မြန်မာနိုင်ငံတွင် ဝါရင့် professional မီဒီယာ သမား အများအပြားရှိပြီး ဂျာနယ်ပေါင်း ၁၀၀ ကျော် ရှိသော်လည်း အမေရိကန်မှ ပေးသည့် မီဒီယာသမားဆု ကို မီဒီယာသမား မဟုတ်သူ ဦးဇော်သက်ထွေး မှ ထူးဆန်းစွာ ရရှိသွားကြောင်း သတင်းရရှိသည်။
လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့မှ ပေးအပ်သည့် ယင်းဆုအား စက်တင်ဘာ ၁၄ ရက်တွင် မေးလ်ဖြင့် ဆုရရှိခဲ့ကြောင်း အကြောင်းကြားပေး ပို့ခဲ့ပြီး၊ ဆုချီးမြှင့်ငွေမှာ အမေရိကန်ဒေါ်လာ ၆၀၀၀ ဖြစ်ကြောင်းနှင့် ဆုလက်ခံ ရရှိရန်အတွက် အမေရိကန်နိုင်ငံသို့ သွားရောက်၍ အခမ်းအနားနှင့် လက်ခံ ရန်၊ အမေရိကန်သို့မလာဘဲ မြန်မာနိုင်ငံ၌ပင် လူသိရှင်ကြား လက်ခံရန်နှင့် တိတ်တဆိတ်ဆုလက်ခံ ယူရန် မေးထားရာ အကြောင်းမပြန်ရသေးကြောင်း ဆုရရှိသူ ဦးဇော်သက်ထွေးကပြောသည်။
“ဒီလိုမျိုး လူ့အခွင့်အရေး အတွက် ကိုယ်ကျိုးစွန့်ပြီး လုပ်လို့ ဒီဆုရရှိတဲ့ အတွက် လည်း ၀မ်းသာပါတယ်။” ဟု ၄င်းကဆက်ပြောသည်။ သို့သော် ဘယ်လို ကိုယ်ကျိုးစွန့်ပြီးလုပ်ခဲ့တယ်ဆိုတဲ့အကြောင်းနှင့် ဘာတွေ အဆုံးရှုံး အနစ်နာခံပြီးလုပ်ခဲ့ရတယ်ဆိုတဲ့အကြောင်းကိုတော့ ပြောဆိုခြင်း မရှိခဲ့ပေ။
လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ခန့်က “Hellman-Hammell Dramt Award” ဆု ကို မြန်မာနိုင်ငံမှ မီဒီယာ သမား မဟုတ်သူ လူရွှင်တော် ဇာဂနာမှ လက်ခံရရှိခဲ့ကြောင်းသိရသည်။
ဒေါ်အောင်ဆန်းစုကြည်၊ ဇာဂနာ နှင့် ဦးဇော်သက်ထွေး အပါအဝင် မြန်မာ အတိုက်အခံ အများအပြားတွင် ဆုပေါင်းများစွာ ရရှိထားပြီး ဖြစ်ပြီး ၉၉.၉ ရာခိုင်နှုံးမှာ အမေရိကန်၊ အင်္ဂလန် နှင့် နော်ဝေ နိုင်ငံ တို့ ကသာ ဖြစ်နေပြီး ကမ္ဘာပေါ်ရှိ အခြား နိုင်ငံပေါင်း ၁၃၀ ကျော်က ၎င်း တို့ကို ဂုဏ်ပြုဆုပေးခြင်းမျိုး လုံးဝ မရှိကြောင်း သိရသည်။
Myanmar Express

2 comments:
အရူး ဘုံမြှောက် -----ကောက်စား ဆိုသလိုပါဘဲ
These prizes ...mostly,to be awarded, needs to be nominated by somebody or you can apply by yourself with application.Mostly insider friends nominate for their friends.And you are going to see more soon...!!!!!
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်