Subscribe to our RSS Feed

လာမည့် ဘဏ္ဍာနှစ် အတွင်း ဖုန်းသိပ်သည်းဆ ၂၇ ရာခိုင်နှုန်းအထိ ဆောင်ရွက် ပေးသွားရန်ရှိ

From : .MRTV4

လာမယ့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အတွင်း ပြည်တွင်းမှာ ဖုန်းသိပ်သည်းဆကို ၂၇ ရာခိုင်နှုန်းထိ ရရှိစေဖို့ စီစဉ် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ ဆက်သွယ်ရေး၊

စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဲ့ဒီလို ဆောင်ရွက်ဖို့ အတွက် ကိုတော့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေနဲ့ Myanmar Telecom ကုမ္ပဏီ၊ ရတနာပုံ Telecom ကုမ္ပဏီ အပါအ၀င် ပုဂ္ဂလိက လုပ်ငန်းရှင်တွေ ပါဝင်မယ့် Separate Operator ကုမ္ပဏီ အစရှိတဲ့ ကုမ္ပဏီတွေ မှတဆင့် လာမယ့် ဘ့ဏ္ဍာနှစ်မှာ ဖုန်းလိုင်း ၁၀ သန်း ချထားပေးမှာ ဖြစ်ပါတယ်။

ယခုလက်ရှိ ပြည်တွင်း မှာတော့ တယ်လီဖုန်း သိပ်သည်းဆဟာ ၁၀ ရာခိုင်နှုန်း သာရှိပြီး လာမယ့် ဘဏ္ဍာနှစ် မှာတော့ ၁ ဆကျော် တိုးတက် ရရှိဖို့ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒ့ါအပြင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် မှာတော့ ၅၀ ရာခိုင်နှုန်းနဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် မှာတော့ ၇၅ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်း အထိ ရရှိစေဖို့ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ဖို့ အတွက် ကိုတော့ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ ဖုန်းလိုင်း ၁၄ သန်းနဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ ဖုန်းလိုင်း ၁၅.၅ သန်းထိ ချထားပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို ချထားပေးရာမှာ တယ်လီဖုန်း ဆက်သွယ်ရေးနဲ့ အင်တာနက် ၀န်ဆောင်မှုကို ပြည်သူများ စိတ်ကြိုက် ရွေးချယ် အသုံးပြုနိုင်ရေး တို့ကိုပါ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ အခုလို ဆောင်ရွက်တဲ့ လုပ်ငန်းစဉ် များဟာ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းရဲ့ Reform Plan ရဲ့ ကာလတို ရည်မှန်းချက် ဖြစ်တယ်လို့ သိရပါတယ်။ Reform Plan ရဲ့ ကာလရှည် ရည်မှန်းချက် အနေနဲ့ ကတော့ ကျေးလက်မြို့ပြ အပါအ၀င် တစ်နိုင်ငံလုံးမှာ အရည်အသွေး ပြည့်ဝပြီး ဈေးနှုန်း ချိုသာတဲ့ တယ်လီဖုန်း ဆက်သွယ်ရေးနဲ့ အင်တာနက် ၀န်ဆောင်မှုများကို လုံခြုံ လျင်မြန်စွာနဲ့ စိတ်ကြိုက် ရွေးချယ် သုံးစွဲခွင့် ရရှိစေဖို့ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။



Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်