Subscribe to our RSS Feed

ပြည်ထောင်စုလွှတ်တော် နာယကနှင့် ဂျပန်ဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေး

From : .. MOI


ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည်ဂျပန်နိုင်ငံဝန်ကြီးချုပ်မစ္စတာ ရှင်ဇိုအာဘေးနှင့် နိုဝင်ဘာ ၂၉ ရက်တွင် ဂျပန်အစိုးရအိမ်တော် အထူးဧည့်သည်တော်များ ခန်းမဆောင် ၌ တွေ့ဆုံဆွေးနွေး ခဲ့သည်။

့တွေ့ဆုံရာတွင် ဂျပန်-မြန်မာ ချစ်ကြည်ရင်းနှီးမှုပိုမို တိုးတက်ရေး၊ မြန်မာနိုင်ငံ ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် ဈေးကွက်စီးပွားရေး စနစ် ဆောင်ရွက်နေမှုအခြေအနေများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ လျှပ်စစ်မီးရရှိရေးနှင့်လမ်းပန်း ဆက်သွယ်ရေးဆိုင်ရာ အကူအညီပေးရေး ကိစ္စရပ်များ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးဆောင်ရွက်နေမှုအခြေအနေများ၊ ODA ရရှိရေး၊ တောင်သူလယ်သမားများအတွက် အတိုးနှုန်းသက် သာသော ချေးငွေများရရှိရေး၊ နည်းပညာ အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

.. www.MyanmarExpress.net

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်