ပည်ပအခြေစိုက် ကချင်အမျိုးသားအစည်းအရုံး(KNO) သည် ကချင်ပြည်နယ်ကိုယ်ပိုင်အုပ်ချုပ်ရေးဆက် လက်ကြိုး ပမ်းနိုင်ရန် KNO (ထိုင်းနိုင်ငံ) အဖွဲ့ကို ဖွဲ့စည်းလိုက်သည်။
ထပ်မံဖွဲ့စည်းလိုက်သော KNO-Thailand (Kachin National Organization-Thailand) ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ရှိနေသော ကချင်အမျိုးသားများနှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) စစ်မှုထမ်းဟောင်း များအပါအ၀င် စက်တင်ဘာလ ၁၆-၁၇ ရက်အတွင်း ဆွေးနွေးဖွဲ့စည်းခဲ့ခြင်းဖြစ်
ကချင်ပြည်နယ်တွင် ကိုယ်ပိုင်အချုပ်အခြာအာဏာ ရရှိသည်အထိ တိုက်ပွဲဝင်သွားမည်ဆိုသည့် ရည်ရွယ်ချက် အောက်တွင် ဆွေးနွေးတိုင်ပင်၍ သဘောတူဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ကချင်အမျိုးသားအစည်းအရုံး (KNO) ပေါ်လစီ အတွင်း၌ ညီညွတ်စွာ ပါဝင်သွားမည်ဖြစ်ကြောင်းသိရသည်။
မြန်မာအစိုးရသစ်ဖွဲ့စည်းခဲ့ပြီး
အဆိုပါ ချင်းမိုင်တွင် သီးသန့်ဖွဲ့စည်းလိုက်သော ကချင်အမျိုးသားအစည်းအရုံး (KNO) ကို ဥက္ကဋ္ဌ ဦးကရဲန်ခေါင်ဟောင်း (Kareng Hkawng Hawng)၊ ဒုတိယ တာဝန်ခံအနေဖြင့် ဦးလရှီးဘရန်နူး (Lashi Brang Nu) နှင့် အင်ခွမ်ဇော်ဂရောင် (Nhkum Zau Grawng)၊ အတွင်းရေးမှုး နန်ဇိန်နော်လောန် (Nangzing Naw Lawn)၊ ဒုအတွင်းရေးမှူးအား လရှီးဂမ် (Lashi Gam) နှင့် အင်ခွမ်ဇော်ဂမ် (Nhkum Zau Gam) တို့ဖြစ်ကြောင်း ကြေငြာချက်တွင် ထုတ်ပြန်ခဲ့သည်။
ပြည်ပ အခြေစိုက် ကချင်အမျိုးသားအစည်းအရုံး KNO သည် အစိုးရတပ်နှင့် တိုက်ပွဲဖြစ်ပွားနေသော KIO နှင့် အတူတကွ ပူးတွဲလုပ်ဆောင်သွားရန် ၂၀၁၂ ဇွန်လပိုင်းတွင် လိုင်ဇာ (Laiza) ဌာနချုပ်၌ နှစ်ရက်ကြာတွေ့ဆုံ ဆွေး နွေးခဲ့ပြီးနောက် သဘောတူပူးပေါင်းဖွဲ့စည်းခဲ့ခြင်
Myanmar Express
2 comments:
ငြိမ်းချမ်းရေးမယူပဲ ပြည်ပမှာတောင်းစားမှာလား တိုက်ချင်ရင်ပြည်တွင်းပြန်ဝင်တိုက် မတိုက်နိုင်ဘဲပြည်ပကနေပြီးငြိမ်းချမ်းရေးမယူဘူး ဘာညာနဲံ့ တိုက်လားဆိုတော့ တိုက်စရာမရှိဘဲနဲ့ နေရာရာထူးညာယူနေ ကြ တာ
ဆက်ကြေးတွေ အတင်းအဓမ္မကောက် မပေးရင် သေနတ်နဲ့ ပစ် ကျပ်သိန်းပေါင်း သိန်း သန်းချီ ရတဲ့ ငွေတွေနဲ့ ခင်ဗျားတို့ သား သမီးတွေ ဆွေမျိုးတွေကို နိုင်ငံခြားမှာ ဘာစောက်လုပ်မှမလုပ်ဘဲ နေကျတာ အဲဒါ မင်းတို့ လိုချင်တဲ့ ကချင်ပြည်နယ်လူထု ကောင်းစားရေးလား မင်းတို့ ဆက်ကြေးကောက်တာ ကချင်ပြည်နယ်က လူတွေ အကုန်သိတယ် မင်းတို့ အမျိုးတွေကလွဲပြီးပေါ့ ကချင်ပြည်နယ်မှာ မင်းတို့ ကချင်တွေချည်းပဲနေတာ မဟုတ်ဘူး စောက် Eleven က ဒီလိုသတင်းတွေ ဆက်ကြေးကောက်တာ လူတွေဖမ်းတာတွေ ဘယ်တော့မှ မရေးဘူး အစိုးရ မကောင်းကြောင်းရေးဖို့တော့ ထိပ်ဆုံးက ကေအိုင်အေ တွေ မင်းတို့ ပြောနေကျ စကားနဲ့ ပြောလိုက်မယ် ဘုရားရိုက်လိမ့်မယ်
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်