Subscribe to our RSS Feed

ပြည်တွင်းမှ ကျောင်းသား ၆ ဦး Asian Science Camp 2012 သို့ ပထမဆုံးအကြိမ် တက်ရောက်ခွင့်ရ


From : MRTV4

အစ္စရေး နိုင်ငံမှာ ပြုလုပ်တဲ့ Asian Science Camp 2012 ကို ပထမဆုံး အကြိမ် ပြည်တွင်းမှ ကျောင်းသား ၆ ဦးဟာ အစ္စရေးနိုင်ငံရှိ ဟီဗရူး တက္ကသိုလ်မှာ သြဂုတ်လ ၂၆ ရက်နေ့က စတင်ကာ တက်ရောက် နေပြီ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ အစ္စရေး သံရုံးမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြ ချက်အရ သိရပါတယ်။ အဆိုပါ အစ္စရေးနိုင်ငံမှာ ပြုလုပ်တဲ့ Asian Science Camp 2012 ကို တက်ရောက် လိုတဲ့ ပြည်တွင်းရှိ တက္ကသိုလ်များမှ လျှောက်လွှာတင်သူ ဦးရေ ၁၆၀ ရှိခဲ့ပြီး အဲ့ဒီထဲကမှ ကျောင်းသား ၄ ဦးနဲ့ ကျောင်းသူ ၂ ဦး စုစုပေါင်း ၆ ဦးကိုသာ ရွေးချယ် ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ Asian Science Camp 2012 အတွက် မြန်မာနိုင်ငံမှ ကျောင်းသား ၆ ဦး အပါအ၀င် သက်ဆိုင်ရာ နိုင်ငံများမှာ ကျောင်းသား စုစုပေါင်း အယောက် ၃၀၀ ခန့် တက်ရောက် နေတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အဆိုပါ ကျောင်းသားများ ကိုတော့ သိပ္ပံဆိုင်ရာ နိုဗယ်ဆုရှင် ၁၀ ဦးခန့်နဲ့ အခြား သိပ္ပံပညာရှင်များက သိပ္ပံနဲ့ နည်းပညာ ဆိုင်ရာ များကို ဟောပြောပို့ချ နေပြီး အသိပညာများ ဖြန့်ဝေ ပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ Asian Science Camp ကို ၂၀၀၇ ခုနှစ်မှာ စတင် တည်ထောင် ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ယခု အစ္စရေး နိုင်ငံမှာ ပြုလုပ်တဲ့ ပွဲဟာ ၆ ကြိမ်မြောက် ရှိပြီဖြစ်ပြီး တက်ရောက်နေတဲ့ ကျောင်းသား တွေက သြဂုတ်လ ၂၆ ရက်နေ့မှ ၃၀ ရက်နေ့ အထိ တက်ရောက် ရမှာ ဖြစ်ပါတယ်။ အဆိုပါ အခမ်းအနား တက်ရောက်ဖို့ ရွေးချယ် ခံရတဲ့ ကျောင်းသားများ ခရီးသွားလာမှု အတွက် လိုအပ်တဲ့ ကုန်ကျ စားရိတ်များ ကိုတော့ ချင်းတွင်း University, PS Business School, Myanmar Credent Technology နဲ့မြန်မာ နိုင်ငံဆိုင်ရာ အစ္စရေး သံရုံးတို့ ပူးပေါင်း ကူညီ ဆောင်ရွက် ပေးတာ ဖြစ်တယ်လို့ သိရပါတယ်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်