အမေရိကန်ရောက် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အား နိုဘယ် ဆုကြီးယူထားပြီး အမှန်တကယ် ငြိမ်းချမ်းရေး မလုပ်နိုင်သဖြင့် အမေရိကန်မှ မြန်မာ နှင့် နိုင်ငံခြားသား အချို့က ဆန္ဒပြခဲ့ကြကြောင်း သတင်းရရှိသည်။
စက်တင်ဘာ ၂၂ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် Queens College ၌ နယူးယောက်မြန်မာ မိသားစုများ ကို ခေါ်ယူတွေ့ဆုံခဲ့ရာ ၎င်း အခမ်းအနား ကျင်းပရ အဆောက်အအုံရှေ့တွင် ဦးနေဆန်းဦး ဦးဆောင်တဲ့ မြန်မာ နှင့် နိုင်ငံခြားသား ၃၀ ခန့်က ဆန္ဒပြခဲ့ကြောင်း သိရသည်။
ဆန္ဒပြသူများက ဆဲရေးတိုင်းထွာမှု မရှိပဲ ငြိမ်းချမ်းစွာဖြင့် "အောင်ဆန်းစုကြည်" ဟု အော်ဟစ် ဆန္ဒ ပြကြသော်လည်း ဒေါ်အောင်ဆန်းစုကြည် ထောက်ခံသူ တစ်ဦးမှ အခန်းထဲမှ ထွက်လာပြီး မိုက်ရိုင်းစွာ ဆဲဆိုကာ " ဟေ့ကောင် မင်း ငါတို့နိုင်ငံရဲ့ ခေါင်းဆောင်ကို ဒေါ်တပ်ခေါ်ပါလို့ ဒေါ်အောင်ဆန်းစုကြည် အသက်က မင်းအမေ လောက်ရှိပါတယ်" လို့ လာပြောသွားကြောင်း သိရသည်။
ယနေ့ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် အမေရိကန် ရောက်စဉ်က "သိန်းစိန်" ဟု ခေါ်ဆိုကာ ဆဲရေးတိုင်းထွာ ဆန္ဒပြချိန်တုန်းကတော့ အမေရိကန်ရောက် မြန်မာများ ကိုယ့်အဖေအရွယ်၊ ကိုယ့်အမေ အရွယ် ဆိုပြီး သိတတ်ခြင်း မရှိခဲ့ပေ။
ထိုနေ့က အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်မှ နိုင်ငံခြားရောက် မြန်မာများ အချင်းချင်း စည်းလုံးဖို့ ပြောဆိုခဲ့အပြီး ၅ မိနစ် အကြာမှာ မြန်မာအချင်းချင်း ပြဿနာ တတ်ကြခြင်း ဖြစ်ကြောင်း သိရသည်။
Myanmar Express
1 comments:
အဲ့တာပြောတာပေါ့ အောင်ဆန်းစုကြည်နဲ့ အပေါင်း အပါတွေအားလုံးက
စောက်လုပ်နဲ့ စောက်ဖုတ် မလိုက်ပါဘူးဆို
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်