Subscribe to our RSS Feed

တိုင်းရင်းသားများကို ကိုယ်ပိုင်အုပ်ချုပ်နိုင်ရန် အာဏာပြန်အပ်မည်

From : .. eleven


နိုင်ငံရေး ဆွေးနွေးပွဲတွင် တိုင်းရင်းသားများ တောင်းဆိုမည့် အချက်များကို ကြိုတင်တွက်ထားပြီးဖြစ်ကာ အာဏာခွဲဝေရေး၌ တိုင်းရင်းသားများ ကိုယ့်ပြည်နယ် ကိုယ်အုပ်ချုပ်နိုင်ရန် အာဏာပြန်အပ်မည်ဟု ၀န်ကြီးဦးအောင်မင်းဆို

နိုင်ငံရေး ဆွေးနွေးပွဲတွင် တိုင်းရင်းသားများ တောင်းဆိုမည့် အချက်များကို ကြိုတွက်ထားပြီးဖြစ်ကာ အာဏာခွဲဝေရေးတွင် တိုင်းရင်းသားများ ကိုယ့်ပြည်နယ် ကိုယ်အုပ်ချုပ်နိုင်ရန် အာဏာပြန်အပ်မည်ဟု သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက နိုဝင်ဘာ ၃၀ ရက်က ပြောကြားသည်။

ရန်ကုန်တက္ကသိုလ် စိန်ရတု ခန်းမတွင် ပြုလုပ်သော "တည်ငြိမ်အေးချမ်းသည့် နိုင်ငံတော် တည်ဆောက်ရေးတွင် လူထုအခြေပြု အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ" ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ရှေ့ဆက်ဆောင်ရွက်မည့် အခြေအနေများကို အရပ်ဘက် လူမှုအဖွဲ့အစည်းများအား ရှင်းပြစဉ် ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက "နိုင်ငံရေး ဆွေးနွေးပွဲမှာ သူတို့ (တိုင်းရင်းသားတွေ)ဘာကို တောင်းဆိုမလဲ။ ကျွန်တော်တို့တွေ ကြိုပြီးတွက်ထား ပြီးသား။ ကျွန်တော်တို့က ဒီတိုင်းရင်းသားတွေနဲ့ အကြိမ်နှစ်ရာလောက် တွေ့ထားပြီးသား" ဟု ဆိုသည်။ တိုင်းရင်းသားများ လိုလားသည့် အချက်များမှာ တန်းတူညီတူ အခွင့်အရေး ရရှိရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြဋ္ဌာန်းခွင့် ရရှိရေးတို့ ဖြစ်ကြောင်း၊ အဆိုပါ အချက်နှစ်ချက်ကို ပေါင်းလိုက်ပါက ဖက်ဒရယ်ပင် ဖြစ်ကြောင်း၊ ဖက်ဒရယ်ကို သွားမည်ဟု သမ္မတကြီးကလည်း ကြေညာထားပြီးဖြစ်ကြောင်း၊ ဖက်ဒရယ်ကို လုပ်ဆောင်ရာတွင် အာဏာခွဲဝေရေးနှင့် သယံဇာတ ခွဲဝေရေးကို ဆွေးနွေးကြရမည်ဖြစ်ကြောင်း ၀န်ကြီးဦးအောင်မင်းက ပြောကြားသည်။

"အာဏာခွဲဝေရေးမှာ ကျွန်တော်တို့က ဘယ်လောက်အထိ စဉ်းစားထားလဲဆိုရင် ကချင်ပြည်နယ်ကို ကချင်ပြည်နယ်သားတွေ အုပ်ချုပ်ရမယ်။ ရှမ်းပြည်နယ်ကို ရှမ်းပြည်နယ်သားတွေ အုပ်ချုပ်ရမယ်။ အကုန်လုံး အာဏာတွေ အားလုံးကို သူတို့ကို ပြန်အပ်ရမယ်။ အဲဒီလို အပ်တဲ့အခါမှာလည်း သူတို့က ဥပဒေနဲ့အညီ သူတို့ပြန် အုပ်ချုပ်ရမယ်။ ဒါဘာမှ မခက်ဘူး။ ဒါတွေအကုန်လုံးက စဉ်းစားထားပြီးသား" ဟု ၎င်းကဆိုသည်။


 .. www.MyanmarExpress.net
 

4 comments:

ပြ ဒါန်း ခွှင့် ဆို တာ ကျယ် ပြန့် လွန်း လှ ပါ တယ်

မြန် မာ စာ မ သင် ဘူး
ကိုယ့် ဝန် ထမ်း နဲ့ ကိုယ်
ကိုယ့် ရဲ နဲ့ ကို
ဒီ ဟတိုင်း ရင်း သား မ လာ နဲ့
ဟို တိုင်း ရင်း သား မ လာ နဲ့

နောက် ဆုးံ စစ် တပ် မ လာ နဲ့
ကိုယ် ငွေ ကို ရိုက် ပြ်း သုးံ မယ် ဆို ရင်

ဘာ လုပ် ကြ မ လဲ
ဖြေ ပေး ပါ ဦး အောင် မငါး နှင့် သ မ္မတ ကြိး ခင် ဗျား
ကိုယ့ စစ် တပ် နဲ့ ကို လုပ် မယ် ဆို ရင် တော့
ပြည် ပျက် ရုံ ဘဲ ရှိ တယ်
ဘယ် လို လုပ် ကြ ပါ့

စစ် တပ် က တော့ တခု တည်း လုပ် ပါ
လွှတ် တော် နဲ့ သမ္မတ အ ဒိ က မိန်း အာ ဏာ လုပ် ပါ

TT

စဉ်းစားကြပါဦးနော် ချက်ချင်းမဆုံးဖြတ်ကြပါနဲ့းးးးးးး

ဦးအောင်မင်းခင်ဗျာ ၊ စကားဆိုတာပြောပြီးရင် ပြင်ဖို့ခက်တယ်၊ ဆင်ခြင်ပြောသင့်ပါတယ်၊ တိုင်းပြည်ကိုကောင်းစားချင်တာလား၊ တိုင်ပြည်ကို ငါတို့မရှိတဲ့နောက်ပိုင်း ပျက်စီး စေတော့လို့ ဆိုပြီး ဆောင်ရွက်နေတာလား၊ တိုင်းရင်းသားတွေက ကိုယ်ပိုင်အုပ်ချုပ်ရေးလိုချင်တယ်၊ ကိုယ်ပိုင်စစ်တပ်လိုချင်တယ်၊ ဘယ်လိုလဲ ၊ စည်းမရှိကမ်းမရှိ လက်လွတ်စပါယ်မပြောစေချင်ပါ၊ ဦးအောင်မင်းတို့ တွေ့ဆုံဆွေးနွေးတယ်ဆိုပြီး ပြုံပြီးပြန်သွားတယ်၊ ကျွန်တော်တို့ ပြည်နယ်တွေမှ တော့နောက်ပိုင်းဒုက္ခတွေနဲ့ကျန်ခဲ့တယ်၊ ပြည်နယ်မှာနေတဲ့သူတွေ မြန်မာတိုင်းရင်းသားတွေကို လက်နက်နဲ့ခြိမ်းခြောက်တာတွေခံနေရတယ်၊ ဥပဒေမဲ့ လုပ်တာတွေခံနေရတယ်၊ ဥပဒေစိုးမိုးအောင် ကရင်ပြည်နယ်မှာဘယ်လိုလုပ်ပေးမှာလဲ၊ တိကျတဲ့ ဆုံးဖြတ်ချက်တွေချပြီးလုပ်ဆောင်ကြပါ၊ အရှည်ကိုမကြည့် ဘဲ မျက်နှာရအောင်ဘဲ မလုပ်သွားကြပါနဲ့၊ ဦးအောင်မင်းတို့ ငြိမ်းချမ်းရေးမပျက်ရအောင်ဆိုပြီး အကုန်လိုက်ရောခဲ့တယ်။ ပြည်နယ်နေသူတွေက နေ့စဉ် အသက်တွေဆုံးရှုံနေရတယ် ၊ လက်နက်နဲ့ခြိမ်းခြောက်တာတွေခံနေရတယ်၊ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့တွေထဲမှာ သက်ဆိုင်ရာပြည်နယ်နေသူတွေကိုထဲ့သွင်းထားသင့်တယ်၊ ဒါမှ ပြည်နယ်တွေမှာကြုံနေရတဲ့ ဒုက္ခတွေကိုသိမှာပေါ့၊ ရန်ကုန်မှာနေတဲ့သူက ပြည်နယ်သားတွေရဲ့ အခက်အခဲကိုဘယ်လိုသိမှာလဲ၊ ထမင်းစားကောင်းအောင်၊ ငြိမ်းချမ်းရေးကိုဖေါ်ဆောင်နိုင်တယ်ဆိုတဲ့ နံမည်ကောင်းရဖို့အတွက်နဲ့တော့ ပြည်နယ်သားတွေရဲ့ အသက်တွေနဲ့ မစတေးလိုက်ပါနဲ့လို့တောင်းပန်ချင်ပါတယ်၊ ဦးခင်ညွန့် လက်ထက်ကလို ငြိမ်းချမ်းရေး အဖွဲ့ပေါင်း (၁၃)ဖွဲ့ ကိုသိမ်းသွင်းနိုင်တယ်ဆိုပြီး ဂုဏ်ယူနေပေမဲ့ ပြည်နယ်တွေမှာ မတရားလုပ်ခံရတာတွေကိုတော့ ပြည်သူတွေအတွက်ဘာမှာထဲ့မတွက်ပေးဘဲ၊ နံမည်ကောင်းဘဲယူသွားခဲ့တယ်၊ နောက်ပိုင်းမှာ ပြည်နယ်တွေမှာ ဒုက္ခတွေပင်လယ်ဝေ လို့ ပေါ့

စဉ်းစားသုံးသပ်အတည်ပြုပြီးပြောသောစကားများဖြစ်သင့်သည်။နာမည်ကောင်းရဖို့ လူပြိန်းကြိုက်မပြောသင့်ပါ်။ငြီမ်းချမ်းရေးယူပြီးမှပြည်နယ၊်မြို့နယ်၊မြို့ငယ်တွေပါဆက်ကြေးပေးနေရတာတွှေမသိလို့ လား၊မသိချင်ယောင်ဆောင်နေကြတာလား။ရွာတွေကတော့ရိုးနေပြီ။အစီုးရ(၁၄)ခု၊တပ်မတော်(၁၄)ခုဖြစ်ပါ့မလား။ဘောက်သောက်တပ်မတော်(၁၄)ခုကိုတပ်မတော်ကာကွယ်ရေးဦးချူပ်ကဘာအာဏာနဲ့ထိမ်းမှာလဲ။ရူးနေလား။ဆိုဗီယက်ပြည်ထောင်စုပြိုကွဲတာနမူနာယူရတာအားမရလို့  ငါတို့ လည်းပြုတ်၊တိုင်းပြည်းပျက်၊လုပ်နေကြတာလား။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်