Subscribe to our RSS Feed

KNU နှင့် အစိုးရ ကျင့်ဝတ်ဆိုင်ရာ သဘောတူညီမှု ရယူ


From : ပေါ်ပြူလာ

ကရင်အမျိုးသား အစည်း အရုံး-ကေအင်န်ယူနှင့် အစိုးရ တို့ တတိယအကြိမ် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲတွင် ကေအင်န်ယူမှ ရေးဆွဲတင်ပြ သောနှစ်ဦးနှစ်ဖက် လိုက်နာ ရမည့် ကျင့်ဝတ်များ အား နှစ်ဖက်စလုံးမှမူအားဖြင့် သဘောတူညီမှု ရရှိခဲ့သည်ဟု သိရသည်။''နှစ်ဖက်လိုက်နာရမယ့် ကျင့် ဝတ်တွေကို ကေအင်န်ယူက ရေး ဆွဲပြီးတင်ပြတယ်။ အဲဒီဟာကို ဆွေးေ
နွး၊ ပြင်ဆင်၊ ဖြည့်စွက်ပြီး တော့ဒုတိယမူကြမ်းကို ထပ်ဆွေး နွေးကြတယ်။ အဲဒီကျင့်ဝတ် ဒုတိယ မူကြမ်းကို
နှစ်ဖက်စလုံး မူအား ဖြင့် သဘောတူကြပါတယ်'' ဟု ကေအင်န်ယူပြောရေးဆိုခွင့်ရှိသူ မနော်မေဦးက ပြောသည်။
ဆွေးနွေးပွဲတွင် ပြည်သူလူထု ၏ ဘဝလုံခြုံမှုကို အာမခံပေးနိုင် သောနှစ်ဦးနှစ်ဖက် လိုက်နာရမည့် ကျင့်ဝတ်များနှင့် တပ်အရွှေ့ အပြောင်းကိစ္စရပ်များကို အဓိက ဆွေးနွေးခဲ့ကြသည်ဟု ၎င်းက ဆို သည်။

မူအားဖြင့်သဘောတူညီခဲ့ ကြသော ကျင့်ဝတ်ဒုတိယမူကြမ်း တွင် နယ်မြေစိုးမိုးရေး၊လူ့အခွင့် အရေးချိုးဖောက်မှုနှင့် ပြည်တွင်း ဒုက္ခသည်(IDP) ၏ အဓိပ္ပာယ်ဖွင့်ဆိုချက် စသည်တို့ ပါရှိပြီး အပစ် အခတ်ရပ်စဲရေး ကာလအတွင်းနှစ်ဖက်တပ်ဖွဲ့များ အနေဖြင့် မြေ မြှုပ်မိုင်း လုံးဝထပ်မံ အသုံးမပြုရန်တို့ ပါရှိသည်။

ထို့အပြင်စစ်ပြေးဒုက္ခသည် များ နေရပ်ပြန်လာရေးအတွက် မိုင်းရှင်းလင်းရေး လုပ်ငန်းများနှင့် ပတ်သက်၍လည်း ''အချို့နေရာတွေ မှာတော့မိုင်းရှင်းပေးမှ ဖြစ်မယ်။ ဒါမှ ပြည်သူတွေက ပြန်လာရဲမှာ။ နေရာအတိအကျတော့မသတ်မှတ် ရသေးဘူး'' ဟု မနော်မေဦးက ပြောသည်။
ဆွေးနွေးပွဲတက်ရောက် ခဲ့သူကရင်အမျိုးသမီး ဖွံ့ဖြိုးတိုး တက်ရေးမှ ဒေါ်စူစန်နာလှလှစိုးကဆွေးနွေးပွဲရလဒ်နှင့် ပတ်သက်၍ ကျေနပ်မှုရှိသော်လည်း မိုင်းရှင်းလင်းရေးလုပ်ငန်းကို အမြန်ဆုံး အကောင်အထည်ဖော်ရန် လို ကြောင်းပြောသည်။''နှစ်ဖက်စလုံးက (မြေမြှုပ်) မိုင်းတွေ သုံးခဲ့တာပဲလေ။ အခုအခြေအနေမှာတော့ လုံးဝ (မြေမြှုပ် မိုင်း) ထပ်မသုံးဖို့ရယ်၊မြေမြှုပ်မိုင်း ရှင်းလင်းပေးဖို့ရယ်က အရေးကြီး ပါတယ်'' ဟု ၎င်းကပြောသည်။

ယခု ဆွေးနွေးပွဲတွင် နှစ်ဖက် စလုံး မူအားဖြင့် သဘောတူညီခဲ့ ကြသောကျင့်ဝတ်များနှင့် တပ် အရွှေ့အပြောင်းကိစ္စရပ်များအတွက် ထပ်မံတွေ့ဆုံညှိနှိုင်းခြင်းအားဖြင့် ပိုမိုကောင်းမွန်သော ကျင့်ဝတ်စည်း ကမ်းများနှင့်ခိုင်မာသော အပစ် အခတ်ရပ်စဲရေး ဖြစ်ပေါ်လာလိမ့် မည်ဟု ယူဆထားကြောင်း မနော်မေဦးက ပြောသည်။ပြည်ထောင်စုအစိုးရနှင့် ကေ အင်န်ယူတို့ကြား ပထမဆုံးအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဧပြီလအတွင်းက ရန် ကုန်တွင်ပြုလုပ်ခဲ့ပြီးနောက် ယခုအချိန်အထိ ကေအင်န်ယူ ဆက်ဆံရေးရုံး လေးခုကိုဖွင့်လှစ် ထားခဲ့ပြီး ဖြစ်သည်။

Myanmar Express

2 comments:

အလကားကရင်မတွေ စောက်ရမ်းတောင်း ဆိုနေတယ် နင်တို့ တပ်တွေက နယ်စပ်ကို ပြေးနေရတာလေ ဘယ်မှာလည်း အမာခံ စခန်းတွေ

စစ်ရေးက ပြေးနေရတာကို သူတို့ကိုသူ တို့ တော်တော်အသာစီးရနေတယ် ထင်နေတယ်။စကားပြော တော့ သောက်ရမ်း ဆွေးနွေးတော့ သောက်တလွဲ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ကို မိန်းမတွေ ဦးဆောင် နေတယ် ဆိုတော့ ကေအန်ယူက ယောက်ကျားတွေ က မယားကြောက် တွေပဲ သေချာပါတယ်
ဗိုမြကလည်း မရက ပဲလေ အစဉ်အလာကိုက မကောင်းတာ နောက်လူလည်း ဒိတိုင်းပေါ့။ဆွေးနွေးနေတဲ့ ဦးဆောင်နေတဲ့ မမတို့ရေ ကိုယ်ဒေသ လူမျိုးငိုယ်လည်း ကိုယ်ချင်းစာပါလို့ ပြောချင်ပါတယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်