Subscribe to our RSS Feed

အိုစမာဘင်လာဒင်အကြောင်း ဝတ္ထုရေးသူကို တရားစွဲရန် ပင်တဂွန်စဉ်းစား

From : .planet

အမေရိကန် ပြည်ထောင်စု၏ ပင်တဂွန် စစ်ဌာနချုပ်သည် အိုစမာဘင်လာဒင်အကြောင်း ဝတ္ထုရေးသူကို တရားစွဲရန် စဉ်းစားနေကြောင်း သိရှိရသည်။

အိုစမာဘင်လာဒင်အကြောင်း ဝတ္ထုရေးသူကို တရားစွဲရန် ပင်တဂွန်စဉ်းစား

အမေရိကန် ပြည်ထောင်စု၏ ပင်တဂွန် စစ်ဌာနချုပ်သည် အိုစမာဘင်လာဒင်အကြောင်း ဝတ္ထုရေးသူကို တရားစွဲရန် စဉ်းစားနေကြောင်း သိရှိရသည်။ မေလ(၁၁)ရက်နေ့က ကမ္ဘာကျော် အကြမ်းဖက် ခေါင်းဆောင်ကြီး ဘင်လာဒင်ကို အမေရိကန် စစ်တပ်က စီးနင်းသတ်ဖြတ်ခဲ့သည့် စစ်ဆင်ရေးအကြောင်း ပါဝင်သည့် အဆိုပါ ဝတ္ထုကို အမေရိကန် အထူးတပ်ဖွဲ့ဝင် တစ်ဦးက ရေးသားခဲ့ခြင်း ဖြစ်သည်။

ယင်းလုပ်ရပ်သည် စစ်ဘက်ရေးရာ လျှို့ဝှက်ချက်များကို ဖောက်ဖျက်ခြင်းဟု ပင်တဂွန်က ယူဆထားသည်။ ယခုအခါ စစ်ဘက်မှ ရှေ့နေများသည် ရေတပ်အထူးတပ်ဖွဲ့ Navy Sealဟောင်း ဖြစ်သူအား စစ်မှုရေးရာ ပေါက်ကြားစေမှုအတွက် သတိပေးမှု ပြုလုပ်ထားပြီ ဖြစ်သည်။ ကာကွယ်ရေး ဝန်ကြီးဌာနက အဆိုပါ ဝတ္ထုရေးသူသည် (၂၀၀၇)ခုနှစ်က ရေတပ်တွင် စစ်ဘက်ဆိုင်ရာ ထိပ်တန်းလျှို့ဝှက်ချက်များကို စောင့်ထိန်းရန် ပုံစံစာရွက် (၂)ခုကို ခံဝန်လက်မှတ် ရေးထိုးထားကြောင်း ပြောကြားခဲ့သည်။

ယခုကိစ္စကို CIAနှင့် အိမ်ဖြူတော်တို့က တစ်စုံတစ်ရာ မှတ်ချက် မပေးသေးသော်လည်း ကာကွယ်ရေး ဝန်ကြီးဌာနက ထိုစစ်မှုထမ်းဟောင်းအား ရာဇဝတ်မှုကြောင်းအရ တရားစွဲဆိုမှု ပြုလုပ်ရန် စဉ်းစားနေကြောင်း ခြိမ်းခြောက် ပြောကြားလာခြင်း ဖြစ်သည်။ ပင်တဂွန်သည် ထိုသူထံသို့ တရားဝင် သတိပေးစာတစ်စောင် ပေးပို့ထားပြီး ကာကွယ်ရေး ဝန်ကြီးဌာန၏ စည်းမျဉ်းများအရ ၎င်းအနေဖြင့် ကတိကဝတ် ချိုးဖောက်ပြီး စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်များကို ပေါက်ကြားအောင် လုပ်ဆောင်နေခြင်းအားောထက်ပြထားကြောင်း သိရှိရသည်။

Myanmar Express


1 comments:

MP Ball pae. mim ka bae lo thi lae. laee pae min ko

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်