Subscribe to our RSS Feed

နိုင်ငံတော်သမ္မတဦးသိန်းစိန် အမေရိကန် ပြည်ထောင်စုသို့ရောက်ရှိ

From : ..president office


နေပြည်တော် မေ ၁၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အမေရိကန် ပြည်ထောင်စုသို့ အလုပ်သဘောခရီး သွားရောက်ရန်အတွက် မေ(၁၇)ရက်ညပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့်ထွက်ခွာခဲ့ရာ မေ(၁၈)ရက်နံနက်ပိုင်းတွင် ကိုရီးယား သမ္မတနိုင်ငံ ဆိုးလ်မြို့ရှိ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသည်။
       
နိုင်ငံတော်သမ္မတအား ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး၊ စစ်သံမှုးနှင့် သံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားနိုင်ငံ သံအမတ်ကြီးနှင့် ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကြိုဆိုကြသည်။
       
ထို့နောက် နိုင်ငံတော်သမ္မတသည် ကိုရီးယားလေကြောင်းခရီးစဉ်ဖြင့် ဆက်လက် ထွက်ခွာခဲ့ရာ မေ (၁၈) ရက် ဒေသစံတော်ချိန် နံနက် (၁၁) နာရီ (၁၅) မိနစ်တွင် အမေရိကန် ပြည်ထောင်စု ဝါရှင်တန်မြို့တော်သို့ရောက်ရှိသည်။
      
နိုင်ငံတော်သမ္မတအား  အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသန်းဆွေ နှင့် သံရုံးဝန်ထမ်းများ၊ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ များက ကြိုဆိုကြသည်။
       
ထို့နောက် နိုင်ငံတော်သမ္မတသည် ခေတ္တတည်းခိုမည့် Four Seasons ဟိုတယ်သို့ မော်တော်ယာဉ်ဖြင့် ရောက်ရှိသည်။           
       
ညနေပိုင်းတွင် နိုင်ငံတော်သမ္မတသည် ဝါရှင်တန်မြို့ရှိ အမေရိကန်သမ္မတဟောင်း အေဘရာဟင်လင်ကွန်း အထိမ်းအမှတ်အဆောက်အအုံကို သွားရောက်ကြည့်ရှု လေ့လာသည်။ 
 

.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်