Subscribe to our RSS Feed

ကနေဒါ ကုန်သွယ်ရေးဝန်ကြီး လာမည်


From : ခေတ်လူငယ်

ကနေဒါ ကုန်သွယ်ရေးဝန်ကြီး အက်ဒ်ဖတ်စ်ဟာ လာမယ့်စက်တင်ဘာလ ၂ ရက်နေ့မှာ မြန်မာနိုင်ငံကို လာရောက်မယ်လို့ ကနေဒါအခြေစိုက် သတင်းတွေအရ သိရပါတယ်။ ကနေဒါ ကုန်သွယ်ရေးဝန်ကြီးဟာ ဗီယက်နမ်၊ ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေဆီ တရားဝင် ခရီးသွားရောက်နေတာဖြစ်ပြီး သောကြာနေ့ကျရင် ကမ္ဘောဒီးယားနိုင်ငံမှာ ပြုလုပ်မယ့် ကနေဒါနဲ့ အာဆီယံနိုင်ငံတွေက စီးပွားရေးဝန်ကြီးတွေရဲ့ ပထမဆုံး တွေ့ဆုံဆွေးနွေးပွဲမှာ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်မှာ ဖြစ်ပါတယ်။ အင်တိုက်အားတိုက် တက်တက်ကြွကြွ အရှိဆုံးနဲ့ ကြီးထွားမှု အမြန်ဆုံး စီးပွားရေးနဲ့ ပိုနက်ရှိုင်းတဲ့ ဆက်ဆံရေးတွေ ကျွန်တော်တို့ ဆက်ဖော်ဆောင်နေပါတယ် လို့ ကနေဒါ ကုန်သွယ်ရေးဝန်ကြီးက ဆိုကြောင်း ချန်နယ်နယူးစ်အေးရှားက ဖော်ပြပါတယ်။ ကနေဒါနိုင်ငံဟာ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုကို ဧပြီလက ဆိုင်းငံ့ခဲ့ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့ထုတ် မော်ဒန် သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်