Subscribe to our RSS Feed

အေဒီ ၁၅ ရာစုက သွန်းလုပ်ခဲ့သော ဓမ္မစေတီ ခေါင်းလောင်း ဆယ်ယူရေး အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်မည်


From : ဦးဇော်ယံခင်

ရှေးဟောင်း သမိုင်း အမွေအနှစ် တစ်ခုဖြစ်သည့်ဓမ္မစေတီ ခေါင်းလောင်းဆယ်ယူရေးအတွက်အလုပ်ရုံ ဆွေးနွေးပွဲ တစ်ခုကို ဇွန်လ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့ ချက်ထရီယံ ဟိုတယ်တွင် ပြုလုပ်သွားမည် ဖြစ်သောကြောင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ သမိုင်း သုတေသန ဦးစီး၏ ထုတ်ပြန်ချက်များ အရ သိရှိရသည်။

အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲတွင် ဓမ္မစေတီ ခေါင်းလောင်းကြီးနှင့် ပတ်သက်သော သမိုင်းကြောင်း၊ ယခင် ဆယ်ယူ တူးဖော်ခဲ့သော အတွေ့အကြုံများ၊ မြစ်ကြောင်းဆိုင်ရာ အချက်အလက်များကို အခြေခံ ဆွေးနွေးမည် ဖြစ်ကြောင်း ယင်းဦးစီးဌာနထံမှ သိရှိရသည်။

ဓမ္မစေတီ ခေါင်းလောင်းကို ၁၉၈၇ ခုနှစ်မှ ၁၉၉၇ ခုနှစ် ကာလအတွင်း ၄ ကြိမ် ဆယ်ယူရန် ကြိုးပမ်းခဲ့သည်။

ဓမ္မစေတီ ခေါင်းလောင်းကြီး သမိုင်း
ဓမ္မစေတီ ခေါင်းလောင်းကြီးသည် ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းအဖြစ် သတ်မှတ်ထားသော ခေါင်းလောင်းကိုစိန်ခေါ်သည့် ခေါင်းလောင်းတစ်ခု ဖြစ်သည်။ ယင်းကား မွန်ဘာသာအားဖြင့် ‘အပိန္နသော်’ သို့မဟုတ် ‘ဓမ္မစေတီ’ ခေါင်းလောင်းပင် ဖြစ်သည်။ ခေါင်းလောင်း ဘွဲ့အမည်မှာ မြန်မာဘာသာအားဖြင့် ‘အဝိန္ဒဆောက်’ဟု ခေါ်ပါသည်။ ဓမ္မစေတီ ခေါင်းလောင်းသည် ဇာကိုလိုကော ခေါင်းလောင်းထက် မင်းကွန်းခေါင်းလောင်းတော်ကြီးတစ်ခုစာ ပို၍ ကြီးမားနေသည်ကို အံ့သြဖွယ်ရာ တွေ့ရှိရသည်။ ဓမ္မစေတီ ခေါင်းလောင်းကို ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းအဖြစ် သတ်မှတ်ရမည် ဖြစ်ပေသည်။ ထို့အပြင် ဇာကိုလိုကော ခေါင်းလောင်းသည် (၁၈) ရာစုတွင် သွန်းလုပ်သော ခေါင်းလောင်းဖြစ်ပြီး ဓမ္မစေတီခေါင်းလောင်းမှာ အေဒီ ၁၅ ရာစုက သွန်းလုပ်ခဲ့သော ခေါင်းလောင်း ဖြစ်သဖြင့် နှစ်(၃ဝဝ) ပို၍ စောနေသည်ကို တွေ့ရှိရသည်။ ထို့ကြောင့် ဓမ္မစေတီ ခေါင်းလောင်းသည် ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်း ဖြစ်သင့်ပေသည်။
ခေါင်းလောင်းတော်ကြီးကို ဆယ်ယူရရှိမည်ဆိုပါက မွန်အမျိုးသားတို့၏ ယဉ်ကျေးမူအမွေအနှစ် ခေါင်းလောင်းကြီးနှင့်ပက်သက်သည့် အသေးစိတ် အချက်အလက်တို့ကို ပြည်သူများသို့ အသေအချာတင်ပြနိုင်မည် ဖြစ်ပါသည်။ ၄င်းအပြင် တရုပ်တို့၏ ကြေးသွန်အတတ်ပညာထက် နှစ်ပေါင်း(၁၅၀၀)ခန့် စောသည့် မွန်တို့၏ ယိုးဒယားနိုင်ငံ ဘန်းချိုင်းဒေသ ကြေးသွန်အတတ်ပညာအတွက်ကြီးမားသော သက်သေ အထောက်အထားတစ်ခု ဖြစ်လာမည်။

Myanmar Express


0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်