Subscribe to our RSS Feed

မြန်မာအမျိုးသမီးအသင်း အိန္ဒိယကို နိုင်ခြေများဟု ဘောလုံးအဖွဲ့ချုပ်ပြော

From : ..dvb

အာရှဖလားခြေစစ်ပွဲဝင် မြန်မာအမျိုးသမီးဘောလုံးအသင်းဟာ မေ ၂၁ ရက် ညမှာ အိန္ဒိယလက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းနဲ့ ပွဲဦးထွက်ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး နိုင်ခြေရှိတယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။


မြန်မာအမျိုးသမီး ဘောလုံးအသင်း (ဓာတ်ပုံ - MFF)

ပါလက်စတိုင်းနိုင်ငံမှာ ဒီနေ့ည ကစားမယ့် မြန်မာအမျိုးသမီးဘောလုံးအသင်းကို စနစ်တကျ ကြိုတင်ပြင်ဆင်ပြီး ဖွဲ့စည်းလေ့ကျင့်ထားတာမို့ အိန္ဒိယအသင်းကို အနိုင်ရဖို့ များတယ်လို့ ဘောလုံးအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးစိုးမိုးက ပြောပါတယ်။
ပါလက်စတိုင်းနိုင်ငံကို ၄၈ နာရီကြာ မနားတမ်း လေယာဉ်စီးပြီး သွားခဲ့ရတာမို့ ခရီးပန်းတဲ့ ဒဏ်နဲ့ အစားအသောက်အဆင်မပြေနိုင်တာတွေကလွဲရင် မြန်မာအသင်း နိုင်မယ်လို့ ပြောပါတယ်။
“ခြေစွမ်းက ပြိုင်ပွဲတပွဲရဲ့သဘာဝအရကတော့ ဘောလုံးမှာ ဘာမဆိုဖြစ်နိုင်တာပဲလေ။ ဒါပေမယ့် လက်ရှိခြေစွမ်း၊ ပြင်ဆင်မှုအရ ကျနော်တို့က သာပါတယ်။ နိုင်ခြေပိုများပါတယ်။ ဒါပေမယ့် တကယ်ကစားတဲ့အခါ အိန္ဒိယ ဘယ်လောက်ပြင်ဆင်ထားလဲ၊ ကောင်းလဲ ဆိုတာသိရမယ်။ AFC FIFA Ranking နဲ့ ကြည့်ရင်တော့ ကျနော်တို့က မြင့်တယ်။”
အသင်းမှာ သက်ကြီးကစားသမား ၄ ဦးပါဝင်ပြီး ကျန် ကစားသမားတွေကတော့ အသက် ၂၀ အောက်တွေချည်း ဖြစ်တယ်လို့  ပြောပါတယ်။
ပါလက်စတိုင်းနိုင်ငံမှာ မေ ၂၀ ရက်က ပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာလည်း မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ် ကုမာဒါက အသင်းရဲ့စည်းလုံးညီညွတ်မှုနဲ့ ပွဲတိုင်းကို အနိုင်ကစားသွားမယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ကြောင်း ဘောလုံးအဖွဲ့ချုပ်ရဲ့ အွန်လိုင်း စာမျက်နှာမှာ ဖော်ပြထားပါတယ်။
၂၀၁၄ ခုနှစ် အာရှဖလားခြေစစ်ပွဲမှာ မြန်မာအမျိုးသမီးဘောလုံးအသင်းဟာ အုပ်စု (ဃ)မှာ ပါဝင်ပြီး၊ အိမ်ရှင် ပါလက်စတိုင်း၊ အိန္ဒိယ၊ တရုတ်(တိုင်ပေ) တို့နဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ထိပ်ဆုံး ၁ သင်းပဲ ခြေစစ်ပွဲအောင်မှာ ဖြစ်ပါတယ်။
မြန်မာလက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းဟာ ၂၀၀၆နဲ့ ၂၀၁၀တို့မှာ အာရှဖလား ခြေစစ်ပွဲ အောင်မြင်ခဲ့ဖူးပါတယ်။ 

.. www.MyanmarExpress.net
 

4 comments:

အမျိုးသမီးအသင်းဆို၇င်တော့ ယုံလိုက်မယ်။အမျိုးသားအသင်းဆို၇င်တော့ လာမနောက်နဲ့နော်။

အသဲလေးတို့ေ၇နိုင်အောင်သာကန်ကြနော်ဘကြီးအားပေးနေမယ်

နိုင်အောင်ကန်ပေးကြပါဗျာ။

နိုင်ပါစေဗျာ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်