Subscribe to our RSS Feed

ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦး အား သြစတြေးလျနိုင်ငံ ပါလီမန်အမတ် Ms. Janelle Saffin MP. လာရောက်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦး အား သြစတြေးလျနိုင်ငံ ပါလီမန်အမတ် Ms. Janelle Saffin MP. သည် ၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၃၀) ရက်နေ့ မွန်းလွဲ (၂) နာရီ၊ (၁၅) မိနစ် အချိန်တွင် နေပြည်တော်ရှိ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံး၊ ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံသည်။


ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦး အား သြစတြေးလျနိုင်ငံ ပါလီမန်အမတ် Ms. Janelle Saffin MP. လာရောက်တွေ့ဆုံစဉ်
တွေ့ဆုံပွဲသို့ ပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးနှင့်အတူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး သြစတြေးလျနိုင်ငံ ပါလီမန်အမတ် Ms. Janelle Saffin MP. နှင့်အတူ Australian Labour Party, International Co-ordinator Mr. Peter Yates တို့ တက်ရောက်ကြသည်။

ပည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးမှ သြစတြေးလျနိုင်ငံ ပါလီမန်အမတ် Ms. Janelle Saffin MP. အား အမှတ်တရ လက်ဆောင်ပေးအပ်စဉ်

ထိုသို့ တွေ့ဆုံရာတွင် ပြောင်းလဲကျင့်သုံးလျှက်ရှိသော ပါတီစုံ ဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာရေးအတွက် ပြည်သူလူထု၊ ပါတီများ၊ လွှတ်တော် များနှင့် နိုင်ငံတော်အစိုးရတို့ ကြိုးပမ်းဆောင်ရွက်မှု အခြေအနေများ၊ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့် အရေးဆိုင်ရာ ကိစ္စရပ်များအား လွှတ်တော်အတွင်းနှင့် လွှတ်တော်ပြင်ပတို့တွင် ဆောင်ရွက်နေမှု အခြေအနေများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် ပါတီအထွေထွေအတွင်းရေးမှူး ဦးဌေးဦးက သြစတြေးလျနိုင်ငံ ပါလီမန်အမတ် Ms. Janelle Saffin MP. နှင့် အဖွဲ့ဝင်များကို အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးကြကြောင်း သတင်းရရှိပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်