Subscribe to our RSS Feed

အနားပေးခံရသော ဆရာမဒေါ်စိုးစိုးခိုင် အတွက် ဆရာမများတောင်းဆိုနေကြပြီ

From : .. http://myanmarnewsupdates.blogspot.com/2013/08/blog-post_1044.html

 အခုတလောသတင်းတွေထဲမှာ Hot နေတဲ့ သတင်းတစ်ခုဖြစ်သော ဆရာမဒေါ်စိုးစိုးခိုင်နှင့် ပတ်သတ်ပြီး ပြောချင် ပါတယ်။ ဆရာမဒေါ်စိုးစိုးခိုင်အနေနဲ့ ဘာကြောင့်ဖြစ်တယ်၊ ဘာလို့  ဖြစ်တယ် ဆိုတာ ရဲရဲတင်းတင်းမှန်မှန်ကန်ကန် ဖြေရှင်းသင့်ပါတယ်။ မသိရင် ၈၈၈၈ ငွေရတုပွဲတက်လို့ ပညာရေးဝန်ကြီးဌာနက အနားပေး သယောင်ယောင်ဖြစ်အောင် လုပ်နေ တာတွေ့ ရတာ စိတ်မ ကောင်း စရာပါ။ ပညာရေးဝန်ကြီး ဌာနကနေ ရှင်းထားတာခွင့်ရက် ကျော်လွန်လို့  အနားပေး လိုက်တယ် ဆိုတာတွေ့ရပါတယ်။ အမှန်အတိုင်း ပြောရရင်တော့ အခုလိုပညာရေး အဆင့်မြှင့် တင် နေတဲ့ အချိန်မှာအခုလိုတာဝန်ချိန်လဲမလေးစား၊ ခွင့်ရက် တွေလဲကျော်ယူတယ်ဆိုတာ လုံးဝ မဖြစ်သင့် ပါဘူး။ အခုလို စံပြပုံစံမျိုးပြုလုပ်သင့်တယ်လို့ ထင်ပါတယ်။

ကျမတို့ မြန်မာနိုင်ငံသည်ဒီမိုကရေစီစနစ် ပြောင်းလဲကျင့်သုံးပြီးကတည်းက အဘက်ဘက် ကနေ ဘက်စုံပြင်ဆင်နေသည်ဖြစ်ကာ ပညာရေးဘက်တွင်လည်း ပြုပြင်ပြောင်းလဲ မှုများကိုကြုံတွေ့ နေရ ပြီဖြစ်ပါတယ်။ ယခုလိုပြောဆိုခြင်းကြောင့် ကျမသည် အစိုးရဘက် တော်သားလဲ မဟုတ်ရပါ။ အတိုက်အခံ ဘက်တော်သားလဲ မဟုတ်ရပါ။ သမ္မတကြီး ဦးသိန်းစိန်နှင့် အန်တီစုတို့၏ ပူးပေါင်း လုပ်ဆောင်မှုများကို အမြဲတမ်းအားပေးနေသူပါ။ သမ္မတကြီးနှင့် အန်တီစုတို့ သည်လည်း ပညာရေးခေတ်မှီ တိုးတက်အောင်ဆောင်ရွက်နေ စဉ်လက်အောက်မှ လုပ်ဆောင်ကြသောဆရာ၊ ဆရာမသည်လည်း မိမိတာဝန်ကိုမိမိကျေပွန်အောင် ထမ်းဆောင်ကြမှသာလျှင် ပညာရေးသည် အမှန်တကယ်ခေတ်မှီ တိုးတက် မည်ဖြစ်ပါသည်။ ရှေ့မှလူကြီးများက လမ်းကြောင်းဖြောင့်အာင် သွားနေ စဉ် နောက်မှလိုက် သောသူများက လမ်းကြောင်း အကောက် လိုက်လျှင် ရည်မှန်းချက် ပန်းတိုင်ကို လွယ်ကူစွာ ရောက်မည်မဟုတ်ပါ။ ထို့ အတွက် မိမိတာဝန် မိမိကျေပွန်အောင် ထမ်းဆောင် ဖို့ လိုအပ်ပါသည်။
   ကျမအသိကျောင်းသားမိဘတစ်ယောက်ပြောဖူးတယ်။ "ဆရာမရယ်သားကို ကျောင်းသာ လွှတ်ရတယ်။ ဆရာ မလာရတာနဲ့၊ လာတဲ့ဆရာကလဲ စာသိပ်မသင်တာနဲ့ ကျမတို့ လဲ ဘယ်လို လုပ်ရပါ့ မလဲကို မသိပါဘူးတော်"ဟုပြောခဲ့ဖူးပါသည်။ အဲ့ဒီတုန်းကတောင် စဉ်းစား မိတယ်။ တချို့  ဆရာက ခွင့်ပြန်တာတို့ ဘာတို့ ဆို အစားဆရာတစ်ယောက် ၀င်ရတယ်။ အစားဝင်ပေး ရတယ် ဆိုတာ ကလဲ ကိုယ့်အချိန်ကိုယ် အပျက်ခံပြီးဝင်ရခြင်း မဟုတ်ပါ။ ကိုယ့်အချိန်လဲသင်၊ သူများ အချိန်လဲ ၀င်သင်ပေးရ တာပေါ့။ အဲ့ဒီမှာအခုဖြစ်သွားတဲ့ ဆရာမ လိုခွင့်ရက်တွေ အများကြီး ကျော်လွန်ပြီး နေမယ်ဆိုရင် သူ့ အစားဝင်သင်ပေးရတဲ့သူက ကောကြာလာရင် ဘယ်လုပ်ပြီး လုပ်ပေး ချင် ပါတော့မလဲ။ အဲ့တာတွေကို အခုလိုခွင့်ပြန် နောက်ကျတဲ့ ဆရာမဒေါ်စိုးစိုးခိုင် သေချာ စဉ်းစားသင့်တယ်။

    နောက်ပြီးအခုဖြစ်စဉ်ကို ခေါင်းစဉ်တပ်တာက ၈၈၈၈ငွေရတု ပွဲတက်လို့  ဆိုပြီးတော့ ခေါင်းစဉ် တပ်ထား တာတွေ့ ရပါတယ်။ တကယ်ကတော့ ကျမထင်တာ မဆိုင်ဘူး ထင်တယ်။ ကျမလဲ ၈၈၈၈ ငွေရတုပွဲမှာ ဒံပေါက်တောင် သွားစားကြသေးတယ်။ နောက်ပြီး ကိုမင်းကိုနိုင် တို့ စကားပြော တာ တွေတောင် နားထောင်ခဲ့ ပါသေးတယ်။ ကျမတစ်ယောက် ထဲမဟုတ်ပါ။ ကျမ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေလဲပါပါတယ်။ ၈၈၈၈ ငွေရတုပွဲတက် လို့ အလုပ်ဖြုတ်ကြေးဆိုရင် ကျမ တို့ သူငယ်ချင်းတွေ အုပ်စုလိုက်ကြီး အလုပ်ဖြုတ်ခံရ မှာပေါ့။ အဲ့ဒီလို မဆိုင်ရာကို ခေါင်းစဉ် တက်တာ ကတော့ ၈၈၈၈ ငွေရတုပွဲ ကိုကော၊ အဲ့ဒီဆရာမကို ခွင့်ရက် ကျော်လို့ အနားပေး လိုက်တဲ့ သူတွေအတွက်ကော မကောင်း ဖြစ်သွားစေ ပါတယ်။ ကျမတို့  မြန်မာစကားပုံ လိုပေါ့။ "ထန်းသီးကြွေခိုက်၊ကျီးနင်းလိုက်ဆို သလို" သူ့ဟာ သူခွင့်ရက်တွေ ကျော်လွန်ပြီး ၀န်ထမ်း စည်းကမ်း ဖောက်ဖျက်တာ ၈၈၈၈ ပွဲနဲ့  တိုက်သွားတော့ အံဝင် ဂွင်ကျဖြစ်သွား တာပေါ့။

ကျမအနေနဲ့ ဆရာမအချင်းချင်း ကိုယ်ချင်းမစာလို့ ပြောတာ မဟုတ်ပါ။ကျမလဲ ၀န်ထမ်း တစ်ယောက် အနေနဲ့ တာဝန်ထမ်းဆောင် နေရင်းခွင့် ရရင်ပြန်ဖြစ်ပါတယ်။ ခွင့်ရက် စေ့လို့ ပြန်ခါ နီးဆို ပြန်ဖို့ ကိုယ့်ကိုကိုယ် တွန်းအားပေးရတာ။ ခွင့်ရက်ကျော်မှာ စိုးရိမ်လို့ ပါ။ ခွင့် ရက် ကျော်လွန် တာထက် ကျမတပည့်လေးတွေနဲ့ ကျမပြန်မရောက်ရင် ကျမအစားဝင်ပေး မယ့် ဆရာ/ ဆရာမ တွေရဲ့  စိတ်တွေကို တွေးရင်းနဲ့ အချိန်မှန် ရောက်အောင်ပြန်ရတာပါပဲ။ ကျမတို့လိုကျောင်း ဆရာမ၀န်ထမ်းတွေ တင်မဟုတ်ပါဘူး။ ၀န်ထမ်းတိုင်းမှာ တာဝန်ချိန် ပျက်ကွက်ရင် ဘာဖြစ်တယ် ဆိုတာ သူ့ စည်းကမ်းနဲ့ သူ၊ သူ့ စည်းမျဉ်းနဲ့ သူ ရှိပါတယ်။ လက်နက်ကိုင် အဖွဲ့ အစည်းတွေ ဆိုပိုတောင် ဆိုးပါတယ်။ အခန့် မသင့်ရင်သေဒဏ်တောင် ကျနိုင်တဲ့ တာဝန်ချိန် ပျက်ကွက်မှု စည်းကမ်းတွေ ရှိပါတယ်။ ကျမတို့ နိုင်ငံသားတွေ အတွက် လဲ စိတ်မကောင်းတာ တစ်ခုက တစ်ခုခုဖြစ်ပြီ ဆိုဘယ်လို လုပ်စားမလဲ၊ ဘယ်လိုအကြောင်း ပြရမလဲဆိုတာပဲတွေးတတ်ကြပြီး ပြသနာကို ရဲရဲ တင်းတင်း ဖြေရှင်းဖို့ ဝန်လေးနေတတ်ကြ ပါတယ်။ အဲ့လိုတွေကြောင့်လဲ အခုလိုတွေဖြစ်နေ တယ်လို့ ထင်ပါတယ်။
     ကျမအနေနဲ့ အခုပြောချင်တာကတော့ အဲ့ဒီခွင့်ကျော်လွန် နေထိုင်ပြီး ၈၈၈၈ငွေရတုပွဲ တက်လို့ ဆိုပြီး ခေါင်းစဉ်တက်ထားတဲ့ ဆရာမဒေါ်စိုးစိုးခိုင် အနေနဲ့ ကိုယ့် တာဝန်ကို ကိုယ်တိုင် ဖြေရှင်းသင့်ပါတယ်။ ဆရာမအတွက် ၈၈၈၈ ငွေရတုပွဲကိုလဲ အကျည်းမတန် စေချင်ပါ။ ပညာရေးဝန်ကြီးဌာနကိုလဲ တောင်းဆိုချင်တာ ကတော့ နောင်လဲ စည်းကမ်း မလိုက်နာတဲ့သူ ဆိုလျှင် စာရေးသူ ကျမကစပြီး ထိထိရောက်ရောက် အရေးယူပေးပါလို့ တောင်းဆိုပါရစေရှင်။ သို့ မှသာလျှင် နိုင်ငံတော်မှ ပြုပြင်ပြောင်းလဲ လျှက်ရှိတဲ့ ပညာရေး စနစ်သည်လဲ အမှန်တကယ် ထိရောက် မည်ဖြစ်ပါသည်။ ဒေါ်စိုးစိုးခိုင်အနေဖြင့် လဲ ကိုယ့် တာဝန် ကိုယ်ယူနိုင်သော ၀န်ထမ်းကောင်း တစ်ယောက် ဖြစ်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါသည်။
ဒေါ်ခင်နွယ်ဦး(အ.ထ.ပြ)
အမှတ်( )၊အခြေခံပညာအထက်တန်းကျောင်း၊
ရန်ကုန်တိုင်းဒေသကြီး။

မှတ်ချက်။   ။ပေးပို့ ဆရာမ၏ ကျောင်းအမှတ်နှင့် မြို့ နယ်များကိုလိုအပ်ချက် အရဖြုတ်ထားပေး ပါသည်။


.. www.MyanmarExpress.net
 

7 comments:

Bull shit Myanmar News Update and the writer "Sayarma".
I want to request MEG not to post this kind of article. It is a waste of time.

အစိုးရ၀န်ထမ်းက ၀န်ထမ်းတာဝန်မကျေတာ၊
ကျောင်းဆရာမ ကျောင်းဆရာမတာဝန်မကျေတာ၊
အများကြီး အများကြီးပါဗျာ။
အထက်က လူကြီးတွေဘယ်လို ကောင်းတာလုပ်နေနေ
အောက်ခြေအတော်များများမှာ
အမြစ်တွယ်နေတဲ့ ၀န်ထမ်းကောင်းစိတ်မဲ့သူတွေကို
ပြတ်ပြတ်သားသားသာ ကိုင်တွယ်ပလိုက်ကြပါ။
ခုခေတ်မှာ ဆရာ/ဆရာမ ဆိုတဲ့အာစရိယ
တော်တော်များများဟာ
အနန္တငါးပါးထဲ မထိုက်တန်သူတွေ
တော်တော်များပါတယ်။
( စနေသား )

အဲဒီ ဒေါ်ခင်နွယ်ဦး အပိုတွေပြောမနေနဲ့ အလုတ်ထုတ်တဲ့အကြောင်းပြချက်ကို ခိုင်မာရင် အရင်ကတည်းက တိတိကျကျ ထုတ်ပြန်ပါလား ခုတမျိုး တော်တမျိုးနဲ့ တောပြောတောင်ပြော

စနေသားဆိုတဲ့ကောင် မင်း ခဏလောက်ဝန်ထမ်းဘ၀၀င်ကြည့်ပါလား ငါတို့ အောက်အဆင့်ဝန်ထမ်းတွေဟာ တသက်လုံးခေါင်းငုံ့  နေခဲ့ရတဲ့ကောင်တွေကွ ဘယ်တုံးကမှလူမွေးလူရောင်ပြောင်ခဲ့ဘူးတာမဟုတ်ဘူး ဒီလောက်လစာ၉၀၀၀၀ိနဲ့ မင်းမိန်းမ ကလေး၃ယောက်ကိုကျွေးကြည့်စမ်းပါ ဘေါင်းဘီချွတ်ကျောင်းတက်ရုံးတက်ဖို့ဘဲရှိမယ် ကျုရှင်ပြစားပြီးကြီးပွါးနေတဲ့ဆရာမခင်မျိုးနွယ်လဲမှတ်ထားပါ ခင်ဗျားတို့အဆင်ပြေတိုင်းအစိုးရကိုသိပ်ဖါးမနေနဲ့

ဟုတ်လိုက်လေ

1-NORMALLY GOVERNMENT LAID DOWN THE RULES
AND REGULATIONS FOR ALL EMPLOYEES.
2-NORMALLY ALL ACTION TAKEN BY DEPARTMENTAL
ACTIONS ARE VERY FAIR AND REASONABLE EXCEPT
FEW EXCEPTIONS.
3-OF COURSE MAY BE SOME LAWS,RULES AND REGULATION SHOULD REVISE OR UPDATE.
4-SOMETIMES VERY SURPRISE TO READ NEWS ABOUT
SOME AUTHORITY TOLD TO THE MEDIAS OR INTERESTED GROUPS SUCH AS:
THEY WILL TAKE LEGAL ACTIONS FOR SO AND SO ETC..
5-WE CONSIDERED THOSE KIND OF ANNOUNCEMENT
SHOULD NOT MAKE WITHOUT SUPPORTING LAWS,RULES AND REGULATIONS.
6-WE ALL UNDERSTAND THE AUTHORITY CAN TAKE
PROPER LEGAL ACTIONS STEP BY STEP AS LAID
DOWN IN THE GUIDELINE AS PER LAW,RULES AND
REGULATIONS.
7-WE ALL KNEW AND UNDERSTOOD AUTHORITY CAN
EXERCISE HIS/HER POWER AND GIVE DECISION
AND ACTION DEPEND UPON THE CASE BY CASE BUT
WITHIN THE FRAME OF HIS/HER AUTHORITY.
8-SOMETIMES EXISTING LAWS ARE MORE FAVOURABLE
EITHER AUTHORITY OR EMPLOYEES.
9-ALL EMPLOYEES MUST HAVE RIGHT TO APPEAL OR
ALTERNATIVE LEGAL ACTION AND AUTHORITY ALSO MUST HAVE "FIRING AND HIRING" POWER TO
RUN THE ADMINISTRATION SMOOTHLY.
10-WE DID NOT KNOW THE PRESENT DAY RULES
AND REGULATIONS BUT IN OLDEN DAYS WE FOUND UNFAIR RULES AND REGULATION BECAUSE USING
"G-CIRCULAR",NOT ALLOW PREFIX AND SURPIX
WITH OFFICIAL HOLIDAYS AND REQUESTED
HOLIDAYS,RESTRICTION ON CASUAL LEAVE,EARNED LEAVE COULD NOT SAVE MORE THAN FOUR MONTHS,
COULD NOT GET THE LEAVE WHEN REQUESTED,FORCE
TO RETIRE,ALLOW TO RESIGN ON HIS/HER OWN WILL AND WITHOUT BENEFITS,NO PENSION,NO GRATUITY AND LOSS OVER 20 YEARS OF SERVICES AND
SOMETIMES REFUSE TO GET PENSION BECAUSE
GOVERNMENT STATESCHLARS AND SO MANY THINGS.
11-OBSERVED SOMETIMES GOVERNMENT ALLOWING
TOO MANY HOLIDAYS IN MYANMAR NEW YEAR AND
COULD NOT UNDERSTAND.
MANY EMPLOYEES MAY NOT LIKE THE TRUE COMMENTS.
THE MAIN REASON IS THE WHOLE GOVERNMENT
MACHINERY SHOULD NOT STOP OR INTERRUPTED
DUE TO LONG BREAK IN NEW YEAR.OF COURSE WE
CAN ALLOW FOR LONG BREAK BY ROTATION AND NOT
TOTAL STOP.
12-NOTICED EMPLOYEES BEHAVIOURS;
DO NOT RESPECT ONE DEPARTMENT TO ANOTHER DEPARTMENT.
OUR GOVERNMENT LAID DOWN RULES AND
REGULATIONS AND EMPLOYEES ARE USING AS A PERSONAL GAIN BASE ON THE POWER THEY HAVE.
MONEY IS THE SECRET KEY/PASS KEY TO OPEN
ALL CLOSING DOORS.
ALL CASES CONNECTED WITH CITIZEN ARE TAKING
TOO LONG TO FINISH/COMPLETE.
NOTICED SOME CASES TAKING MANY YEARS AND PASSING THROUGH MORE THAN FIVE COURTS BUT
RIGHT AND FAIR DECISION NOT YET RECEIVED.
ALL EMPLOYEES CHOOSING AND ACCEPTING POSITION
SHOULD HAPPY WHAT THEY GET AND THEY SHOULD NOT FEEL REGRET OR DOWNGRADED.
UNDERSTAND INCOME SALARY AND THE COST OF
LIVING.
OUR GOVERNMENT REVISING SALARY BUT CANNOT
MATCH THE COST OF LIVING.
FOR EXAMPLE;TODAY OUR EMPLOYEES GET THE PAY
INCREASES BUT TOMORROW EMPLOYEES HAVE TO PAY
MORE FOR CONSUMABLE GOODS BECAUSE ALL TRADERS,
MERCHANTS,COMPANIES AND INCLUDING ROADSIDE
HAWKERS ARE INCREASING PRICES FOR MORE BENEFITS.
THE ANSWER IS EMPLOYEES STILL SUFFERING
DAY BY DAY.
WE NEED OUR GOVERNMENT TO CONTROL CONSUMERS MARKET AND INFLATION MAY BE IT IS THE VERY HARD JOB TO ACCOMPLISH.WE NEED EXPERT ADVICE.
EVERYBODY KNOW OUR PRESENT DEMOCRATIC
GOVERNMENT DONE MANY IMPROVEMENT WITHIN 30 MONTHS AND MAY BE ACHIEVE MORE AND MORE IMPROVEMENT WITHIN NEXT 30 MONTHS.
WE ALL HAVE TO WAIT FOR MORE YEARS TO FULFILL
OUR DREAM COME TRUE.
NEEDED EMERGENCY POLICE HELP FOR SOME OCCASIONS.
FOR EXAMPLE;
LADY OFFICIALS/MAN OFFICIALS CANNOT CHALLENGE AGAINST STRONG AGGRESSIVE MEN TO ACCOMPLISH HIS/HER LEGAL DUTY UNLESS HE/SHE CAN GET POLICE HELPS.
MANY WOMEN AND CHILDREN AND WIVES NEED HELP
IF THE ENCOUNTER MISTREATMENTS FROM HUSBANDS
ETC..

PLEASE DO NOT FEEL BAD BECAUSE EVERY COUNTRY
HAVE THE SIMILAR PROBLEMS DAY TO DAYS AND
ALL ARE NOT MUCH DIFFERENT.

WROTE THIS COMMENTS FOR GOOD INTENTION AND FURTHER IMPROVEMENTS.
THANK YOU.

ဟကောင်ရ
လူဆိုတာ သူ့နေရာ သူ့အခြေအနေနဲ့သူ
အကောင်းဆုံးသည်းခံနေရတာပဲကွ။
မပျော်လို့ မလောက်ငလို့ ဆိုပီး
လုပ်ချင်တာလုပ်လို့ ဖြစ်မလား။
လခစား ၀န်ထမ်းဆိုတာ အစိုးရ၀န်ထမ်းမှမဟုတ်ဘူး
ဘယ်ဝန်ထမ်းဖြစ်ဖြစ် ကိုယ့်တာဝန်ကိုတော့
ကျေပွန်အောင် လုပ်ပေး၇မှာပေါ့။
ခု အစိုးရက ပေးထားတဲ့လစာက အရင်ထက်စာရင်
အများကြီး အများကြီး အဆင်ပြေပါတယ်ကွာ။
ငါလည်း ၀န်ထမ်းဘ၀ကလာတာပါ။
ခုအခြေအနေထက် အများကြီးနည်းပါးတဲ့ခံစားခွင့်နဲ့
ရုန်းကန်လာရတာပါ။
ဒါပေမယ့် ဘာတတ်နိုင်မှာလဲ
ကိုယ်ပိုင်စီးပွားေ၇းလုပ်ကိုင်ဖို့ အ၇င်းအနှိးက၇ှိတာလည်းမဟုတ်
ရထားတဲ့ ဘွဲလေးကလည်း ဘယ်တောမှမ၀င်
ဒီတော့ ဘွဲရတစ်ယောက်အနေနဲ့
ကြုံရာကျပန်းမှာ မလုပ်ချင်တဲ့ ပညာမာနလေးနဲ့
ရေရှည်အာမခံချက်ရှိတဲ့ အစိုးရ၀န်ထမ်းအလုပ်ကို
ခက်ခက်ခဲခဲ ဖြတ်သန်းရုန်းကန်လာသူပါ။
ခု ကိုယ်ဆိုလိုတာက
ဝန်ထမ်းဟာ ၀န်ထမ်းလိုမနေတာ
ဝန်ထမ်းစိတ် မထားတာကို ဆိုလိုတာပါ။
ဝန်ထမ်းထဲကမှ ပညာရေးဝန်ထမ်း
ကျောင်းဆရာမ တစ်ချို့ကို ရည်ရွယ်တာပါ။
ကိုယ့်အမြင်၊ ကိုယ့်အတွေ့အကြုံသက်သက်ပါ။
ဘာပဲဖြစ်ဖြစ် ကိုယ့်လူကို ကျေးဇူးတင်ပါတယ်။
( စနေသား )

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်