Subscribe to our RSS Feed

ဒေသတွင်းနှင့် ဒေသပြင်ပ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးမှု ဖော်ဆောင်ရန် ပူးပေါင်း ဆောင်ရွက် သွားမည့် မိမိတို့၏ ကတိကဝတ်များကို ထပ်လောင်း အတည်ပြု

From : မြဝတီ


နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး ဖွင့်ပွဲနှင့် တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဒေသ ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားတွင် မိန့်ခွန်း ပြောကြားစဉ်။
စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု မြှင့်တင်နိုင်ရေး ထားဝယ်၊ သီလဝါနှင့် ကျောက်ဖြူ တို့တွင် အထူး စီးပွားရေး ဇုန်များ အကောင် အထည် ဖော်မည်
 နေပြည်တော် စက်တင်ဘာ ၂၃
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်  နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် စက်တင်ဘာ ၂၁  ရက်  နံနက် ၁ဝ နာရီခွဲက နန်နင်းမြို့ လိယွမ် ဧည့်ဂေဟာ International Conference Centre ၌ ကျင်းပသည့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီး အစည်းအဝေး ဖွင့်ပွဲနှင့် တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်မှု ဒေသ ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ မိန့်ခွန်း ပြောကြားသည်။
အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားသို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဒုတိယ သမ္မတ မစ္စတာရှီကျင့်ဖျင်၊ လာအို ပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ  ဝန်ကြီးချုပ်  မစ္စတာသွန်ဆင်းသမာဗောင်၊ ဗီယက်နမ် ဆိုရှယ်လစ် သမ္မတ နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ငုယင်တန်ဇွန်း၊ မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ဒုတိယဝန်ကြီးချုပ်များ၊ တရုတ် ပြည်သူ့ သမ္မတနိုင်ငံနှင့် အာဆီယံ နိုင်ငံများမှ ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ အဆင့်မြင့် အရာရှိကြီးများ၊ အာဆီယံ အတွင်းရေးမှူး ချုပ်ရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အပါအဝင် တရုတ် ပြည်သူ့ သမ္မတနိုင်ငံနှင့် အာဆီယံ နိုင်ငံများမှ စီးပွားရေး လုပ်ငန်းရှင်များ၊ နိုင်ငံတကာ သတင်းဌာနများမှ သတင်းထောက်များ တက်ရောက် ကြသည်။  
 
 Myanmar Express 

1 comments:

ဒို့သမတကြီးက နိုင်ငံခေါင်းဆောင်အနေနဲ့ တရုတ် နဲ့ အမေရိကန် ကိုသွားတာကွ၊ ဟိုအရူးမဒေါ်စုလို ကိုယ့် နာမယ်ကြီးဖို့ ၊ ကိုယ့် ပုဂ္ဂိုလ် ရေးအရ အမြတ်ထုတ်ဖို့သွားတာမဟုတ်ဘူး ၊ တိုင်းပြည် အတွက် ၊ ပြည်သူတွေအတွက်သွားတာ ၊ ဟိုကောင်မကလင်တန် တရုတ်ပြည်သွားတုန်းက ၊ နောက်လ ဆိုသမတဖြစ်တော့မဲ့ တရုတ်လက်ရှိဒုသမတ (ရှီကျည့်ဖျင်) ကတောင် လက်ခံမတွေ့ဘူး။
ဒို့သမတကြီးဒေါက်တာဦးသိန်းစိန်သွားတော့ တရုတ်လက်ရှိဒုသမတ (ရှီကျည့်ဖျင်-နောက်လ ဆိုသမတဖြစ်တော့မဲ့ ) ကတောင် ပေကျင်းကနေ နန်နင်းအထိလာတွေ့တယ် ။ သိတယ်မဟုတ်လား?
ကွာကိုကွာတယ်...။ ပြီးတော့ အရူးမစုက ပြည်သူဆီကအခွန်ငွေတွေနဲ့ လွှတ်တော်မှာလခယူပြီး၊ဘာမှမလုပ်ဘဲ၊နိုင်ငံခြားမှ လျှောက်လည်နေသေးတယ်..တိဘက်ကပြည်ပြေးနိုဘယ်ဆုရှင် နိုင်ငံရေးဘုန်းကြီး ဒါလိုင်းလာမား (ဘုန်းကြီးအတု)နဲ့အတူတူဘဲနိုင်ငံတကာသွားပြီး၊
အလှုငွေတောင်းလိုက်၊စာအုပ်ရောင်းစားလိုက်၊ဥာဏ်မမှီတဲ့ ဟောပြောပွဲတွေလုပ်လိုက်နဲ့ကိုယ့်အတွက်ဘဲပိုက်ဆံရှာနေတာ ။
ဒေါ်စုလဲဒီအတိုင်းဘဲလာမှာ။အတ္တဆန်လိုက်ကြတာများ.........

..

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်