Subscribe to our RSS Feed

KIA မှလူတွေအားလုံးကို ဒါကို သိစေချင်ပါသည် (ပေးစာ - ၁၇၂)

From : ကိုရောင်နီ


စစ်ပွဲတွေနဲ့ပတ်သက်ပြီး အစိုးရလုပ်ရပ်ကို ဝေဖန်ရဲတဲ့သူမရှိလို့ ကချင်စစ်ပြေးဒုက္ခသည်တွေအတွက် ရန်ပုံငွေရှာတဲ့သူတွေ ၊ ကိုယ့်အိတ်ထဲကထည့်စိုက်ပြီး လှူတဲ့သူတွေ ရှိနေရတာလား ။ မင်းတို့ ဦးနှောက်မသုံးဘဲ ဗမာမုန်းတီးရေးချည်း စွတ်ပြောနေတာကို တွေ့တဲ့ ဗမာတိုင်းက ကြိုက်မယ်ထင်လို့လား။ မင်းတို့တောင် မုန်းတတ်သေးတာ တခြားသူတွေလည်း မုန်းတတ်တယ်ဆိုတာမမေ့နဲ့လေ။ ရိုင်းတဲ့သူဆိုတာ ဘယ်လူမဆိုဖြစ်တတ်တယ်။ ရိုင်းတဲ့သူက ရိုင်းသလို ပြောလိမ့်မယ်။ မင်းတို့က မင်းတို့ရန်သူကိုတောင် ပြတ်ပြတ်သားသား ခွဲခြားပြီးမှ မမြင်တတ်ဘဲ။ မင်းတို့ စစ်တပ်ကို မုန်းချင်သလိုမုန်း .. ။ ဘယ်မြန်မာကမှ စိတ်မဆိုးဘူး။ မင်းတို့ကိုကောင်းကောင်းမွန်မွန် ပြန်ပြောပြနေတဲ့သူကိုလည်း မင်းတို့ရန်စွယ်ငေါငေါနဲ့ပြောတယ်။ ခါးခါးသည်းသည်း မုန်းတီးပြတယ်။ ဗမာတွေက မင်းတို့ ကိုးကွယ်တဲ့ ဘာသာကိုလည်း မပုတ်ခတ်ဘူး။ မင်းတို့ပြောတဲ့ ဘာသာစကားကိုလည်း မကောင်းဘူးလို့ မပြောဘူး။ မင်းတို့ယဉ်ကျေးမှုကိုလည်း မထေမဲ့မြင်မလုပ်ဘူး။ မင်းတို့ရိုးရာ ကချင်လုံချည်ဟာ ဗမာတွေအလွန်ကြိုက်တဲ့ အဝတ်အစားဖြစ်သလို မင်းတို့ရဲ့ မနောတိုင် ဒီဇိုင်းကိုလည်း (မင်းတို့အခေါ်တော့ ဗမာပေါ့ကွာ .. ဒါပေမယ့် ဘယ်လူမျိုးမဆိုဖြစ်တဲ့ .. ) လူတွေက မြတ်နိုးကြ ကြိုက်ကြတာဘဲ။ မင်းတို့ တိုင်းရင်းသား အနုပညာရှင်တွေဆိုရင်လည်း သူတို့ရဲ့ အနုပညာအစွမ်းကို ကြိုက်လို့ လူတွေကမြတ်နိုးကြတာဘဲ။ ..... မင်းတို့အဲဒါတွေ တစ်ခုမှမသိတာလား။ ဗမာလူမျိုးကြီးဝါဒ ဆိုတာသာ တကယ်ရှိရင် အဆိုတော် အယ်လ်ခွန်းရီရဲ့ သီချင်းတွေလည်း ငါတို့သိခဲ့မှာ ကြိုက်ခဲ့မှာ မဟုတ်ဘူး။ သူ့ရဲ့ နောက်မျိုးဆက် အနုပညာရှင်တွေကိုလည်း ဘယ်သူကမှသိမှာမဟုတ်ဘူး။ အယ်လ်ခွန်းရီမတိုင်ခင် ကေဂျာနူးခေတ်ကတည်းက ဗမာရော တခြားတိုင်းရင်းသားတွေပါ ကေဂျာနူးကိုလည်း နှစ်သက်ခဲ့ကြတာ..။ ဘယ်တိုင်းရင်းသား အနုပညာရှင်ဖြစ်ဖြစ် ဗမာအပါအဝင် တိုင်းရင်းသားတိုင်းက နှစ်သက်မြတ်နိုးကြတာ။ ရှမ်းတိုင်းသားအနုပညာရှင် စိုင်းခမ်းလိတ် နဲ့ စိုင်းထီးဆိုင်ဆိုတာ မြန်မာအပါအဝင် ကချင်မဟုတ်တဲ့တိုင်းရင်းသားတွေအားလုံးက အတော်ဆုံး အကြိုက်ဆုံး ဂီတပညာရှင်တွေအဖြစ်တန်ဖိုးထားကြတယ်။ ဗမာတွေသာ ဗမာမှဆိုတဲ့ ကျဉ်းမြောင်းတဲ့ အစွဲရှိရင် ဒီပုဂ္ဂိုလ်တွေ ဒီလို နိုင်ငံကျော်အဖြစ် တန်ဖိုးထားခံရမလား။ မင်းတို့တွေ .. အမြင်ကျယ်ကျယ် နေလို့ရတဲ့နေရာတွေမှာ နေချင်ရင်နေလို့ရပြီး လေ့လာချင်တိုင်းလေ့လာလို့ အသိဉာဏ်ကြီးအောင်လုပ်လို့ရလျက်နဲ့ သိမ်းကြုံးပြီး လူမျိုးရေးမုန်းတီးမှု သက်သက်ဘဲပြောနေတာ ခေတ်ကုန်တာ ခေတ်တုံးတာ မဟုတ်ရင်ဘာလဲ။ ဖြေစမ်း။ မင်းတို့အသိဉာဏ်တိမ်တာ .. တုံးတာ အကြောင်းမဟုတ်ဘူး။ မင်းတို့လို အခွင့်အရေးတွေမရတဲ့ အောက်ခြေက တိုင်းရင်းသား ပြည်သူတွေ .. မလိုအပ်တဲ့ မုန်းတီးမှုတွေအောက်မှာ အမှန်မြင်ခွင့်မရဘဲ ဒုက္ခသည်ဘဝတွေကြာရှည်နေလိမ့်မယ်။ ဗမာတိုင်းက မင်းတို့ကို ကချင်တွေ မလိုချင်ဘူးလို့ ပြောတာရှိရင် သက်သေပြစမ်း။ တခြားတိုင်းရင်းသားတွေကရော ဗမာတွေက ကချင်ကို မျိုးတုန်းစေချင်တာသေချာတယ်ထင်ရင် သက်သေပြစမ်း။ ဘယ်တခြား တိုင်းရင်သားတစ်မျိုးမျိုးကို မင်းတို့ ချစ်တယ်ခင်တယ်လို့ ပြောနိုင်သလဲ။ တခြား ဘယ်တိုင်းရင်းသားတစ်ဦးဦးရဲ့ ပြဿနာတွေ ဒုက္ခတွေကို မင်းတို့်ကိုယ်ချင်းစာပြီး ကူညီပြနိုင်သလဲ။ တိုင်းရင်းသား ပြည်သူအများစုကြီး ခံစားနေရတဲ့ တရားမျှတမှုဆုံးရှုံးခြင်းကြောင့် ဖြစ်နေရတဲ့ အခက်အခဲပြဿနာတွေကို တခြားတိုင်းရင်းသားတွေ ပြည်သူတွေနဲ့အတူ လက်တွဲဖြေရှင်းဖို့ မင်းတို့ ဘယ်လောက် ကြိုးပမ်းခဲ့ဖူးသလဲ..။


Myanmar Express 

2 comments:

kia ခေါင်းဆောင်ဆိုတဲ့ပုဂ္ဂိုလ်များ ဘယ်မျက်မှန်မှမတတ်ဘဲ ဖြေပေးလိုက်ကြလေ။ ခင်ဗျားတို့ကိုယ်ကျိုးအတွက် အသိမကြွယ်သူတွေကို အသုံးမချပါနဲ့တော့ဗျာ။

ကေအိုင်အေ က ကောက်တဲ့ ဆက်ကြေး အကြောင်း ရေးကျပါဦး ဘက်ဟိုး တစ်စီး သိန်းတစ်ထောင်ကောက်တာ ၈၈ ကအဖွဲ့တွေ ခွဲတမ်းရလို့ ငြိမ်နေတာလား

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်