From :
..သမ္မတရုံး
..
www.MyanmarExpress.net
နေပြည်တော် မေ၂၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်သည် မေ(၂ဝ)ရက် ဒေသစံတော်ချိန် ညနေ (၄) နာရီ (၁၅) မိနစ်တွင်
အမေရိကန် ပြည်ထောင်စု ဝါရှင်တန်မြို့ရှိ ဂျွန်ဟော့ကင်း(John Hopkins)
တက္ကသိုလ်သို့ သွားရောက်၍ မိန့်ခွန်း ပြောကြားသည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊
ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဂျွန်ဟော့ကင်း တက္ကသိုလ်
နိုင်ငံတကာ လေ့လာရေးဌာန(SAIS)မှ ကျောင်းအုပ်ကြီးနှင့် ကျောင်းသား၊
ကျောင်းသူများ၊ လေ့လာသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည် ။
အခမ်းအနားတွင် နိုင်ငံတော်သမ္မတက မိန့်ခွန်းပြောကြားရာ၌ -
ကြွရောက်လာကြတဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်များခင်ဗျား
ကျွန်တော်ရဲ့ ဝါရှင်တန်ကိုရောက်ရှိလာတဲ့ ပထမဆုံး
ခရီးစဉ်မှာ ကျွန်တော့်အနေနဲ့ ဂျွန်စ်ဟော့ကင်းစ် တက္ကသိုလ်ရဲ့ ဘွဲ့လွန်
နိုင်ငံတကာ လေ့လာရေးဌာန SIAS မှာ လာရောက် စကားပြောခွင့်ရတဲ့အတွက် အလွန်ပဲ
ဝမ်းသာပါတယ်။ ဒီလိုလာရောက် စကားပြောဖို့ ဖိတ်ကြားတဲ့ မဟာဌာနမှူး
ဗယ်လီနာ့ဆ်ကိုလည်း အထူးကျေးဇူးတင် ပါတယ်။
ကျွန်တော်တို့မြန်မာနိုင်ငံနှင့်
ဂျွန်စ်ဟော့ကင်းစ်တက္ကသိုလ်၊ အထူးသဖြင့် ဒီဘွဲ့လွန် နိုင်ငံတကာ လေ့လာရေးဌာန
SAIS နဲ့ ရင်းနှီးချစ်ကြည်တဲ့ ဆက်ဆံမှုများ စတင်ခဲ့တာဟာ နှစ်ပေါင်း
ငါးဆယ်ကျော် ကြာခဲ့ပြီ ဖြစ်ပါတယ်။ ဂျွန်စ်ဟော့ကင်းစ် စင်တာရန်ကုန်ကို ၁၉၅၄
မှာ တည်ထောင်နိုင်ခဲ့ပြီး အာရှမှာ ပညာရေးနှင့် သုတေသန ဆိုင်ရာ
ဦးဆောင်နိုင်တဲ့ အဖွဲ့အစည်း တစ်ခုအဖြစ် ရပ်တည်ခဲ့ပါတယ်။ လက်ရှိတာဝန်
ထမ်းဆောင်နေကြတဲ့ သံတမန်အရာရှိကြီးတွေနဲ့ ကျွန်တော့်ရဲ့ အကြံပေးအဖွဲ့ဝင်
အချို့ဟာလဲ ဒီ SAIS ကျောင်းကြီးမှာ ပညာသင်ယူခဲ့ကြပါတယ်။
ကျွန်တော့်အနေနဲ့ ဒီလိုတစ်ချိန်က ရှိခဲ့တဲ့
ရင်းနှီးခိုင်မာတဲ့ ဆက်ဆံမှုတွေကို ပြန်လည် အသက်သွင်းနိုင်မယ်လို့
အထူးယုံကြည် မျှော်လင့်ပါတယ်။
ဂုဏ်သရေရှိ ဧည့်သည်တော်များခင်ဗျား
ဒီလိုအချိန် ဒီလိုနေရာမှာ ကျွန်တော့်အနေနဲ့
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု အကြောင်း၊ မြန်မာနိုင်ငံရဲ့
အနာဂတ်အတွက် မျှော်မှန်းချက် (Vision)၊ မြန်မာ-အမေရိကန် နှစ်နိုင်ငံ
ပြည်သူများအကြား ရင်းနှီးချစ်ကြည်တဲ့ ဆက်ဆံမှုတွေ ဖြစ်ပေါ်လာစေမဲ့
ကိစ္စရပ်တွေကို ပြောကြားခွင့်ရတဲ့အတွက် အလွန်ပဲ ဝမ်းမြောက်မိ ပါတယ်။
ကျွန်တော်တို့အစိုးရ ဦးဆောင်ခဲ့တဲ့ လွန်ခဲ့သော
နှစ်နှစ်တာကာလဟာ အပြောင်းအလဲတွေ ဖော်ဆောင်နိုင်ခဲ့တဲ့ ကာလတစ်ခုဖြစ်ပါတယ်။
စစ်အုပ်ချုပ်ရေး စနစ်ကို ရပ်တန့်နိုင်ခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို
အခြေခံတဲ့ အုပ်ချုပ်မှုပုံစံသစ် တစ်ရပ်ကို ပုံဖော်နိုင်ခဲ့ပါတယ်။
အားကောင်းတဲ့ ဒီမိုကရေစီစနစ်နဲ့ ခွန်အားရှိတဲ့ ဈေးကွက် စီးပွားရေးတစ်ခု
ပေါ်ပေါက်လာဖို့ လိုအပ်တဲ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်
ပြောင်းလဲမှုတွေကို ပြုလုပ်နိုင်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ၁၉၄၈ မြန်မာ့
လွတ်လပ်ရေးနဲ့အတူ အမြစ်တွယ်ခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေကိုလည်း
ငြိမ်းချမ်းစွာ ဖြေရှင်းအဆုံးသတ်ဖို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်။
ဒီအပြောင်း အလဲတွေကနေ နိုင်ငံတကာရဲ့ တားဆီးပိတ်ဆို့မှုတွေ ဖယ်ရှားနိုင်ပြီး
ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အထီးကျန် ဆန်ခဲ့ရမှုကို ချုပ်ငြိမ်းအောင်၊
ဒေသတွင်းနှင့် ကမ္ဘာ့လုံခြုံရေး၊ ဖွံ့ဖြိုး တိုးတက်ရေးတွေမှာ
အထောက်အကူပြုနိုင်အောင် ကြိုးပမ်း ဆောင်ရွက် နေတာလည်း ဖြစ်ပါတယ်။
ယနေ့ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ သမိုင်းမှာ တစ်ကြိမ်တခါမှ
မကြုံဖူးသေးတဲ့ ဆောင်ရွက်မှုကြီး တစ်ရပ် ဖြစ်ပါတယ်။ ဗဟိုအုပ်ချုပ်ရေးစနစ်ကနေ
ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ဆီ၊ ဗဟိုချုပ်ကိုင်တဲ့ စီးပွားရေးကနေ
လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ်ဆီ ကူးပြောင်းနေတဲ့ တပြိုင်နက်တည်းမှာပဲ
မတူညီတဲ့ သဘောသဘာဝရှိတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ၁၂ ခုကို
တည်ဆောက်နေရသလို ဆယ်စုနှစ်ပေါင်း များစွာ နောက်ကျ ကျန်နေခဲ့တဲ့
နိုင်ငံတကာဆက်ဆံရေးမှာလဲ ဆက်ဆံရေး ပုံစံသစ်တစ်ခုကို ပြန်လည် တည်ဆောက်နေရ
ပါတယ်။ အဲသလို တည်ဆောက်ရာမှာလဲ ကျန်ရှိနေသေးတဲ့ စီးပွားရေး
ပိတ်ဆို့မှုတွေရဲ့ ဖိအားတွေကြားမှာ တည်ဆောက်နေရတာ ဖြစ်တဲ့အတွက်
ကမ္ဘာ့သမိုင်းမှာ မကြုံဖူုးသေးတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကြီးကို
ကြိုးပမ်းဆောင်ရွက်နေရတာ ဖြစ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ဟာ အလွန်တရာခက်ခဲတဲ့ စိန်ခေါ်မှုတွေနဲ့
ရင်ဆိုင်နေရပါတယ်။ ကျွန်တော်တို့မှာ လက်ရှိ အင်စတီကျူးရှင်း အချို့ကို
လိုအပ်တဲ့ချိန်ညှိမှုတွေ ပြုလုပ် နေရပါတယ်။ အချို့ကို လုံးဝ
ပြုပြင်ပြောင်းလဲပစ်ရပါတယ်။ လိုအပ်တဲ့ အင်စတီ ကျူးရှင်း အသစ်တွေလဲ
တည်ဆောက်နေရပါတယ်။ စဉ်းစားတွေးခေါ်ပုံတွေကိုလဲ ပြောင်းလဲကြရမှာ ဖြစ်ပါတယ်။
ပထမဆုံးနဲ့ အရေးကြီးဆုံး ကိစ္စကတော့ ပြည်သူတွေအပေါ် တာဝန်ကျေတဲ့
အစိုးရတစ်ရပ်ဖြစ်အောင် ကြိုးစားဆောင်ရွက်နေရတာပဲ ဖြစ်ပါတယ်။
ဆယ်စုနှစ်ပေါင်းများစွာ ဗဟိုဦးစီး အုပ်ချုပ်ရေး စနစ်အောက်မှာ နေခဲ့ရတဲ့
ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် ဒီပြုပြင်ပြောင်းလဲရေးဟာ မလွယ်ကူပါဘူး။
ကျွန်တော်တို့ရဲ့ စီးပွားရေးစနစ်ကို ပိုမိုညီညွတ်မျှတမှု ရှိလာအောင်၊
တရားမျှတတဲ့ ယှဉ်ပြိုင်မှု ပေါ်ပေါက်လာအောင် ဆောင်ရွက်နေပါတယ်။ တစ်ဖက်မှာ
ကျွန်တော်တို့ရဲ့ ပေါကြွယ်ဝလှတဲ့ သဘာဝသယံဇာတတွေကို အသုံးပြုပြီး
နိုင်ငံဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်နေသလို တခြားတစ်ဖက်မှာလဲ
သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း နိုင်အောင် ကြိုးပမ်းဆောင်ရွက်နေတာ
ဖြစ်ပါတယ်။ ဒီကြိုးပမ်းမှုတွေ အောင်မြင်နိုင်ဖို့ အတွက် အမေရိကန်ပြည်ထောင်စု
အပါအဝင် နိုင်ငံတကာရဲ့ အားပေးထောက်ခံမှုတွေ လိုအပ်မှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ နိုင်ငံအတွက် လိုအပ်တဲ့ အသိပညာ၊ နည်းပညာတွေ ရရှိနိုင်ဖို့
အတွေ့အကြုံ ဖလှယ်နိုင်ဖို့၊ ကုန်သွယ်မှုတွေ၊ ရင်းနှီး မြှုပ်နှံမှုတွေ
ဆောင်ရွက်ပေးဖို့၊ အမေရိကန်ပြည်ထောင်စုအပြင် အခြားနိုင်ငံတွေ ကလည်း
အလားတူဆောင်ရွက်လာအောင် တိုက်တွန်းပေးစေလိုပါတယ်။
အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များဟာ
အန္တရာယ်အမျိုးမျိုးနဲ့ ပြည့်နှက်နေတတ်ပြီး စွန့်စားမှုတွေလည်း မလွဲမသွေ
လုပ်ဆောင်ရလေ့ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော့်နိုင်ငံ
ကျွန်တော့်လူမျိုးရဲ့အကြောင်းကို ကျွန်တော်ကောင်းကောင်း သိပါတယ်။
ကျွန်တော့် ပြည်သူတွေဟာ ဒီအပြောင်းအလဲအောင်မြင်ဖို့ ဘယ်လောက်ထိ မျှော်လင့်
နေကြတယ်ဆိုတာလဲ ကျွန်တော် နားလည်ပါတယ်။ ဒီမိုကရေစီစနစ် အမြစ်တွယ်
ရှင်သန်နိုင်ဖို့ အထီးကျန်တံခါးပိတ်နိုင်ငံအဖြစ်ကနေ ရုန်းထွက်၊
အခြားအာရှနိုင်ငံတွေကို စီးပွားရေးအရ အမီလိုက်နိုင်ပြီး အကြမ်းဖက်မှုတွေ
တိုက်ခိုက်မှုတွေအားလုံူး အမြန်ဆုံး ချုပ်ငြိမ်းသွားတဲ့ ငြိမ်းချမ်း၊ သာယာ၊
ဝပြောတဲ့ မြန်မာပြည်သစ်ကို ကျွန်တော့် ပြည်သူတွေ ဘယ်လောက်မြင်တွေ့
ချင်နေကြတယ်ဆိုတာကို ကျွန်တော့်အနေနဲ့ ကောင်းကောင်းကြီး သိနားလည်ထားပါတယ်။
ဒီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် တွေဟာ ကျွန်တော်တို့အားလုံး မလွဲမသွေ
လျှောက်လှမ်းရမဲ့ လမ်းကြောင်း ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ အားလုံး
လက်ခံထားပါတယ်။ အလျှော့ပေး ညှိနှိုင်းမှုတွေ၊ သည်းခံနားလည်မှုတွေ ရှိမှသာ
အောင်မြင်မှု ရရှိမယ်ဆိုတာ ကိုလည်း ကျွန်တော်တို့အားလုံး
နားလည်လက်ခံထားပါတယ်။ ဒီလိုပြုပြင် ပြောင်းလဲမှု တွေကြောင့်
မိမိကိုယ်ကျိုးစီးပွားကို ထိပါးလာနိုင်တယ်လို့ ယူဆပြီး ဒီအပြောင်းအလဲကို
မလိုချင်တဲ့ အနှောင့်အယှက် အတားအဆီးတွေလဲ ရှိနေနိုင်ပါတယ်။ မကြာသေးခင်
ကာလမှာတင် အလွန်ဝမ်းနည်းစရာကောင်းတဲ့၊ ဘယ်လိုမှ မျှော်လင့်မထားတဲ့
ပဋိပက္ခတွေ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ ပေါ်ပေါက်ခဲ့ရပါတယ်။ ဒါပေမဲ့
ဘယ်လိုပဲ ကြမ်းတမ်းတဲ့ အခက်အခဲတွေနဲ့ ကြုံရပါစေ၊ ကျွန်တော်တို့ဟာ
ဒီလမ်းကြောင်းကို ဆက်လျှောက်ဖို့ ဆုံးဖြတ်ထားပြီးသားဖြစ်ပါတယ်။
ကျွန်တော်တို့ မလွဲမသွေ အောင်မြင်မှု ရမယ်ဆိုတာလဲ ယုံကြည်ပါတယ်။
ဂုဏ်သရေရှိ ဧည့်သည်တော်များခင်ဗျား
အားလုံးသိတဲ့အတိုင်း ကျွန်တော်တို့ရဲ့
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေဟာ ဖန်လုံအိမ် တခုထဲမှာ ဖြစ်ပျက်နေတာ
မဟုတ်ပါဘူုး။ အရင်တချိန်က ဆင်းရဲမွဲတေမှုနဲ့ စစ်မက်ဆိုတဲ့ စကားလုံးများနဲ့
တွဲဖက်ပြီး သိခဲ့ကြတဲ့ အာရှတိုက်ဟာဆိုရင် ယခုအခါမှာ လျင်လျင်မြန်မြန်
ပြောင်းလဲတိုးတက်နေတဲ့အပြင် သမိုင်းမှာ မကြုံစဖူး ထူုးခြားတဲ့၊
ငြိမ်းချမ်းပြီး သာယာဝပြောတဲ့ အချိန်အခါကို ရောက်ရှိနေတာ ဖြစ်ပါတယ်။
ကိုလိုနီ ဆိုးမွေတွေ၊ အတိတ်ကာလရဲ့ အိုင်ဒီယော်လော်ဂျီ ကွဲပြား သဘောမတူမှုတွေ
မရှိတော့တဲ့ မျိုးဆက်သစ်တွေဟာ ယနေ့ အာရှရဲ့ တိုးတက်မှုတွေကို ဦးဆောင်
အကောင်အထည်ဖော်နေကြတာပဲ ဖြစ်ပါတယ်။ အဓိက အရေးအကြီးဆုံးကတော့ ကျွန်တော်တို့
မြန်မာနိုင်ငံ ဟာလဲ ခေတ်နောက်ကျကျန်နေလို့ မရဘဲ ဒီသမိုင်းတွင်မဲ့
ပြောင်းလဲမှုဖြစ်စဉ်ကြီးမှာ အတူပြောင်းလဲလိုက်ပါရမယ်ဆိုတဲ့ အချက်ပဲ
ဖြစ်ပါတယ်။
လူဦးရေ သန်း ၆၀ နီးပါးရှိတဲ့ ကျွန်တော်တို့
မြန်မာနိုင်ငံဟာ အာရှရဲ့ လမ်းဆုံလမ်းခွ နေရာမှာ တည်ရှိပါတယ်။
အနောက်မြောက်ဘက်မှာ တရုတ်နိုင်ငံ၊ အနောက်ဘက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊
တောင်အရပ်မှာ အာဆီယံမိတ်ဆွေ နိုင်ငံများနဲ့ နယ်နိမိတ်ချင်း ထိစပ်
နေတာဖြစ်တဲ့အတွက် တနည်းပြောရရင် လူဦးရေ သန်း ၂၀၀၀ လောက်ရှိပြီး
လျင်လျင်မြန်မြန် ဖွံ့ဖြိုးတိုးတက်နေတဲ့ ဈေးကွက်ကြီးနဲ့ ချိတ်ဆက်
တည်ရှိနေတာလဲ ဖြစ်ပါတယ်။ နိုင်ငံရေးအရသာမက၊ သဘာဝအဟန့်အတားတွေအရပါ အထီးကျန်
ဖြစ်ခဲ့ရတဲ့ ကျွန်တော်တို့ နိုင်ငံဟာ ယခုဆိုရင် ဒီအဟန့် အတားတွေကို
ကျော်လွှားပြီး ကမ္ဘာ့မိသားစုထဲကို ပြန်လည်ဝင်ရောက်လာဖို့ စတင်နေပြီ
ဖြစ်ပါတယ်။ ဒီလိုအာရှနဲ့ ပြန်လည်ပေါင်းစည်းတာ၊ ကမ္ဘာနဲ့ ပြန်လည်
ပေါင်းစည်းတဲ့ကိစ္စမှာ ပြည်သူတွေ အမြတ်ထုတ် ခံလိုက်ရတဲ့ ပေါင်းစည်းမှုမျိုး
မဟုတ်ဘဲ ကျွန်တော်တို့ ပြည်သူတွေရဲ့ အကျိုးစီးပွားကို မျက်ကွယ် မပြုတဲ့၊
ပြည်သူ့အကျိုးစီးပွားကို ရှေ့ရှုတဲ့ ပြန်လည် ပေါင်းစည်းမှုမျိုးဖြစ်အောင်
ကျွန်တော်တို့ အနေနဲ့ ဆောင်ရွက် အကောင်အထည် ဖော်ဖို့ အထူးအရေးကြီးပါတယ်။
ဒီလို ဆောင်ရွက်နိုင်ဖို့ စီးပွားရေးဆိုင်ရာ လိုအပ်တဲ့
အင်စတီကျူးရှင်းများကို မှန်မှန်ကန်ကန် တည်ထောင်နိုင်ဖို့
အထူးအရေးကြီးပါတယ်။
စိန်ခေါ်မှုသစ်တွေကော၊ စိန်ခေါ်မှုဟောင်းတွေကိုပါ
ရင်ဆိုင်ကျော်လွှားနိုင်ပြီး အခက်အခဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ဖို့၊
လိုအပ်တဲ့ အင်စတီကျူးရှင်းများကိုလဲ ကျွန်တော်တို့ တည်ဆောက်သွားကြရမှာ
ဖြစ်ပါတယ်။ သာဓက အနေနဲ့ ဖော်ပြရရင် ကျွန်တော်တို့ နိုင်ငံဟာ ရာသီဥတု
ပြောင်းလဲမှုကြောင့် ပင်လယ်ရေပြင် မြင့်တက်လာမှုလို သဘာဝဘေး အန္တရာယ်တွေကို
အများဆုံး ခံစားရတဲ့ နိုင်ငံ တစ်နိုင်ငံ ဖြစ်ပါတယ်။ နာဂစ်မုန်တိုင်းကြောင့်
၂၄ နာရီ အတွင်းမှာပဲ ကျွန်တော့်ပြည်သူ တစ်သိန်းခန့် အသက်ဆုံးရှုံးခဲ့ရသလို
များစွာ အိုးအိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ အပတ်ကပဲ နိုင်ငံရဲ့
အနောက်ဘက်ကမ်းခြေမှာ မဟာဆန်မုန်တိုင်းရဲ့ ခြိမ်းခြောက်ခြင်း ဒဏ်ကိုလည်း
ခံစားခဲ့ရပါတယ်။ အချိန်အခါမရွေး မြေငလျင်များ ကျရောက်နိုင်ဖွယ်လဲ
ရှိနေပါတယ်။ ကူးစက်ကပ်ရောဂါတွေရဲ့ အန္တရာယ်ကလဲ အာရှမှာ ရှိနေပါသေးတယ်။
လက်နက်ကိုင် ပဋိပက္ခတွေနဲ့ လူမှု အသိုက်အဝန်းများကြား ပဋိပက္ခတွေ ချုပ်ငြိမ်း
သွားအောင် ကြိုးပမ်းဆောင်ရွက်နေရသလို တစ်ချိန်တည်း တစ်ပြိုင်တည်းမှာပဲ
မြန်မာပြည်သူလူထုတွေရဲ့ ဘဝရပ်တည်ရေး လုံခြုံမှုကို အာမခံနိုင်တဲ့
လုံခြုံရေးဆိုင်ရာ အမြင်သစ်တစ်ခု ဖြစ်ပေါ်လာအောင် ကြိုးပမ်းဆောင်ရွက်နေရတာလဲ
ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ တပ်မတော်ရဲ့
အခန်းကဏ္ဍကိုလည်း အထူးအလေးပေး ထည့်သွင်း စဉ်းစားရမှာ ဖြစ်ပါတယ်။
ယခင်စနစ်ဟောင်းမှာ မြန်မာ့ တပ်မတော်ဟာ ပြည်တွင်း တည်ငြိမ် အေးချမ်းရေးအတွက်
လုံခြုံရေးရှုထောင့်မှာ တာဝန်ယူ ဆောင်ရွက်ခဲ့ပေမယ့် ယခုအခါမှာတော့
ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှု ကိစ္စရပ်တွေမှာ
လိုက်လျောညီထွေ ပါဝင်နိုင်စေဖို့ အတွက်လည်းဆောင်ရွက်နေပါတယ်။
ဂုဏ်သရေရှိ ဧည့်သည်တော်များခင်ဗျား
မြန်မာ့နိုင်ငံရေး ဖြစ်စဉ်များဟာ အလွန်ပဲ
နက်နဲသိမ်မွေ့တဲ့ သဘောသဘာဝ ရှိပါတယ်။ ရှည်လျားတဲ့ သမိုင်း အစဉ်အလာရှိတဲ့
မြန်မာနိုင်ငံမှာ မတူညီတဲ့ တိုင်းရင်းသား မျိုးနွယ်စုတွေ
အများကြီးရှိတဲ့အပြင် ဘာသာတရာကိုးကွယ်မှု အမျိုးမျိုးလည်းရှိပါတယ်။
သမိုင်းကြောင်းနဲ့ချီတဲ့ လက်နက်ကိုင် ပဋိပက္ခတွေလည်း ရှိပါတယ်။ ဒီလို
အခြေအနေ မျိုးတွေကိုကျော်လွန်နိုင်ဖို့ မြန်မာနိုင်ငံရေးစာမျက်နှာသစ်
တစ်ရပ်အနေနဲ့ ကျွန်တော်တို့ အစိုးရသစ် သက်တမ်း နှစ်နှစ် အတွင်းမှာ
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
လွှတ်တော်အတွင်း ဝင်ရောက် လာနိုင်ဖို့အတွက် လွတ်လပ်မျှတတဲ့ ၂၀၁၂ ခုနှစ်
ကြားဖြတ်ရွေးကောက်ပွဲတွေကို ကျင်းပပေးခဲ့ပါတယ်။ ဒီနိုင်ငံရေး
အခင်းအကျင်းသစ်မှာ နိုင်ငံရေးပါတီတွေ အများကြီးနဲ့ နိုင်ငံရေး
လှုပ်ရှားမှုတွေကိုလည်းတွေ့ရမှာ ဖြစ်ပါတယ်။ ဒီနှစ်တွေ အတွင်းမှာရာနဲ့ချီတဲ့
အရပ်ဘက် လူ့အဖွဲ့အစည်းတွေ၊ ထောင်နဲ့ချီတဲ့ ကျေးရွာအဆင့် အဖွဲ့အစည်းတွေ
ပေါ်ထွက်လာရုံ သာမက ပြည်တွင်းမီဒီယာနဲ့ အင်တာနက် လူမှုကွန်ရက်တွေပါ
အားကောင်းမောင်းသန် ဖြစ်ထွန်းလာတာ ကိုလည်းတွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။
လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ဒီမိုကရေစီနည်းလမ်းတကျ ပေါ်ပေါက်လာမယ့်
အစိုးရသစ်အတွက် အခြေခံကောင်းတွေ ဖန်တီးပေးနေတာလည်း ဖြစ်ပါတယ်။
ဒီမိုကရေစီစနစ်ကို ကူးပြောင်းတဲ့အခါမှာ
ပြိုင်ဆိုင်မှုတွေ အားကောင်းပြင်းထန်တဲ့ နိုင်ငံရေး ဝန်းကျင် တစ်ရပ်
ပေါ်ပေါက် လာအောင် ဖန်တီးဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့
ဒီလိုပြိုင်ဆိုင်မှုတွေဟာ ဒီမိုကရေစီအသွင် ကူးပြောင်းရေး ဖြစ်စဉ်တွေကို
အနှောင့်အယှက် အဟန့်အတားမဖြစ်စေဘဲ ဒီမိုကရေစီ အပြောင်းအလဲတွေကို
အားပေးထောက်ပံ့တဲ့ ပြိုင်ဆိုင်မှုမျိုး ဖြစ်ပေါ်စေဖို့ဆိုတာ တကယ့်စိန်ခေါ်မှု
တစ်ရပ်ပဲ ဖြစ်ပါတယ်။ အပြောင်းအလဲတွေကို ဆောင်ရွက်ရာမှာလဲ
ဟန်ချက်ညီညီအချိန်ကိုက် ဆောင်ရွက် သွားရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်မှာ
ယှဉ်ပြိုင်မှုတွေ ပါဝင်ရမှာ မှန်ပေမယ့် ဒီလိုပြုပြင်ပြောင်းလဲမှုတွေ စတင်
ဖော်ဆောင်နေတဲ့ အချိန်မှာတော့ ကျယ်ပြန့်တဲ့ မဟာမိတ်ဖွဲ့
ပူးပေါင်းလုပ်ဆောင်မှုတွေကို တတ်နိုင်သမျှ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
အယူအဆထက် မူဝါဒတွေကိုအခြေခံတဲ့ နိုင်ငံရေးပါတီတွေကို ပြုစု ပျိုးထောင်ရမှာ
ဖြစ်ပါတယ်။ ဒီလိုတိုင်းပြည်အတွက် အလွန်အရေးကြီးတဲ့ အလှည့်အပြောင်း
တစ်ရပ်မှာ ပါတီနိုင်ငံရေး ကို ကျော်လွန်တဲ့ State Building နဲ့ National
Building လုပ်ဆောင်မှု တွေမှာ ပူးပေါင်းဆောင်ရွက်ရမဲ့ အချိန်ဖြစ်ပါတယ်။
State Building နဲ့ National Buildingကို
ဆောင်ရွက်ရာမှာ အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ခုကတော့ လက်နက်ကိုင်
အင်အားစုတွေ အားလုံးနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်များ ရရှိအောင်
ဆောင်ရွက်ဖို့ပဲ ဖြစ်ပါတယ်။ အခုဆိုရင် မိမိတို့ အစိုးရအနေနဲ့ လက်နက်ကိုင်
အင်အားစုဆယ့်တစ်စုနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ရရှိအောင်
ဆောင်ရွက်ထားနိုင်ခဲ့ပြီ ဖြစ်သလိုနောက်ဆုံးအနေနဲ့ ကျန်ရှိနေတဲ့
အဓိကလက်နက်ကိုင် အင်အားစု တစ်ခုဖြစ်တဲ့ ကေအိုင်အို၊ ကေအိုင်အေ
အဖွဲ့အစည်းနဲ့လဲ မကြာခင် ကာလအတွင်းမှာ အပစ်အခတ်ရပ်စဲရေး
သဘောတူညီနိုင်တော့မှာ ဖြစ်တယ်ဆိုတာ ယုံကြည်ပါကြောင်း ကျွန်တော့်အနေနဲ့
ပြောကြားလို ပါတယ်။ ကျွန်တော်တို့ အနေနဲ့ အပစ်အခတ် ရပ်စဲရေးနဲ့တင်
ရပ်တံ့နေရမှာ မဟုတ်ဘဲ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရရှိအောင်အထိ ဆက်လက်
ကြိုးပမ်း ဆောင်ရွက်သွားရမှာ ဖြစ်တယ်လို့ အလေးအနက် သန္နိဋ္ဌာန် ချမှတ်ထား
ပါတယ်။ ဒါဟာ တနည်းပြောရရင် နိုင်ငံရေးအရ စေ့စပ် ပြေငြိမ်းနိုင်မှုလဲ
ဖြစ်ပါတယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီးအဆင့်တွေမှာ အာဏာခွဲဝေမှု အဆင့်ဆင့်
ဆက်လက် ဆောင်ရွက်သွားရမှာလဲ ဖြစ်ပါတယ်။ သယံဇာတရင်းမြစ် ခွဲဝေမှုတွေကိုလဲ
ဆက်လက် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ဒီလို ကြိုးပမ်းဆောင်ရွက် မှာလဲ
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ သဘောတူလက်ခံလာတဲ့အထိ ညှိနှိုင်း
ဆောင်ရွက်သွားရမှာ ဖြစ်သလို တစ်ပြိုင်နက်ထဲမှာလဲ လာမဲ့ နိုင်ငံရေး
ဆွေးနွေးပွဲတွေမှာ တိုင်းရင်းသား လူ့အဖွဲ့အစည်းအသီးသီးကအရပ်ဘက် လူမှု
အဖွဲ့အစည်းတွေကိုလဲ ပါဝင်ခွင့်ပြုရမှာ ဖြစ်ပါတယ်။ မြန်မာပြည်သူလူထုတွေရဲ့
ထောက်ခံမှု အကျယ်ပြန့်ဆုံး ရရှိတဲ့ ရေရှည်တည်တဲ့မယ့် ငြိမ်းချမ်းရေးကို
မြန်မာ့မြေမှာ တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ကျွန်တော်တို့ အနေနဲ့ ပြည်သူလူထုအားလုံးကို
ကိုယ်စားပြုနိုင်တဲ့ မြန်မာ့ အမျိုးသားရေး လက္ခဏာသစ် (national identity)
တစ်ရပ်ကိုတည်ဆောက်ဖို့ ကြိုးပမ်းရမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားမျိုးနွယ်စုများအားလုံး၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန် ဘာသာ၊
အစ္စလာမ်ဘာသာနဲ့ ဟိန္ဒူဘာသာစတဲ့ လူမျိုးဘာသာမရွေး မြန်မာနိုင်ငံ သားများ
အားလုံး သဘောတူညီ လက်ခံနိုင်တဲ့ National Identity သစ်တရပ်ကို
တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။ ကွဲပြားမှုတွေရှိပေမဲ့ ခွဲခြားဆက်ဆံမှုများတွေ
အားလုံးပပျောက်သွားအောင် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ လူ့အသိုက်အဝန်း
များကြား ပဋိပက္ခတွေ ရပ်တဲ့သွားရုံမျှမကပဲ ချုပ်ငြိမ်းသွားအောင်
ဆောင်ရွက်ရမှာ ဖြစ်သလို ပြစ်မှု ကျူးလွန်သူများအားလုံးကိုလဲ တရားနဲ့အညီ
စီရင်အပြစ်ပေးရမှာ ဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း
တဖက်မှာလဲလုံခြုံရေးကို ထည့်သွင်းစဉ်းစား ရသလို တဖက်မှာလဲ
အခြေခံလူ့အခွင့်အရေးတွေနဲ့ ဒီမိုကရေစီနည်းကျ လူ့အဖွဲ့အစည်း တစ်ခုရဲ့
ပွင့်လင်းလွတ်လပ်မှုကိုလဲ ထည့်သွင်း စဉ်းစားပြီး အကောင်းဆုံး ဘက်ညီမျှတတဲ့
အခြေအနေတရပ်ဖြစ်အောင် စဉ်းစားဆောင်ရွက်ရတာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ဖို့
မိတ်ဆွေတို့ကလဲ အကူအညီ၊ အကြံဉာဏ်များပေးကြပါလို့ ကျွန်တော့် အနေနဲ့
မေတ္တာရပ်ခံလိုပါတယ်။
ကြွရောက်လာကြတဲ့ ဂုဏ်သရေရှိ ဧည့်ပရိသတ်များခင်ဗျား
အမေရိကန် ပြည်ထောင်စုကို ပထမဦးဆုံးရောက်ရှိခဲ့တဲ့
မြန်မာတစ်ဦးကတော့ ၁၈၅၈ ခုနှစ်မှာ မော်လမြိုင်ကနေ ရောက်ရှိ လာတဲ့
မောင်ရှောလူးဆိုတဲ့ မြန်မာကျောင်းသား တစ်ဦးပဲ ဖြစ်ပါတယ်။ မောင်ရှောလူးဟာ
ပန်ဆယ်ဗေးနီးယား ပြည်နယ် ဘက်ကနဲတက္ကသိုလ်မှာ ပညာဆည်းပူးပြီး
ကလက်ဗ်လန်ဆေးကျောင်းမှာဆက်လက် ပညာသင်ကြားခဲ့ ပါတယ်။ မြန်မာနိုင်ငံကို
ပြန်လာပြီးဆေးပညာနဲ့ ပြည်သူလူထုကို အလုပ်အကျွေးမပြုခင်မှာ
အိမ်ဖြူတော်ကိုသွားရောက်ပြီး သမ္မတအင်ဒရူးဂျက်ဆန် နဲ့လဲ တွေ့ဆုံခဲ့ပါတယ်။
မောင်ရှောလူး အမေရိကန်ကို မရောက်ခင်
တစ်နှစ်အလိုလောက်ကပဲ မြန်မာဘုရင် မင်းတုန်းမင်းဟာ သမ္မတဖရန်ကလင် ပီးယာ့စ်
ထံကို ချစ်ကြည်ရေး သဝဏ်လွှာ ပေးပို့ခဲ့တာရှိပြီး နောက်တက်လာတဲ့ သမ္မတဂျိမ်းစ်
ဘွတ်ခနမ်ထံကိုလဲ မြန်မာအမေရိကန် နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့
သံတမန်ဆက်ဆံရေးတွေ တိုးမြှင့်ဖို့ သဝဏ်လွှာများ ပေးပို့ခဲ့တာ ရှိပါတယ်။
သမိုင်းကြောင်း အစဉ်အလာများအရ ကျွန်တော်တို့
မြန်မာနိုင်ငံနဲ့ အမေရိကန် ပြည်ထောင်စုတို့ဟာ နှစ်ပေါင်း
တစ်ရာ့ငါးဆယ်ကျော်ကြာ ဆက်ဆံရေးတွေ ရှိခဲ့တာကို အထင်အရှားတွေ့မြင်ရမှာပဲ
ဖြစ်ပါတယ်။
ဒါတွေကိုထောက်ရှုပြီး ကျွန်တော်တို့အနေနဲ့
မြန်မာ-အမေရိကန် နှစ်နိုင်ငံ အစိုးရများကြား ရင်းနှီးတဲ့
မဟာမိတ်များအဖြစ်နဲ့ လက်တွဲလုပ်ဆောင်ပြီး မြန်မာ-အမေရိကန် ဆက်ဆံရေး
စာမျက်နှာသစ်ကို ဖွင့်လှစ်လိုပါတယ်။ မြန်မာပြည်သူများနဲ့ အမေရိကန်
ပြည်သူများအကြားလဲ ရင်းနှီးတဲ့ မိတ်ဆွေများအဖြစ် ခင်ခင်မင်မင်
ဆက်ဆံသွားကြဖို့လဲ တိုက်တွန်းလိုပါတယ်။
ကျွန်တော်တို့ရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး
လုပ်ငန်းများ အောင်မြင်အောင် မိတ်ဆွေတို့ရဲ့ ကူညီထောက်ပံ့မှု များကိုလဲ
မျှော်လင့်လျက် ရှိပါတယ်၊ အမေရိကန် ပြည်ထောင်စုမှာ ရှိတဲ့
ထိပ်တန်းတက္ကသိုလ်ကြီးတွေရဲ့ အကူအညီ၊ အမေရိကန် စီးပွားရေး
လုပ်ငန်းရှင်များရဲ့ အကူအညီတွေကိုလဲ ရရှိနိုင်မယ်လို့ ယုံကြည်
မျှော်လင့်လျက် ရှိပါတယ်။
ကျွန်တော်တို့ အစိုးရအနေနဲ့ လွန်ခဲ့တဲ့
နှစ်နှစ်ကစပြီး ဆောင်ရွက် အကောင်အထည်ဖော် လာခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး
လုပ်ငန်းစဉ်များရဲ့ ရည်ရွယ်ချက်ကတော့ တစ်ခုထဲပဲ ရှိပါတယ်။ ကျွန်တော်တို့
မျိုးဆက်သစ် လူငယ်တွေ အတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်၊
ပိုမိုကောင်းမွန်ပြည့်စုံတဲ့ ဘဝတစ်ခု ဖန်တီး ပေးနိုင်ဖို့ဆိုတဲ့
ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့ အစိုးရဟာ ပြည်သူ့အစိုးရဖြစ်တယ်လို့
ခံယူထားတာနဲ့အညီ ပြည်သူတွေရဲ့ ဘဝကို မြှင့်တင်နိုင်ဖို့အတွက် ပြည်သူဗဟိုပြု
ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို အစွမ်းကုန် ကြိုးစား
အကောင်အထည်ဖော်လျက် ရှိပါတယ်။
လာမယ့် ၂၀၀၅ ရွေးကောက်ပွဲမှာ ဒီမို့ရေစီ နည်းလမ်းကျ ပေါ်ပေါက်လာမယ့် အစိုးရသစ် အတွက် အခြေခံကောင်းတွေ ဖန်တီးပေးနေတာလည်း ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ ဒီမိုကရေစီအရေး
အောင်မြင်စေဖို့အတွက် အမေရိကန်အစိုးရ၊ လွှတ်တော်၊ အရပ်ဖက် လူ့အဖွဲ့
အစည်းများမှ လက်ရှိမြန်မာနိုင်ငံရေး အခြေအနေနဲ့ အကိုက်ညီဆုံး
ဖြစ်တဲ့အကူအညီတွေကို ပွင့်လင်းမြင်သာမှု ရှိရှိ ပေးအပ်သွားဖို့လည်း
မေတ္တာရပ်ခံ လိုပါတယ်။
နိုင်ငံတကာမိတ်ဆွေများ အားလုံးရဲ့ အကူအညီတွေ၊
အိမ်နီးချင်းနိုင်ငံတွေရဲ့ အကူအညီ၊ ကျွန်တော်တို့ ပြည်သူလူထုတွေရဲ့
တက်ကြွစွာ ပါဝင်ပူးပေါင်းဆောင်ရွက်မှု ခွန်အားတွေနဲ့ အတူ
အမေရိကန်ပြည်သူတွေရဲ့ ကူညီထောက်ပံ့မှုတွေကြောင့် ဒီပြုပြင်ပြောင်းလဲရေး
လုပ်ငန်းစဉ်များ အောင်မြင်လိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ ရိုးသားစွာ
ယုံကြည် မျှော်လင့် ပါတယ်။
မိတ်ဆွေများ အားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ။
အားလုံးကို ကျေးဇူးတင်ပါတယ်။

2 comments:
While interviewing with VOA , Thein Sein blamed local ethnic Insurgents groups for the country getting poor.
In fact, Ne win, Than Shwe and their cronies have completely destroyed the country natural resources, the life of burmese people , the culture and the Burmese people’s morale for six decades.
When the cronies were granted too much favors by the generals, corruption had been intertwined between cronies and the generals.
While the Burmese military generals (authority) and cronies are getting rich overnight by stealing and selling nationals resources to China , The 99% of Burmese population are getting poor day by day.
The main three country infrastructures like water supply, electricity and transportation are still very poor conditions.
Thein Sein’s government is just a puppet government.
To the above Anonymous, 22May 2013 05:40; You are totally
blind and most foolish person, even though President Obama
says "Myanmar" and you are still saying Burma. You are
really fucking minded and always look at dark point of view.
Myanmar people are not 99% poor in the country, may be
you are the only one most poorest Dimo beggar in the world,
you must be very fucking ass-hole refugee prostitute
homeless and your generation from dog, you have no
respect to call our President without using "U", I know who
you are, you must be fucking Ma A-tar who was asking in
VOA interview, you must be very careful I am living not too
far from your place soon I will come and terminate you, I'll
kill you. I know what you are doing, you saw me sometime in
somewhere, you don't know me but I'll kill you soon.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်