From : မြဝတီ
တရုတ်နိုင်ငံ ဆိုင်ရာ ဂျပန်သံအမတ် အဖြစ် အသစ် ခန့်အပ်ခြင်း ခံရသော ရှီနီ ရှီနီရှီ မီယာသည် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ဆေးရုံတစ်ရုံ၌ စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်း က သေဆုံးသွားပြီ ဖြစ်ကြောင်း ကျိုဒို သတင်း ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အသက် ၆ဝ နှစ်ရှိ နီရှီမ

ီယာသည် ဖျားနာမှု ဝေဒနာကြောင့် စက်တင်ဘာ ၁၃ ရက် နံနက်ပိုင်းက တိုကျိုမြို့ရှိ လမ်းမ တစ်ခုပေါ်တွင် ရုတ်တရက် သတိလစ် မေ့မြော ခဲ့ပြီးနောက် ဆေးရုံ တွင် ဆေးကုသမှု ခံယူခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
နီရှီမီယာအား ဂျပန်နှင့် တရုတ်နိုင်ငံတို့ အကြား တင်းမာမှုများ ဖြစ်ပွားနေစဉ် တရုတ် နိုင်ငံဆိုင်ရာ ဂျပန် သံအမတ် ယူရှီးရိုးနီဝါ၏ နေရာတွင် အစားထိုး ခန့်အပ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသ တွင်း မီဒီယာများက ပြောကြား ခဲ့သည်။
Myanmar Expressနီရှီမီယာအား ဂျပန်နှင့် တရုတ်နိုင်ငံတို့ အကြား တင်းမာမှုများ ဖြစ်ပွားနေစဉ် တရုတ် နိုင်ငံဆိုင်ရာ ဂျပန် သံအမတ် ယူရှီးရိုးနီဝါ၏ နေရာတွင် အစားထိုး ခန့်အပ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသ တွင်း မီဒီယာများက ပြောကြား ခဲ့သည်။
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်