Subscribe to our RSS Feed

စတုတ္ထမဏ္ဍိုင်ကြီး Eleven Media Group ဆိုတာ

From : သုတ


ELEVEN Media Group ကို တစ်ခုလောက်ပြောချင်တယ်။ 

(၁)ဘာဖြစ်လို့ သမ္မတကြီး တရုတ်ပြည်မှာ ဂုဏ်ထူးဆောင် ဆုယူတာကို မဖေါ်ပြတာလဲ?

(၂) ပြီးတော့ ငြိမ်းချမ်းရေးအတွက် ဆန္ဒဖေါ်ထုတ်တာတွေကို တော့ ဝေေ၀ဆာဆာဖေါ်ပြပြီး ငြိမ်းချမ်းဖို့ကို လုံးဝစိတ်မ၀င်စားတဲ့ KIA ရဲ့လုပ်ရပ်တွေကို ကျတော့ ဘာလို့ မဖေါ်ပြတာလဲ?

(၃) ဒေါ်အောင်ဆန်းစုကြည် အမေရိက ခရီးစဉ်တစ်ရှောက် ဆုလက်ခံတာတွေ ဘာလုပ်တာတွေ ညာလုပ်တာတွေ ကျခရေစေ့တွင်းကျ ဖေါ်ပြနေတာကရော ဘာလို့လဲ?

ဒီမေးခွန်းတွေ ကိုမေးသာမေးနေတာ အဖြေက သိပြီးသားပါ ။

ဘာလို့အဲလိုတွေလုပ်တာလဲဆိုတော့ 

နံပတ်(၁) ခင်ဗျားတို့ ဂျာနယ်ရောင်းအားကောင်းအောင်လို့၊

 နံပတ် (၂) ခင်ဗျားတို့ media grorp က တစ်ဖက်သတ် အတိုက်အခံ သမားတွေချည်းပဲမို့လို့၊ 

နံပတ်(၃) အမှန်တရားတိုင်း ကို သတ္တိရှိရှိ မပြောရဲလို့ ၊ 

နံပတ် (၄) ခင်ဗျားတို့ က win win situation theory ကိုတောင်မှ နားမလည်တဲ့ Negative altitude သမားတွေမို့လို့၊ 

နံပတ်(၅) ခင်ဗျားတို့ ELEVEN Media Group တစ်ခုလုံး တတ်လို့ တော်လို့ အမှန်တရားကို မြတ်နိုးလို့ လုပ်စားတာမဟုတ်ပဲ ငတ်လို့လုပ်စားတဲ့ Pro စိတ်ဓာတ်ကင်းနေတဲ့ ငတ်ကျီးကျ ကောင်တွေဖြစ်လို့။။

Myanmar Express 

10 comments:

ELEVEN Media Group ဟာအမြဲတမ်းအစိုးရအပေါ်မကောင်းတဲ့သတင်းတွေသာရွေးချယ်ပြီးတင်ပါတယ် ၊ အစိုးရရဲ့ကောင်းတဲ့သတင်းတွေဆိုမတင်ပါဘူး။
သတင်းတွေဆိုရင်လဲ သူများသတင်းဋ္ဌာနတွေကသတင်းတွေခိုးပြီးတင်တာပါ။ပြီးတော့လဲ
ဘယ်သတင်းဋ္ဌာနနေကူးယူဖေါ်ပြတာမျိုးလဲမရှိပါဘူး ။မသိရင်တော့
သူတို့ELEVEN Media Group ကသတင်းထောက်တွေရတဲ့သတင်းလိုမျိုးထင်ယောင်ထင်မှားလုပ်နေတာပါ ။ comment ပေးတဲ့သူတွေဟာလဲသူတို့ staff တွေပါဘဲ ၊
အစိုးရကိုသရော်တာ။ အိမ်နီးချင်းမြန်မာနိုင်ငံနဲ့ ရင်းနီးတဲ့ တရုတ်နိုင်ငံအပေါ် ဝေဖန်သရော်တာတွေဆိုတာကိုအဓိကတွေ့ရပါတယ်။

ဒါကြောင့်ELEVEN Media Group ဟာ စစ်မှန်တဲ့သတင်းဋ္ဌာနတခုမဟုတ်ပါဘူး။ ခေတ်ပျက်တုံး ငတ်ပြတ်နေလို့လုပ်စားနေတာပါ ။ Irrawddy လဲဒီအတိုင်းပါဘဲ။
အပေါ်ယံတော့သတင်းဋ္ဌာန လို့ဆိုပေမဲ့ တကယ်တော့ တိုင်းပြည်မငြိမ်မသက်ဖြစ်အောင်အထင်တလွဲဖြစ်အောင်လုပ်နေကြတာပါ ။ ဒါကြောင့် ထိုသတင်းဋ္ဌာန ၂ ခုကိုသွားရောက်ဖတ်ကြည့်နိုင်သော်လဲ ၊ သူတို့သတင်းများမှန်မမှန်ကို
သေချာဝေဖန်စဉ်းစားတတ်ကြဖို့လိုအပ်ပါတယ်
..

အသိမကြွယ်ကြသေးတဲ့ ပြည်သူတွေကို ဘယ်မီဒီယာမှ မလှည့်စား သင့်ပါ။ စိတ်ရင်းအတိုင်း အကျိုးပေးကြမည်။

အရင်တုန်းကဆိုရင် elevenကိုကျွန်တော်သိပ်ကြိုက်ပါတယ် ဒါပေမယ့် အခုနောက်ပိုင်း ဖတ်ရတာ ဆောင်းပါးတွေက တဖက်သတ် အငြိုးတွေနဲ့ ရေးနေသလို ခံစားရတယ် ဒါက ကျွန်တော့် အမြင်ကို အပြုသဘောနဲ့. ရေးကြည့်တာပါ။

တိုင်းပြည်ကို မီဒီယာနှင့်ဖျက်ပြီး ကိုယ့်အကျိုးကိုရယူနေသော သတင်းဌာနလို့မြင်တယ်ဗျ

သမ္မတကို ထောက်ခံတဲ့ ဆန္ဒဖော်ထုတ်ပွဲ ကို eleven media ကဖော်ပြတာ photo news ဆိုပီး black & white ပုံသေးလေးနဲ့ .... ဒါကိုကြည့်တာနဲ့ eleven ရဲ့ရပ်တည်ချက်ကိုသိနိုင်တယ်....:-P

ဖားကန့်ဒေသမှာလဲ သတင်းအမှားတွေဖော်ပြနေတယ် kiaက ကားနဲ့လာလူနေအိမ်ထဲမှာ နေရာယူ မိုင်းခွဲစတင် ပစ်ခတ်လို့် အရပ်သား ထိမှန်တာကို တပ်ဖွဲ့ဝင်အချင်းချင်း မူးလို့ အချင်းချင်း မှားယွင်းပစ်ခတ်တယ်လို့ အင်မတန်မှားယွင်းစွာဖော်ပြထားပါတယ်။
ဖုန်းနဲ့ လှမ်းမေး ကချင်ဆီက သတင်းယူဆိုတော့ မဖြူနုက ရန်ကုန်ကထိုင်ရေးတော့
ကိုယ့်ကိုကိုယ် စတုတ္ထမာန်တိုင်ကြီးလို့ ကြွေးကျော်နေတဲ့ Eleven
ဖားကန့်သားတွေကခေါ်လိုက်မယ်
kia အလိုတော်ရိကြီး Eleven
Kia လက်ပါးစေ Eleven

Eleven သည် ယခင် ပွင်း လင်း မှု့ မ ရှိ ခင်
ကာ လ တုန်း က စောင်း မြောင် ထေ့ လုန်းေ တွ
နဲ့ ဖတ် လို့ ကောင်း လို့ အား ပေး ခဲ့ တာ
အ ခု လို အ ချိန် မှာ အ ပြု သ ဘော မ ဆောင် ဘဲ
ဆက် ပြီး အ စိုး ရ လုပ် သ မျှ အ ကောင်း မ မြင်
တတ် သေး ဘဲ မ သိ ကျိုး နွံ ပြြုပီး ဆရာ ကြီး လုပ်
နေ တုန်း ပါ လား
သူ တို့ Ceo ကို သမ္မတ အ ကြံ ပေး ခန့် လိုက် ပါ လား

ကျွန်တော်ကတော့ အဲ့ဒီဂျာနယ်ကို ၀ယ်ကို မဖတ်တော့ဘူး။ တစ်ဖက်သတ်ဆန်လို့။ အရင်အစိုးရတုန်းက သတင်းစာလိုပဲ။ အဲ့ဒီသတင်းစာဆိုလဲ အခုထိကို မဖတ်တော့ဘူး။ အခု eleven ကလဲ anti-government ဂျာနယ်ဖြစ်နေလို့ ရွံတယ်ဗျာ.. ကျွန်တော်တို့က သတင်းကို ဖတ်ချင်တာဗျ။ အတင်းတွေကို မဖတ်ချင်ဘူး။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်