From :
..voa
.
မြန်မာနိုင်ငံမှာ အကျဉ်းထောင်တွေထဲကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ အမြဲတိုက်တွန်းနေတဲ့ အမေရိကန် ပြည်ထောင်စုဆီ သမ္မတဦးသိန်းစိန် မလာခင်လေး မှာ နိုင်ငံရေးအကျဉ်းသား ၂၀ ကျော်ကို မြန်မာ အာဏာပိုင်တွေ က ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီလို လွှတ်ပေးလိုက်တဲ့ အပေါ်မှာ အမေရိကန်အစိုးရက ကြိုဆိုလိုက်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဌာန မှာ သောကြာနေ့က လုပ်ခဲ့တဲ့ သတင်းစာရှင်းပွဲမှာ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Jan Psaki (စာကီ) က ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွှတ်ပေးဖို့ လိုတယ်ဆိုတာကိုလည်း ခုလိုပြောပါတယ်။
“နိုင်ငံရေးအကျဉ်းသား ၂၀ လောက်ကို ပြန်လွှတ်ပေးလိုက်တယ်ဆိုတဲ့ သတင်းတွေ အပေါ်မှာ ကြိုဆိုပါတယ်။ အခုဆိုရင် စုစုပေါင်း ပြန်လွှတ်ပေးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားပေါင်းက ၈၅၀ ကျော်သွားပြီလို့ထင်ပါတယ်။ ”
ဒီမိုကရေစီစနစ် တိုးတက်ခိုင်မာရေးဆောင်ရွက်မှုတွေမှာ ရင်ဆိုင်နေရဆဲ စိန်ခေါ်မှုတွေကို သမ္မတဦးသိန်းစိန်နဲို့အိမ်ဖြူတော်မှာ မေလ ၂၀ ရက်နေ့ တွေ့ဆုံတဲ့ အခါမှာ သမ္မတ Barack Obama ဘက်ကဆွေးနွေးဖို့ စိတ်အား ထက်သန်နေတဲ့အကြောင်းကိုလဲ အိမ်ဖြူတော်က သတင်းထုတ်ပြန်ထားပါတယ်ရှင်။
. www.MyanmarExpress.net

2 comments:
အစိုး၇ကို အသားလွှတ်ဆဲတာ နိင်ငံေ၇းမဟုတ်ဘူး။ဗုံးခွဲတာ
နိင်ငံေ၇းမဟုတ်ဘူး။အစိုး၇ကအဖြူဆို၇င်ကိုယ်ကအမဲ လျောက်လုပ်နေတာ နိင်ငံေ၇းမဟုတ်ဘူး။သူကြီးနွားပျောက်
လို့ပိုက်ဆံယူပြီးဆန္ဒပြပေးတာ နိင်ငံေ၇းမဟုတ်ဘူး။ထောင်
အကြိမ်ကြိမ်ကျတာကို ဖက်၇ှင်ကြီးတခုလို လုပ်နေတာ နိင်ငံ
ေ၇းမဟုတ်ဘူး။အထဲေ၇ာက်တော့မှ မျက်ေ၇ လေးစမ်စမ်းနဲ့
ဇာတ်နာအောင်လုပ်မနေကြနဲ့ ငါ့၇ှင်တို့။ခေတ်ကြီးကပြောင်း
သွားပြီ။ပြည်သူတွေ မအတော့ဘူး။
ဖိုးဖိုးကြီးပြောတာမှန်တယ်။သည်ခေတ်ကထောင်မကျဘူး၇င်။ဆန္ဒမပြဘူး၇င်ခေတ် မမှီတော့သလိုဘဲ။တယ် မျက်နှာငယ် ၇တာဘဲ။ကောသလမင်းကြီးအိပ်မက် ၁၆ ချက်တော့ မှန်နေပြီလားမသိ။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်