Subscribe to our RSS Feed

အာရှဖွံ့ဖြိုးရေးဘဏ်က ထိုင်းအစိုးရကို ထားဝယ်သို့ ချိတ်ဆက်မည့် ရထားလမ်း (သို့) ကားလမ်းမတစ်ခု တည်ထောင်ရန်တိုက်တွန်း


From : Bangkok Post

အာရှဖွံ့ဖြိုးရေးဘဏ်(ADB)သည် မြန်မာနိုင်ငံရှိ အခြေခံအဆောက် အအုံနှင့် ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံသွားရန် ထိုင်းအစိုးရအား တိုက်တွန်း လိုက်ပြီး ထိုသို့ လုပ်ခြင်းဖြင့် ထား ၀ယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကြီး ၌ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများ နှင့် ဘဏ္ဍာ
ရေးသမားများ ပိုမို လွယ်ကူစွာ ပါဝင်နိုင်မည်ဖြစ် ကြောင်းပြောကြားလိုက်သည်။

ADB ၏ ထိုင်းနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ခရိတ်စတက်ဖင် ဆန်က ထိုင်းနိုင်ငံ နွန်သာဘူရီ ပြည်နယ်၏ ဘန်ရိုင်ခရိုင်နှင့် ကန် ချနဘူရီပြည်နယ်တို့အကြား ဖောက်လုပ်ရန် စီစဉ်ထားသည့် ကားလမ်းအပြင် ထိုင်းအစိုးရသည် ထားဝယ်သို့ နယ်စပ်ဖြတ်ကာ
ဆက်သွယ်ချိတ်ဆက်နိုင်မည့် ရထားလမ်း (သို့မဟုတ်) ကား လမ်းမတစ်ခုကို တည်ထောင်ရေး ကို စီစဉ်သင့်ကြောင်း ယမန်နေ့က အကြံပြုခဲ့သည်။

၎င်းက “ဒီကိစ္စက ရင်းနှီးမြှုပ် နှံမှုအကြီးကြီး မလိုအပ်ပါဘူး။ ထားဝယ်စီမံကိန်းကြီးကို မြေပေါ် ပေါ်ထွက်လာအောင် လုပ်နိုင်မယ့် အစပျိုးပမာဏလေးလောက်ပါပဲ”ဟု ရက်ချာဒမ်မရီလမ်းမရှိ Four Seasons ဟိုတယ်၌ ပြုလုပ်သော Thailand Focus 2012 ဖိုရမ်
တွင်ပြောသည်။

ADB သည် ထိုင်းနိုင်ငံတွင် ဘန်ရိုင်-ကန်ချနဘူရီလမ်း ဖောက် လုပ်ရေးအတွက် နည်းပညာအကူ အညီပေးအပ်နေပြီး၊ ထိုင်းအဝေး ပြေးလမ်းဌာနသည်လည်း ဘန်ရိုင်မှ ကန်ချနဘူရီသို့ ၉၈ ကီလိုမီ တာအရှည်လမ်း (တန်ဖိုး ဘတ် ၄၅ ဒသမ ၉ ဘီလီယံ)ကို ဖောက်
လုပ်နေသည်။ ဖူနမ်မရွန် နယ်စပ် စစ်ဆေးရေးဂိတ်သို့ သွားသော လမ်းပိုင်းကိုလည်း လေ့လာမှုများ စတင်ပြုလုပ်နေပြီး၊ ဖူနမ်မရွန်မှ ထားဝယ်သို့ ၁၆၀ ကီလိုမီတာ အရှည်လမ်းကို ဒီဇိုင်းအပြီးသတ် ထုတ်ပြီးဖြစ်သည်။

ADB သည် ထားဝယ်စီမံ ကိန်း၏ ဆောက်လုပ်ရေးကို တာ ၀န်ယူလုပ်ကိုင်နေသော အီတာ လျံ-ထိုင်းဖွံ့ဖြိုးရေးကုမ္ပဏီနှင့်ဆွေး နွေးမှုများရှိနေပြီး၊ ယင်းကုမ္ပဏီ ဘက်ကမူ ADB သို့ ချေးငွေရယူ ရန် တရားဝင်တောင်းဆိုမှုမရှိသေး ကြောင်းသိရသည်။

ထားဝယ်စီမံကိန်းအတွက် ပထမအဆင့် တည်ဆောက်ရေး နှင့်ဖွံ့ဖြိုးရေးတွင် ကန်ဒေါ်လာ ရှစ်ဘီလီယံ လိုအပ်မည်ဖြစ်ကာ စီမံကိန်းကြီးတစ်ခုလုံးအတွက် စုစု ပေါင်း ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၅၀ ဘီလီယံရှိမည်ဖြစ်သည်။ သို့သော် ယင်းရန်ပုံငွေများကို အသေအချာ
မတွက်ချက်ရသေးကြောင်း မစ္စ တာစတက်ဖင်ဆန်ကပြောသည်။

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းသည် မြန်မာနိုင်ငံအတွက် အလုပ်နေရာပေါင်း ၅,၀၀၀ ခန့် ဖန်တီးပေးနိုင်မည်ဟုသိရသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်