From :
..eleven
လူမှုကွန်ရက် အင်တာနက် စာမျက်နှာများမှတစ်ဆင့် ပြည်သူများအား အထိတ်တလန့်၊ စိတ်အနှောင့်အယှက် ဖြစ်စေနိုင်သည့် အကြောင်းအရာများနှင့် လှုံ့ဆော်သည့် ဖြစ်စဉ်များကို စစ်ဆေးတွေ့ရှိပါက အီလက်ထရွန်နစ် ဆက်သွယ် ဆောင်ရွက်ရေးဥပဒေဖြင့် ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယ ရဲမှူးကြီး မြင့်အေးက ပြောကြားသည်။
ယင်းကဲ့သို့ လူမှုကွန်ရက် အင်တာနက် စာမျက်နှာများမှ တစ်ဆင့် လှုံ့ဆော်မှုများကို အရေးယူ ဆောင်ရွက်မှုများသည် ယခင်ကတည်းက ရှိနေသော်လည်း နည်းပညာလိုအပ်ချက်များကြောင့် ထိရောက်စွာ အကောင်အထည် မဖော်နိုင်သေးကြောင်း သိရသည်။
ထိရောက်စွာ အရေးယူနိုင်ရန်အတွက် နိုင်ငံတကာမှ နည်းပညာများကို ရယူကာ နည်းဥပဒေကိုလည်း ရေးဆွဲနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်အေးက အောက်တိုဘာ ၁ ရက်က ပြောကြားသည်။
''အဲဒီလို အင်တာနက် စာမျက်နှာတွေကနေ လှုံ့ဆော်တာတွေ၊ မဟုတ်မမှန်တာတွေ၊ ထင်ယောင်ထင်မှား ဖြစ်မယ့်အကြောင်းအရာ ဓာတ်ပုံတွေ တင်တာတွေကို ထိရောက်စွာ အရေးယူဖို့အတွက် စီစဉ်နေပါတယ်။ ဒါပေမဲ့ အခုလိုမျိုး ကျူးလွန်တဲ့သူတွေကို အရေးယူနိုင်ခြင်း မရှိသေးတာက တိတိကျကျ စစ်ဆေးနိုင်မယ့် နည်းပညာတွေ မရှိသေးလို့ ဖြစ်ပါတယ်။ အခု နည်းဥပဒေ ရေးဆွဲနေတယ်။ ဒီလို ကျူးလွန်တဲ့သူတွေကို အရေးယူဖို့ ပြည်သူတွေကလည်း ရဲတပ်ဖွဲ့နဲ့အတူ ပူးပေါင်းပါဝင်ဖို့ လိုပါတယ် '' ဟု အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးက ဆက်လက်ပြောကြားသည်။
ကျူးလွန်သူများကို အီလက်ထရောနစ် ဥပဒေဖြင့် အရေးယူသွားမှာဖြစ်ပြီး ပြစ်မှုအပေါ်မူတည်၍ အနိမ့်ဆုံး ထောင်ဒဏ်သုံးနှစ် ကျစေနိုင်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့နေသော ရွှေပြည်သာမြို့နယ်တွင် မည်သူ သတ်သွားမှန်းမသိသော အမျိုးသမီးအလောင်းတစ်ခု တွေ့ရှိဆိုသည်သတင်းမှာ မှန်ကန်မှုမရှိကြောင်းနှင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းတွင်လည်း ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ သတင်းထုတ်ပြန်ရေးတပ်ဖွဲ့မှ သိရသည်။
.. www.MyanmarExpress.net

6 comments:
Very Good. Do not pay attention to UN or any other countries criticism, Our national interest and security is more important than their opinion.
ကျနော့အမြင်ကတော့ ကုလားအကြောင်းရေးတဲ့ မြန်မာတွေကို ဦးတည်ပြီးပြောထားတယ်လို့ထင်ပါတယ်။ ရဲတွေက ကလားတွေ ဥပဒေဖေါက်ရင် အရေးယူပေးရဲတာမျိုးရှိခဲ့ရင် အဓိကရုဏ်းဆိုတာ ဖြစ်လာဖို့ နည်းပါတယ်။ ရဲတွေက ကုလားတွေ ဥပဒေမဲ့ လုပ်ရပ်ကို အမှုဖွင့်ရင် မသိဟန်ဆောင်ကြတယ်။ ဥပဒေက အကာအကွယ်မပေးတဲ့အတွက် မြန်မာတွေက မိမိကိုယ်ကို ကာကွယ်နေရာကနေ ပြဿနာဖြစ်တာပါ။ ဒေါ်စုက အားကိုးလို့မရ။ ရဲကလဲ အားကိုးလို့မရ။ သိန်းစိန်ကြီးကလဲ အားကိုးလို့မရဖြစ်နေတယ်။
တတားဦး ထောက်ရစ်ကွင်း
မြေတိုင်းစာရေး သည်
ထောက်ရစ် ရွာသား ဦးထွန်းထွန်း ထံမှ
မြေယာ လုပ်ပိုင်ခွင့် လက်မှတ်အတွက်
ငွေ ဆယ်သိန်း မတရာနည်း နဲ့ ရယူထား
ပါကြောင်း တတားဦး မြို့နယ် ဥက္ကဋ္ဌ
သိစေရန် နှင့် အရေးယူ နိုင်ရန်
တင်ပြအပ် ပါသည်
ရိုဟင်ဂျာဘာသာရေးနယ်ချဲ.တွေ နဲ. မြန်မာမွတ်ဆလင် မီဒီယာလို.ခေါ်နေတဲ ပြည်တွင်း မွတ်ဆလင် အကြမ်းဖက်တချို.ရဲ. ဟန်ချက်ညီလှုပ်ရှားမှု ၊ ကုလသမဂ္ဂ ညီလာခံ အမှီ ချိန်ကိုက်လုပ်ဆောင်မှု ဟာ ဒီတခါလည်းအောင်မြင်သွားပြန်ပါပြီ။ ဒီဖြစ်စဉ်တွေဟာ သာမန် ဖြစ်စဉ်တွေ မဟုတ်ပဲ တမင် ဖန်တီးလှုပ်ဆော်သွေးထိုးပေးနေတဲ. အစွန်းရောက် မွတ်ဆလင် ဘာသာရေး ခေါင်းဆောင် တွေကို နိင်ငံတကာမှာဖေါ်ထုတ် အရေးယူနေတာကို သိရဲ.သာနဲ. လက်ရှိအစိုးရအနေနဲ. ဘာဖြစ်လို. အရေးယူ စုံစမ်းထုတ်ဖေါ်မှုတွေမလုပ်တာလည်း ၊ မြန်မာနိင်ငံလူ.အဖွဲ.အစည်းဟာ အစစအရာရာ ပြောင်းလည်နေပါပြီ ၊ ဗုဒ္ဓဘာသာ ၀င်တွေဟာ အရင်တုံးက ဗုဒ္ဓဘာသာဝင်တွေနဲ. မတူတော.သလို ၊ မွတ်ဆလင်ဘာသာဝင်တွေကလည်း ဟိုအရင်တုံးကလို ရိုးသားတဲ. မွတ်ဆလင်တွေပါလို. ဘယ်သူကမှ အာမခံ မှာ မဟုတ်တော.ဘူး ၊ အဲဒီတော. ခေတ် မှီတဲ. ပြသနာတွေကိုဖြေရှင်းမယ်ဆိုရင် ခေတ် နဲ.အညီ တခြားနိင်ငံတွေ လို ဒီအကြမ်းဖက်မှု ဘယ်လိုဖြေရှင်းမလည်းဆိုတာကို မဟာဗျုဟာ ချပြီးလုပ်ဆောင်ဖို. အချိန်ရောက်ပြီလို. နိင်ငံသားတယောက်အနေနဲ.အကြံပြုပါရစေ ။ ပြောင်းလဲနေတဲ.လူ.အဖွဲ. အစည်းကို အရင်တုံးကလို ပဲထင်နေရင် အရင်တုံးကတောင်အတူနေကြတာပဲ လိုတွေးနေရင် တော. တော်တော် မိုက်မဲတဲ.အကြံပေး စိတ်ကူးယဉ်မှုလို.ပဲပြောချင်ပါတယ် ။
look like this situation.
let wait and see.
if it is threaten to comment writers no
body will write comments.
we like read the laws.
may be this laws aim to shut public opinion.
we cannot save our people.
ဘာမှမသိချင် မကြားချင်တော့ပါ နိုင် ငံငြိမ်းချမ်းစေချင် တယ်
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်