နှစ်ပေါင်း ၅၀ နီးပါး အတွင်း မြန်မာ သမ္မတ တစ်ယောက်ကို အမေရိကန် အိမ်ဖြူတော်က ပထမဆုံး အကြိမ် ဖိတ်ခေါ်ခဲ့တဲ့ ခရီးစဉ် အတွက် သမ္မတ ဦးသိန်းစိန်ဟာ သောကြာနေ့က ဝါရှင်တန် မြို့တော်ကို ထွက်ခွာ သွားပါပြီ။
သမ္မတ အိုဘားမားနဲ့ မေလ ၂၀ ရက်နေ့ ကျရင် အိမ်ဖြူတော်မှာ တွေ့ဆုံ မယ်လို့ အမေရိကန် အစိုးရ ဘက်က ထုတ်ပြန်ပေမဲ့ ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး မြန်မာ အစိုးရ ဘက်ကတော့ တစုံတရာ ထုတ်ပြန်တာ မရှိ ပါဘူး။
ညသန်းခေါင် အချိန်လောက်မှာ ကိုရီးယား လေကြောင်း ခရီးစဉ်နဲ့ အမေရိကန် ပြည်ထောင်စုကို ထွက်ခွာ သွားတာပါ။ ။
သမ္မတရဲ့ ဒီခရီးစဉ်မှာ သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်း အပြင် နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ပြည်ထဲရေး၊ စွမ်းအင်၊ ကျန်းမာရေးနဲ့ ပြန်ကြားရေး စတဲ့ ဝန်ကြီး ဌာန တွေက ဝန်ကြီးနဲ့ ဒုတိယ ဝန်ကြီး ၁၀ ယောက်ကျော် ပါဝင်တယ်လို့ အစိုးရနဲ့ နီးစပ်သူ တစ်ယောက်က ပြောပါတယ်။
သမ္မတ ဦးသိန်းစိန်ဟာ အမေရိကန် ပြည်ထောင်စုကို မေလ ၁၈ ရက်နေ့မှာ ရောက်ရှိမှာ ဖြစ်ပြီး အဲဒီနေ့ မှာပဲ ဝါရှင်တန်မှာ ရှိတဲ့ မြန်မာ သံရုံး မိသားစု တွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။
မေလ ၁၉ ရက် တနဂနွနေ့ မှာတော့ ဝါရှင်တန်မြို့ ဗွီအိုအေရဲ့ အစီအစဉ်နဲ့ အမေရိကန်ရောက် မြန်မာ တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
နောက်တနေ့ တနလာန့ မနက်မှာ သမ္မတ အိုဘားမားနဲ့ တွေ့ဆုံပြီးတဲ့အခါ ညနေပိုင်း မှာတော့ ဂျွန်ဟော့ပ်ကင်းစ် တကသိုလ် အဆင့်မြင့် နိုင်ငံတကာ လေ့လာရေး ဌာနမှာ မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေး နဲ့ အမေရိကန် မြန်မာ ဆက်ဆံရေး အကြောင်း သမ္မတကြီးဦးသိန်းစိန်မှ ဟောပြော မှာ ဖြစ်ပါတယ်။
ညပိုင်းမှာတော့ အမေရိကန် အာဆီယံ စီးပွားရေး ကောင်စီက တည်ခင်းတဲ့ ညစာ စားပွဲကို တက်ရောက်မှာပါ။
ဦးသိန်းစိန်ရဲ့ ဒီခရီးစဉ်အတွင်း အမေရိကန်နဲ့ မြန်မာ နှစ်နိုင်ငံ အကြား စီးပွားရေး ဆိုင်ရာ သဘော တူညီချက် တခိျု့ ကိုလည်း လက်မှတ် ရေးထိုးဖို့ ရှိတယ် ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။
မြန်မာ ဘက်က ကာကွယ်ရေးနဲ့ ပြည်ထဲရေး ဝန်ကြီးတွေ ဒီခရီးစဉ်မှာ လိုက်ပါ သွားတာကို ကြည့်ရင် စစ်ဘက်နဲ့ လုံခြုံရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု တွေကိုလည်း ဆွေးနွေး လိမ့်မယ်လို့ မျှော်လင့်ရ ပါတယ်။
သမ္မတဦးသိန်းစိန်နဲ့ အဖွဲ့ဟာ မေလ ၂၁ ရက် နေ့မှာ အမေရိကန် ပြည်ထောင်စု ကနေ မြန်မာ နိုင်ငံကို ပြန်လည် ထွက်ခွာ လာဖို့ ရှိပါတယ်။
.. www.MyanmarExpress.net

.jpg)
14 comments:
သမ္မတကြီးကျမ်းမာပါစေ
ဟိုမှာ ငတ အောင်ဒင် ဆရာကြီးလုပ်နေတာ သမ္မတ လာတာများသူကမကြိုက်ဖူးလေးနဲ့ သူကိုကြေးနီတောင်ကိစ္စလိုမျိုးလာတာဝန်ယူလို့ပြောလိုက်စမ်းပါ ကျက်သရေတုန်းစကားတွေ 969ကိုများအရေးယူခိုင်းနေသေးတယ် စောက်ရူး
သမ္မတကြီးနှင့် အဖွဲ့ ခရီးစဉ် ချောချောမွတ်မွတ် အောင်မြင် ပါစေ။
Officers committing corruption r everywhere.Authorities n cronies invading fields r everywhere.Public r still suffering troubles given by them!Where the changes?For show?Take actions is nothing!Still look like the time army govt. destroyed the nation.
သမ္မကြီး ခရီးစဉ် အောင်ပါစေ ဘေးကင်းပါစေ ကျန်းမာပါစေ
ဟစ် စ ဘို လာ တို့ အယ် လ ကိုက် တာ စစ် သွေး ကြွ တွေ ထက် ဆိုး တဲ့ က မ္ဘာ့ ရန် သူ တွေ ဟာ က ချင် သူ ပုန် ဝ သူ ပုန် ရှမ်း သူ ပုန် တွေ ပါ ဘဲ သူ တို့ က ဘိန်း စိုက် ကြ ပါ တယ် တ ကမ္ဘာ လုးံ ကို ဖြန့် ပါ တယ် နောက် က ကြိုး ကိုင် တာ က တော့ တ ရုတ် ကြိး ပါ ဘဲ သူ ပုန် တွေ ကို အ စစ အ ရာ ရာ ထောက် ပံ့ ပေး ထား ပါ တယ် တိုက် ခြင်း တိုက် ရင် ကမ္ဘာ့ ရန် သူ ဖြစ် တဲ့ ဝ က ချင် ရှမ်း သူ ပုန် တွေ ကို တိုက် ရ မှာ ပါ ကမ္ဘာ့ ဘိန်း ဘု ရင် တွေ ပါ
Welcome the goodwill visiting of Myanmar President U Thein Sein and his Cabinet to US with many hopes for our nation. I assure that President's visiting to US will be more beneficial our country. U Thein Sein Government is the best in our history after World War 2 till today in Myanmar seen by my eye along this period.
ကင် ဆာ ဆို ရင် မ ခွဲ ကြ ပါ နဲ့ သေ ဘို့ ရာ တ ဝက် ရောက် သွား တာ ပါ ဘဲ ဆေး သွင်း တာ လဲ သိပ် မ ထိ ရောက် ပါ လေ ဖြတ် ရတာ နဲ့ နူန်း ချိ ရ တာ နဲ့ ညောင်း ညာ ကိုက် ခဲ ပြိး လေ ဖြတ် တော့ တာ ပါ ဘဲ ကင် ဆာ ကို ဧမာ ဆေး ရှာ ပြိး ကု ကြ ပါ ပခုက္ကူ တံ တား တောင် ဘက် ကန် တော ဘုန်း ကြိး ကျောင်း က A ပျောက် တယ် မုံ ရွာ ကန် သာ ကျောင် က ကင် ဆာ ပျောက် ပါ တယ် အ နောက် တိုင်းဆေး တွေ နဲ့ မ ကု ကြ ပါ နဲ့ ခွဲ တဲ့ ဆ ရာ ဝန် က လဲ ငွေ ရရင် ခွဲ မှာ ဘဲ ဆေး သွင်း တဲ့ ဆ ရာ ဝန် က လဲ ငွေ ရင် သွင်း မှာ ဘဲ သေ တာ သူ တို့ နဲ့ မ ဆိုင် ဘူး လေ
ဘာလဲဟ။ဒေါက်တာ၇မ်းကုကတမျိုး။နင့်ကြီးဒေါ်ကြီးလိပ်ခေါင်းဘဲအ၇င်ပျောက်အောင်ကုပါအုံး။
ဟဲ့ ငပေါ။ဆေးကုဖို့ ဘုန်းကြီးကျောင်းတွေ လွှတ်နေ၇လား။
ဘုန်းကြီး ဆေးမကု၇ဘူးလေ။ဝိနည်းကြောင့် အာပါတ် သင့်
ကုန်မှဖြင့်ကွာ။နေ၇င်းထို၈်၇င်းင၇ဲကြီးတော့မှာဘဲ။
သတင်းအ၇တော့ အ၇ပ်ဖက်လေယျဉ်ပျံ ကို၇ီးယား air လိုင်းနဲ့သွားသတဲ့။ဘယ်လောက်ချီးကျုးဖို့ကောင်းသလဲ။သူလိုငါလိုဘဲ
(အထူးလေယျဉ်ပျံမသုံးဘဲ)။ကြည်ညိုပြီး၇င်းကြည်ညိုလျက်ပါခင်ဗျာ။
Have a nice trip &pleasure.
ဟုတ်တယ် ငြိမ်းချမ်းရေး ဆိုတာထက် လုံးဝလက်နက်ချငြိမ်းချမ်းရေးယူ တာမျိုးကပိုကောင်းတယ်...မြန်မာနိုင်ငံမှာ ဘိန်းစိုက်စား နေတာသူတို့တွေဘဲ...ဘိန်းစိုက်စားနေမှန်း သိရက်နဲ့ ကျွန်တော်တို့အောက်ချေက သူတို့ကိုဘာမှလုပ်လို့မရဘူး..သိပ်ရင်နာဘို့ကောင်းတယ်...ရှမ်း ကယား နယ်စပ်လို့ ပြောလို့ရတဲ့ လအိ လဒိန် နမ်းဖာမူ ပင်လောင်အနောက် ဘက် ဆီဆိုင် ဘိုင်းယဉ် တကြော လုံး ဘိန်းဆိုက်စားတယ် ဘိန်းနဲ့ ချမ်းသာကြတယ်...သိရဲ့သားနဲ့ ဘာမှလုပ် လို့မရဘူး...ဝေးတခါမှ သွားဖျက် ကြတယ်...ရီစရာတော့ ကောင်းတယ် အတုန်းက ဘိန်းခင်းသွားဖျက်ကြတော့ ကျွန်တော် ဦးစီးအင်အား၂၀ တဖွဲ့ ပြီးတော့ စကခ ၇ လက်အောင်ခံ လွိုင်ကော်မြိုပေါ်က တပ်ရင်းတရင်း ပြီတော့ မြဝတီ ဝိုင်းတော်သားတွေနဲ့ ပျော်ပျော် ကြီးပေါ့...ဟိုရောက်တော့ ငြိမ်းချမ်းရေးအဖွဲ့တွေကလဲ အကျွေးအမွေးကရှယ်...ဧဝတ်ကျေကြတယ် ... ဘိန်းခင်းကြီးတွေကလဲ မျက်စိတဆုံး တောင်ကြောတဆုံး အသွေးအရောင် အမျိုးဆုံနဲ့ လှချင်တိုင်းကိုလှနေတာ...ပြဿနာက စဖျက်တဲ့နေ့မှာစတာဘဲ သူတို့စီကဗိုလ်မူးကလာငြိ့ တယ်၂၀၀ပေးမယ် ဘိန်းဆီချစ်ပြီသားအခင်းတွေကိုဘဲဖျက်သွား ဘယ်လိုလဲပေါ့ လာတာကအင်အားအပြည့်အစုံ ခဲယမ်းအပြည့်အစုံ...2000တုန်းက ၂၀၀နဲမှတ်လို့ ကိုယ်တွေအဖိုပြောတာပါ ဒါပေမဲ့ အဘ နဲ့ကငြှိ့ရအုန်းမယ် ခင်ဗျား ကိုတိုင်ပြောတာပိုကောင်းလိမ့်လို့ဘဲ ကျွန်တော် သူ့ကိုပြောလိုက်တယ်...ခဏနေတော့ ကျွန်တော် တဲကိုအဘနဲ့ သူ့လက်ဖြောင့်တွေရောက်လာတယ်..အဘ ကလဲသိပ်ရိုးသားတဲ့လူပါ ပိုက်ဆံ လို့တောင်မပြောရှာပါဘူး... မင်း သူ တို့ဆီကတခုခု ယူထားသေးလား လို့ဘဲမေးတယ် ကျွန်တော် တို့ကသီခြားအဖွဲ့ဆိုပေမဲ့ အဘ ရဲ့အုပ်ချုပ်မှု့အောက်မှာပါ အားလုံးကင်းပါတယ်လို့ပြောလိုက်မှ သူအထပ်ထပ်ဆုံးမပြီးမှ ပြန်သွားတယ်...ဒါပေမဲ့ မနက်တကယ်ဖျက်မယ် ဆိုတော့ တောင်ကုန်းပေါ်မှာ အင်အား၁၅၀၀, ၁၆၀၀လောက်က ကျွန်တော်တို့ကို ဝိုင်းထားကြတယ် ဒါဟာတကယ်အဖြစ်မှန် အဲ့တုန်းက ကျွန်တော့် လက်ထဲမှာ ၁၆ တလက် နဲ့ ကျည် ၂ဘောက် ဒါဘဲရှိတယ် ဒါတောင် ဒီသေနတ်က ကောင်းကောင်းမွန်မွန် ပစ်လို့ရရဲ့လားဆိုတာ ကျွန်တော် မသိဘူး...ဒါနဲ့ ကျွန်တော် အဘ ကိုဘဲအားကိုးရတော့တာပါဘဲ...နောက်ဆုံးတဆင့်ပြီးတဆင့် ဆက်တွေနဲ့ဆက်သွယ် အားလုံးလဲပြီးရော ရတဲ့ဟာသာဖျက် မှတ်တမ်းတင်ပြီးပြန်ခဲ့ပါ ဆိုပြီး ရပခ ညွှန့်ကြားလာခဲ့ပါတယ်...ကျွန်တော် နောက်မှသိရတာက အဒီအချိန် အဲ့ဒီဘိန်းဘုရင် ကျွန်တော့် အဘ ရဲ့ အဘ ရဲ့ အဘ နဲ့ ဂေါက်ရိုက်နေကြသတဲ့...အသက်၃၀အရွယ် ဘဝအမှတ်တရ
1-WELCOME OUR PRESIDENT U THEIN SEIN AND
THE MINISTERS AND THE GENERALS TO UNITED
STATES OF AMERICA.
2-WE WISH YOU A GREAT SUCCESS FOR OUR
COUNTRY AND FOR OUR PEOPLE.
3-WE WISH YOU TO ATTAIN MANY MUTUAL
AGREEMENTS WITH GOVERNMENT OF UNITED
STATES OF AMERICA FOR BENEFIT TO BOTH
COUNTRIES.
4-WE NEED OUR ARMED FORCES TO GET ULTRA
MODERN TECHNOLOGY AND TRAINING FROM THE
UNITED STATES OF AMERICA.
5-WE NEED TO EQUIP OUR ARMED FORCES
WITH ULTRA MODERN EQUIPMENTS.
6-REQUEST STAND FIRM ON OUR IMMIGRATION POLICY.
7-OUR COUNTRY BUILDING WITH OUR COUNTRY
MEN AND WOMEN.
8-UNITED STATES OF AMERICA BUILDING WITH
IMMIGRANTS.
9-THEREFORE OUR IMMIGRATION POLICY IS
TOTALLY DIFFERENT WITH SO MANY COUNTRIES
IMMIGRATION POLICY.
10-REQUEST TRY TO FIND WAYS AND MEANS
TO TRANSFER ALL ILLEGAL IMMIGRANTS TO
THIRD COUNTRIES SOONEST POSSIBLE.
11-WE ALL CAN LIVE PEACEFULLY WITH OUR
PEOPLE.BUT WE ALL NEED TO REMOVE ALL
DIFFERENCES AND DISTRUSTS.
12-REQUEST KINDLY ISSUE NEW MYANMAR
PASSPORTS AND VALID FOR TEN YEARS WITH
LESS PAPERWORK.
13-REQUEST KINDLY ALLOW DUAL CITIZENSHIP
FOR ALL MYANMAR;MAY APPLY SOME
RESTRICTIONS SUCH AS NOT ALLOW TO VOTE
WITHIN (---) YEARS AND NOT ALLOW TO SEEK
PUBLIC OFFICE WITHIN (---) YEARS BECAUSE
WE NEED TO PROTECT OUR COUNTRY AND OUR
PEOPLE.WE NEED BUILDERS FOR OUR COUNTRY
BUT WE DO NOT NEED DESTROYERS.
14-WE NEED MORE PEOPLE COME BACK TO OUR COUNTRY AND WE ALSO NEED TO STOP ALL
HUMAN DRAINS.WE BETTER REFILL OUR MAN
POWER BY MYANMAR AND NOT BY ILLEGAL
IMMIGRANTS.
WITH BEST WISHES FOR YOUR PLEASANT TRIP.
THANK YOU
WITH MYITTA...
Al DI WITH MYITTA SO DALT PHONE GYI KA TA MYO. HO SHOTE DI SHOTE.YE LAY MINGALAR SAUNG TAUNG PAR THAY.PYAY NAWADAY BRIDGE LU THET MHOOT BAR PHIT TWAR LAL. WITH MYITTA,SO
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်