From :သတင်း
Myanmar Express
ယနေ့တွင် ဒုတိယနေ့အဖြစ်ဆက်လက်ကျင်းပသည့် CAEXPO
တရုတ်အာဆီယံကုန်စည်ပြပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီှးဌာနမှ ပြည်ထောင်စုဝန်ကြီး
ဦးဝင်းမြင့်နှင့်အတူအဖွဲ့ဝင်များဖြစ်သော ဦးအောင်စိုး(ညွှန်ကြားရေးမှူး)၊ ဦးဝင်
တရုတ်အာဆီယံကုန်စည်ပြပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီှးဌာနမှ ပြည်ထောင်စုဝန်ကြီး
ဦးဝင်းမြင့်နှင့်အတူအဖွဲ့ဝင်များဖြစ်သော ဦးအောင်စိုး(ညွှန်ကြားရေးမှူး)၊ ဦးဝင်
းအောင်
(ဥက္ကဌ- မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း)တို့နှင့်အတူ၊ဦးအောင်လွင်
(ဒုဥက္ကဌ - မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း)တက်ရောက်ခဲ့ကြပြီး
တရုတ်နိုင်ငံကွမ်ရှီးပြည်နယ်မှကူးသန်းရောင်းဝယ်ရေးဌာနမှညွှန်ကြားရေးမှူးမစ္စတာချောင်ကွမ်ဝါတို့ တက်ရောက်ခဲ့ကြသည်။
ယင်း အခမ်းအနားတွင်တရုတ်နိုင်ငံကုမ္ပဏီနှစ်ခုမှမြန်မာနိုင်ငံတွင်
စွမ်းအင်လုပ်ငန်း နှင့်စိုက်ပျိုးရေး(မြေသြဇာ)နှစ်မျိုးတို့အတွက် နားလည်မှုစာချွန်လွှာ
Memorandum of Understanding ကိုနှစ်နိုင်ငံသက်ဆိုင်ရာ
ဝန်ကြီးဌာနမှသက်ဆိုင်ရာပုဂိုလ်များနှင့်လက်မှတ်ရေးထိုးခဲ့ကြသည်။
အခမ်းအနားသို့တရုတ်နိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်အများအပြားတက်ရောက်ခဲ့ကြပြီး
စိတ်ပါဝင်စားသူများ၊မြန်မာနိုင်ငံတွင်ရင်းနှီးမြုပ်နှံမှုပြုလုပ်လိုသူများက
ဆက်လက်မေးမြန်းဆွေးနွေးလိုကြသော်လည်း
အခမ်းအနားအစီအစဉ်အချိန်ပြီးဆုံးပြီဖြစ်သဖြင့်စီးပွားကူးသန်းမှတာဝန်ရှိသူများက တရုတ်လုပ်ငန်းရှင်များအားနောက်တစ်နေ့
စက်တင်ဘာ ၂၃ ရက်တွင်ပြခန်းများသို့လာရောက်ကာမိမိစိတ်ဝင်စားသောရင်းနှီးမြုပ်နှံလိုသည့် လုပ်ငန်းအမျိုးအစားအအလိုက်
အချိန်ယူဆွေးနွေးနိုင်ကြောင်းအသိပေးဖိတ်ခေါ်နိုင်ခဲ့သည်။
ထို့ကြောင့် န၀မအကြိမ်မြောက်တရုတ်အာဆီယံကုန်စည်ပြပွဲတွင် ရာ
မြန်မာဂုဏ်ထူးဆောင်နိုင်ငံအဖြစ်တာဝန်ယူခဲ့သောမြန်မာနိုင်ငံကိုယ်စားလှယ်များအနေဖြင့်
ယခင်တရုတ်အာဆီယံကုန်စည်ပြပွဲများထက်ပိုမိုအောင်မြင်မှုရလာသကဲ့သို့ပြပွဲတွင်တာဝန် ယူဆောင်ရွက်ကြရသောစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့်
မြန်မာနိုင်ငံကုန်သည်ကြီးများနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း
တို့ကလည်း
မြန်မာနိုင်ငံသို့အာဆီယံနိုင်ငံများမှစီးပွားရေးရင်းနှီးမြုပ်နှံမှုများ ပိုမိုပြုလုပ်လာနိုင်ရန်လည်းအထူးကြိုးစားအားထုတ်ခဲ့ကြသည်ကို
အားရဖွယ်တွေ့မြင်ခဲ့ရသည်။
ထိုအခမ်းအနားကျင်းပနေစဉ်တွင်ပင်
ှပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်အား တရုတ်ရုပ်သံဌာနမှCAEXPO ၏ မြေညီထပ်တွင်ရှိသော
Press Center တွင် တွေ့ဆုံမေးမြန်းမှုပြုလုပ်ခဲ့ကြောင်းသိရသည်။
Myanmar Express
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်