အသစ်ခန့်လိုက်သည့် NLD ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့် မှ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့မှုနှင့် ပတ်သက်ပြီး ဆွေးနွေးသည့် အကြောင်း အရာများကို မေးမြန်းရာ ၎င်းအနေဖြင့် အသေအချာ ဘာမှမသိသလို ဘာမှပြောပိုင်ခွင့်မရှိဟု ဖြေကြားခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အတိုက်အခံခေါင်းဆောင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ သြဂုတ် ၃၁ ရက် ညနေ ၃ နာရီက နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်ရှိ နိုင်ငံတော်သမ္မတ လယ်တောအိမ်၌ သီးခြားတွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။
ယင်းတွေ့ဆုံမှုနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်သို့ ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ရှိသူများက တွေ့ဆုံခဲ့မှုကို အတည်ပြုခဲ့သော်လည်း ဆွေးနွေးမှု အကြောင်းအရာများကို သူမသိကြောင်းနှင့် ထုတ်ဖော်ပြောကြားရန် ငြင်းဆိုခဲ့သည်။
"ဒီနေ့ ညနေ ၃ နာရီ သမ္မတရဲ့ လယ်တော ဆောင်မှာ သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ပါတယ်။ ဘာကိစ္စတွေ ဆွေးနွေးလဲ မသိပါဘူး။ ထုတ်ပြန်ဖို့လည်း မရှိပါဘူး။ ဒီတွေ့ဆုံမှုက ရုတ်တရက် ဖြစ်လာတာလား၊ အစီအစဉ် တကျဖြစ်လာတာ အဲဒါကိုလည်း မပြောနိုင်ပါဘူး" ဟု ဦးဝင်းမြင့်ကဆိုသည်။
ဦးဝင်းမြင့် နှင့် ဦးဖြိုးဇေယျာ်သော်တို့အား ပြီးခဲ့သည့် အပတ်ကမှ NLD ပြောရေးဆိုခွင့်ရှိသူ အဖြင့် ခန့်အပ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။
.. www.MyanmarExpress.net
4 comments:
ဘာမှမပြောရဘူးဆိုရင် ဘာမှမလုပ်ဘဲ နေပေါ့လဒ။
ကောင်းတာပေါ့။
သိသင့်တယ်ထင်ရင်ပြောလိမ့်မယ် အဲဒါဆိုသဘောပေါက်
ဒီမိုကရေစီဆိုတာဒါဘဲ၊ ခေါင်းဆောင်ဖြစ်ရင် လုပ်ချင်တာလုပ်လို့ ရပြီ။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်