Subscribe to our RSS Feed

အပြန်အလှန်မေတ္တာထားနိုင်ကြရင် ကမ္ဘာကြီးက ငြိမ်းချမ်းပါတယ်ဟု သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ပြော

From : hot news



သာသနာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး သရေစည်သူ ဦးဆန်းဆင့်သည် ၂၀၁၃ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇)ရက်နေ့ ယနေ့ မနက်(၁၀း၀၀)နာရီက ရန်ကုန်မြို့၊ ဗိုလ်တစ်ထောင်မြို့နယ်ရှိ YMCA အခန်းမတွင် ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြောင်းသိရှိရသည်။ `ဘာသာမရွေး၊ အသားအရောင်မရွေး၊ အရပ်အနိမ့်အမြင့်မရွေးဆိုပြီး ခွဲခြားမထားသင့်ပါဘူး။ တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် မေတ္တာထားနိုင်ကြရင် ကမ္ဘာကြီးက ငြိမ်းချမ်းနေမှာပါ´ဟု သာသနာရေးဝန်ကြီး ဦးဆန်းဆင့်မှ အဆိုပါခရစ်ယာန်ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံစဉ်တွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။သာသနာရေးဝန်ကြီး ဦးဆန်းဆင့်သည် ၂၇.၂.၂၁၁၃ မနက်ပိုင်း ၁၀နာရီတွင် ခရစ်ယာန်ဘာသာဝင်များနှင့်တွေ့ဆုံပြီး ယင်းနေ့နေလည် ၂း၀၀နာရီအချိန်တွင် အခြားသော ဟိန္ဒူနှင့် မူစလင်ဘာသာဝင်များကို သွားရောက်တွေ့ဆုံဖို့ရှိကြောင်း သိရှိရပါသည်။

 www.MyanmarExpress.net
 

5 comments:

Good job USS. I am keen to know what muslin leader and their follower from Arakan region say back to you when you give your kind heart.

်အမှန်ကန်ဆုံ့း အဖြစ်သင့်ဆုံး မှတ်ချက်မို့ကြိုဆိုပါတယ် တိုင်ပြည်တိုးတက်ေ၇းအတွက် ဒီလူမျိုးဘာသာခွဲခြားမူဟာ ဒီ၇ာစုသစ်မှာမ၇ှိသင့်တော့ပါဘူး။
Thank you minister,

ဘာသာရေးအစွန်းရောက်တွေကိုတော့နိပ်ကွတ်ကြမှကမ္ဘာကြီးငြိမ်းငြိမ်း ချမ်းချမ်းဖြစ်မှာ

USAကိုကြည့်လိုက်ပေါ့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်