ် ၄၀ ကျော် “စ”၊ “ဆ”၊ “ဇ” အက္ခရာကိုလည်းကောင်း၊ ဒုတိယအဆင့်အနေဖြင့် ၈.၁၁.၂၀၁၁ ရက်နေ့တွင် အနှစ် ၃၀ ကျော်မှ အနှစ် ၄၀ အတွင်း “ဈ”၊ “ည” အက္ခရာကိုလည်းကောင်း၊ တတိယအဆင့်အနေဖြင့် ၂.၁.၂၀၁၂ ရက်နေ့တွင် အနှစ် ၂၀ ကျော်မှ အနှစ် ၃၀ အတွင်း “ဏ”၊ “ထ”၊ “ဒ”၊ “န”၊ “ပ” အက္ခရာ ယာဉ်များကို လည်းကောင်း စီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့ရာ ၂၂.၈.၂၀၁၂ ရက်နေ့အထိ ယာဉ်အိုယာဉ်ဟောင်း အပ်နှံမှုစီးရေ ၆၁၈၅၂ စီးဖြစ်ပြီး ယခုလက်ရှိတွင် “ပ” အက္ခရာ ဆောင်ရွက်ပြီးစီးမှုမှာ ၈၀ ဒသမ ၉၃ ရာခိုင်နှုန်း ဖြစ်ပါသည်။ ယာဉ်အိုယာဉ်ဟောင်း အပ်နှံဖျက်သိမ်း၍ အစားထိုးတင်သွင်းခြင်း ဒုတိယပိုင်းအဖြစ် “ဗ” အက္ခရာယာဉ်များ အပ်နှံဆောင်ရွက်ခြင်းကို ၅.၉.၂၀၁၂ ရက်နေ့မှစ၍ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်ရုံးများတွင် လက်ခံဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်