Subscribe to our RSS Feed

ကေအိုင်အေ သောင်းကျန်းသူအဖွဲ့ ဖားကန့်နယ်မြေအတွင်း အကြမ်းဖက် လုပ်ငန်းများ ဆောင်ရွက်လျက် ရှိခြင်းကြောင့် တပ်မတော်စစ်ကြောင်းများမှ ရှင်းလင်းလျက်ရှိ


From : ခေတ်လူငယ်

ဖားကန့်နယ်မြေအတွင်းတွင် ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူအဖွဲ့သည် ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှ မေလအထိ အတင်းအဓမ္မ ဆက်ကြေးကောက်ခံမှု ၃ ကြိမ် ပြုလုပ်ခဲ့သည့်အပြင် အဓမ္မ လူသစ်ဖမ်းဆီးခြင်း များကိုပါ ပြုလုပ်လျက်ရှိခြင်းကြောင့် ကုမ္ပဏီလုပ်ငန်းရှင်များမှာ လုပ်ငန်းလုပ်ဆောင်ခြင်း မပြုနိုင်တော့သဖြင့် ၂၀၁၂ ခုနှစ် မေလ ၃၁ ရက်နေ့မှ စတင်ပြီး ကျောက်မျက်တူးဖော်ရေး လုပ်ငန်းများကို ရပ်နားထားခဲ့ရသည်။ ကေအိုင်အေ သောင်းကျန်းသူ အဖွဲ့များသည် ၂၀၁၂ ခုနှစ် သြဂုတ်လအတွင်းမှ စတင်ပြီး ဆက်ကြေးများ ထပ်မံတောင်းခံလာသည့်အပြင် ဆက်ကြေးမပေးပါက ယာဉ်/ယန္တရားများအား မီးရှို့ဖျက်ဆီးရန်နှင့် ကုမ္ပဏီစောင့် ဝန်ထမ်းများ၏ အသက်အန္တရာယ်ကို ဖားကန့်အတွင်းပိုင်း ကျေးရွာများအထိ ဝင်ရောက် ခြိမ်းခြောက်မှုများ ပြုလုပ်လာသဖြင့် တပ်မတော် လှုပ်ရှားစစ်ကြောင်းမှ ပြည်သူများ၏ အသက်အန္တရာယ် ကာကွယ်နိုင်ရေး နယ်မြေရှင်းလင်းမှုအား သြဂုတ်လ ၂၇ ရက်မှ စတင်ဆောင်ရွက်ခဲ့ပါတယ်။ အဆိုပါ နယ်မြေ ရှင်းလင်းသည့် တပ်မတော်စစ်ကြောင်းအား သြဂုတ်လ ၂၈၊ ၂၉ ရက်နေ့များတွင် ကေအိုင်အေအဖွဲ့များမှ ဖားကန့်အနောက်ဘက် ၅ ကီလိုမီတာအကွာ ဆိုင်ကြာဘွမ် အနီးတစ်ဝိုက်၌ ကြီးကြပ်မိုင်း စတင်ခွဲ၍ ပစ်ခတ်ရာ အပြန်အလှန်ထိတွေ့မှု ဖြစ်ပွားလျက်ရှိကြောင်းနှင့် နှစ်ဖက်ထိခိုက်ဒဏ်ရာ ရမှုများအား စုံစမ်းဆဲ ဖြစ်ကြောင်း သတင်းရရှိသည်။ ထိတွေ့မှုများ ဖြစ်ပွားခဲ့ပြီးနောက် ကေအိုင်အေအဖွဲ့မှ ဆုတ်ခွာရာ လမ်းကြောင်းတစ်လျှောက်ရှိ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီများ၏ ဘက်ဟိုးယာဉ်၊ မြေသယ်ယာဉ်နှင့် ကုမ္ပဏီအဆောက်အအုံ အချို့အား မီးရှို့ဖျက်ဆီးသွားခဲ့သည်။ တပ်မတော် စစ်ကြောင်းများမှ ဆုတ်ခွာသွားသော ကေအိုင်အေအကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များအား ဆက်လက်ရှင်းလင်းလျက် ရှိကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်