From :7Days News
ကမ္ဘာကျော်အင်္ဂလန်ဘောလုံးအသင်း လက်ရွေးစင်နည်းပြဟောင်း အဲရစ်ဆင်သည် စက်တင်ဘာ ၂၄ ရက်က ရန်ကုန်မြို့သို့ အလည်အပတ် လာရောက်ခဲ့ သည်။ လက်ရှိ ထိုင်းပရီးမီးယားလိဂ်ကလပ် ဘီအီစီတယ်ရိုဆက်ဆနာအသင်း နည်းစနစ်ဒါရိုက်တာအဲရစ်ဆင်သည် ရန်ကုန်ယူနိုက်တက်အသင်း လေ့ကျင့်ရေးကွင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းသားများ လေ့ကျင့်နေမှုများအား ယနေ့ညနေပိုင်းက သွားရောက်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။ ရန်ကုန်ယူနိုက်တက်အသင်းဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇက အဲရစ်ဆင်အား ယနေ့ညတွင် ၄င်း၏နေအိမ်၌ ညစာစားပွဲဖြင့် ဧည့်ခံမည်ဖြစ်ကြောင်းလည်း ရန်ကုန် အသင်း တာဝန်ရှိသူတစ်ဦးကဆိုသည်။ အဲရစ်ဆင်အနေဖြင့် ရန်ကုန်မြို့သို့ အလည်အပတ်သက်သက်သာ လာရောက်ခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလ ၂၅ ရက်တွင် ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာမည်ဖြစ်သည်။ အဲရစ်ဆင်သည် ဘင်ဖီကာ၊ ဖီအိုရင်တီးနား၊ ရိုးမား၊ လာဇီယို၊ မန်စီးတီး စသည့် နာမည်ကြီးကလပ်အသင်းများအပြင် အင်္ဂလန်၊ မက္ကဆီကိုနှင့် အိုင်ဗရီကို့စ် အစရှိသော နိုင်ငံလက်ရွေးစင်အသင်းများ၏ နည်းပြအဖြစ်ကိုင်တွယ်ခဲ့ဖူးကြောင်း သိရသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်