Subscribe to our RSS Feed

ရခိုင်ပြည်နယ် အတွင်း မဟာစင် မုန်တိုင်းရှောင် ပြည်သူများအား ဆေးဝါး ကုသပေး

From : ..mwd


ရခိုင်ပြည်နယ် အတွင်း မဟာစင် မုန်တိုင်း အန္တရာယ်မှ တိမ်းရှောင် လာကြသော ဒေသခံ ပြည်သူ လူထု အား နယ်မြေခံ တပ်များရှိ ဆေးကုသရေး အဖွဲ့များက ဆေးဝါး ကုသပေးလျက် ရှိရာ ယနေ့တွင် စစ်တွေမြို့နယ်၊ အဓိဋ္ဌာန် ဘုန်းတော်ကြီး ကျောင်းနှင့် စိတ္တသုခ ကမ္မဋ္ဌာန်း ကျောင်းတိုက်၌ ခေတ္တ ရောက်ရှိတည်းခို  နေသော မုန်တိုင်းရှောင် ပြည်သူ ၂၃၂ ဦးအား လည်းကောင်း၊ စစ်တွေမြို့၊ နယ်မြေ ခံ တပ်တွင် ခေတ္တ တည်းခိုသည့် အုန်းတောလေး ကယ်ဆယ်ရေး စခန်းမှ မုန်တိုင်းရှောင် ပြည်သူ ၅၇ ဦးအား လည်းကောင်း၊ မောင်တောဒေသ၊ ကညင်တန်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်းရှိ မုန်တိုင်းရှောင် ပြည်သူ ၁၅၂ ဦးအား လည်းကောင်း၊ ၄ မိုင် အခြေခံပညာ အလယ်တန်းကျောင်းရှိ မုန်တိုင်းရှောင် ပြည်သူ ၂၆၃ ဦးအား လည်းကောင်း၊ ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်၊ မူလာရာ မ ပရိယတ္တိ စာသင်တိုက်ရှိ မုန်တိုင်းရှောင် ပြည်သူ ၁၈၅ ဦးအား လည်းကောင်း ကျန်းမာရေး ဆေးကုသမှု စောင့်ရှောက်ပေးခြင်း၊ အစားအစာနှင့် ရေ ထောက်ပံ့ ပေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။

.. www.MyanmarExpress.net
 

1 comments:

မိတ္ထီလာ အရေးမှာ ၈၈ မင်းကိုနိုင် ပြောသွားတယ်
`` ခင်ဗျားတို့  စစ်ဖိနပ်အောက်ပြန်ရောက်ချင်လား ´´ ဆိုပြီး တပ်နဲ့ ပြည်သူကို သွေးခွဲတယ် ၊ တပ်ကို ဂုဏ်သိက္ခာ ညိုးနွမ်းအောင်ပြောတယ်။ မိတ္ထီလာကိစ္စမှာေ၇ာ ၊ယခုမဟာစင်မုန်တိုင်း မှာရော တပ်မတော် ၏လုပ်ရပ်တွေ ၊တွေ့ တဲ့အတိုင်းပဲ ။
`` တပ်မတော်သည် ၊အမျိုသားရေးကို ဘယ်တော့မှသစ္စာမဖေါက် ´´

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်