Subscribe to our RSS Feed

လယ်ယာမြေနည်းဥပဒေများနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး နည်းဥပေဒများ ထုတ်ပြန်


From : ခေတ်လူငယ်

နိုင်ငံတော်သမ္မတရုံး၏ (၃၁-၈-၂၀၁၂) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၆၂/၂၀၁၂ အရ လယ်ယာမြေဥပဒေသည် ၂၀၁၂ ခုနှစ် သြဂုတ် ၃၁ ရက်တွင် လယ်ယာမြေဥပဒေပုဒ်မ ၂ အရ စတင်အာဏာတည်သည်ဟု သတ်မှတ်လိုက်ကြောင်း ကြေညာပြီးဖြစ်သည်။ အဆိုပါ လယ်ယာမြေ ဥပဒေအား လက်တွေ့ ကျင့်သုံး ဆောင်ရွက်နိုင်ရန်အတွက် လယ်ယာမြေ ဥပဒေပုဒ်မ ၄၂၊ ပုဒ်မခွဲ(က)အရ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ (၃၁-၈-၂၀၁၂) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၁၂ ဖြင့် လယ်ယာမြေ နည်းဥပဒေများကိုလည်းကောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၃၄၊ ပုဒ်မခွဲ(က)အရ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ (၃၁-၈-၂၀၁၂) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၁၂ ဖြင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး နည်းဥပဒေများကို လည်းကောင်း အသီးသီး ထုတ်ပြန်ကြေညာပြီး ဖြစ်ပါသည်။ အဆိုပါ နည်းဥပဒေများကို (၅-၉-၂၀၁၂) ရက်တွင် ထုတ်ဝေမည့် လယ်ယာစီးပွား သတင်းအမှတ်စဉ် (၅၈၃)တွင် အချပ်ပိုအဖြစ် ပြည့်စုံစွာ ထည့်သွင်းထုတ်ဝေ ဖြန့်ချိသွားမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express

1 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်