From :
.. mizzima
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်သင့်မပြင်သင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထားနှင့် အကြံပြုစာများကို ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီသို့ ဒီဇင်ဘာ ၁၅ ရက်တွင် နောက်ဆုံးထား ပေးပို့သွားမည်ဟု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ်ဝေလင်း က ဒီဇင်ဘာ ၁ ရက်တွင် မဇ္ဈိမကို ပြောသည်။
..
www.MyanmarExpress.net
ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တွေ့ရသည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များကိုတွေ့ရစဉ်။ (ဓာတ်ပုံ-မဇ္ဈိမ) |
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်သင့်မပြင်သင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထားနှင့် အကြံပြုစာများကို ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီသို့ ဒီဇင်ဘာ ၁၅ ရက်တွင် နောက်ဆုံးထား ပေးပို့သွားမည်ဟု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ်ဝေလင်း က ဒီဇင်ဘာ ၁ ရက်တွင် မဇ္ဈိမကို ပြောသည်။
“မှန်မှန်ကန်ကန်နဲ့ ပြင်သင့်တယ် မပြင်သင့်ဘူးဆိုတာတွေ အကြံပြုဖို့
တပ်မတော်က ဆန္ဒရှိပါတယ်။ ဖွဲ့ စည်းပုံ လေ့လာသုံးသပ်ရေးကော်မတီကို တပ်မတော်က
ဘာမှမတင်ပြဘူးဆိုတာ မဟုတ်ပါဘူး” ဟု မဇ္ဈိမကို ပြောသည်။
သို့သော် ဖွဲ့စည်းပုံ ပြင်ဆင်ရာတွင် သမ္မတနှင့် ဒု-သမ္မတများ၏ အရည်အချင်း သတ်မှတ်ချက်ဆိုင်ရာ ပုဒ်မ ၅၉(စ)၊ ဖက်ဒရယ် ပြည်ထောင်စု တပ်မတော်ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် ပတ်သက်၍မူ လတ်တ လော မှတ်ချက်ပြုရန်မရှိဟု ဗိုလ်ချုပ်ဝေလင်းက ဆိုသည်။
“အစီရင်ခံစာတင်ပြီးတော့ ပြင်တဲ့ အချိန်ရောက်ရင် ဘာအကြောင်းတွေကို ပြင်ဖို့ တပ်မတော်က တင်ထား လဲဆိုတာကို ရှင်းပြပေးမှာပါ” ဟု ဗိုလ်ချုပ်ဝေလင်းက ပြောသည်။
ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၁၀၉ ဦးဖြင့် ဖွဲ့စည်းထားသည့် ၂၀၀၈ ဖွဲ့စည်းပုံလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီတွင်လည်း တပ်မတော်သားကိုယ်စားလှယ် ၂၅ ဦး ပါဝင်သည်။ ယင်းသည် ပူး ပေါင်းကော်မတီတွင် ဒုတိယမြောက် အင်အားအကြီးဆုံး ပါဝင်မှုဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီက ၅၂ ဦးဖြင့် အများဆုံး ပါဝင်နေသည်။
ပြည်ထောင်စုလွှတ်တော်ရှိ ပါတီ အသီးသီး၏ ကိုယ်စားပြုမှုအချိုးဖြင့် ဖွဲ့ စည်းထားသည့် ပူးပေါင်းကော်မတီ၏ တတိယအကြီးဆုံးအင်အားစုမှာမူ ခုနစ်ဦးဖြင့်သာ ပါဝင်ခွင့်ရထားပြီး ယင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖြစ်သည်။
အဆိုပါ ပူးပေါင်းကော်မတီတွင် ဗိုလ်မှူးချုပ်တင်ဆန်းနိုင်က တပ်မတော်သား ကိုယ်စားလှယ်အဖွဲ့၏ ခေါင်း ဆောင်အဖြစ် တာဝန်ယူထားပြီး ဗိုလ်မှူးချုပ် ခင်မောင်အေးက ဒုတိယခေါင်းဆောင်အဖြစ် တာဝန်ယူထားသည်။

5 comments:
တ နိုင် ငံ လုးံ တ ရား မ ဝင် ပန့် ဆိုင် များ ထောင် ရောင်း နေ သည် များ ကို ဘာ ကြောင့် အ ရေး မ ယူ တာ ပါ လဲ ခင် ဗျား
ပ ခုက္ကူ ချောက် မြို့ များ တွင် တ ရား မ ဝင် ပန့် ဆိုင်း များ ရောင်း ချ နေ ပါ သည်
တာ ဝန် ရှိ သူ များ မှ အ ရေး မ ယူ ကြ ပါ
မြို့ နယ် စည် ပင် ဧရိယာ အ တွင်း တွင် လဲ ရောင် ချ နေ ကြ ပါ သည်
လက် ရှိ တ ရား ဝင် ဆိုင် များ မှာ မြို့ ပြင် တွင် ရောင် ချ ရ ပါ သည်
သက် ဆိုင် သူ များ ကိုယ် ချင်း စာ တ ရား ထား ကြ ပြိး တ ရား မ ဝင် ဆိုင် ပန့်  ဆိုင် များ ကို အ မြန် အ ရေး ယူ ပေး ပါ ရန်
လေး စား စွာ ဖြင့်
Worthless Mizzima reports incomplete statistics of the Committee. It reports ပည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၁၀၉ ဦးဖြင့် ဖွဲ့စည်းထားသည့် ၂၀၀၈ ဖွဲ့စည်းပုံလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီတွင်လည်း တပ်မတော်သားကိုယ်စားလှယ် ၂၅ ဦး ပါဝင်သည်။ ယင်းသည် ပူး ပေါင်းကော်မတီတွင် ဒုတိယမြောက် အင်အားအကြီးဆုံး ပါဝင်မှုဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီက ၅၂ ဦးဖြင့် အများဆုံး ပါဝင်နေသည်။
ပြည်ထောင်စုလွှတ်တော်ရှိ ပါတီ အသီးသီး၏ ကိုယ်စားပြုမှုအချိုးဖြင့် ဖွဲ့ စည်းထားသည့် ပူးပေါင်းကော်မတီ၏ တတိယအကြီးဆုံးအင်အားစုမှာမူ ခုနစ်ဦးဖြင့်သာ ပါဝင်ခွင့်ရထားပြီး ယင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖြစ်သည်။ It does not mention the remaining 25 MPs of the remaining Committee members.
မ ပြင် နဲ့ အုပ် ခူပ် ရေး မူး တွေ ပြောင်း ပါ
ဒါ ဆို အ ဆင် ပြေ ပြီ
တကယ်ထိရောက်တဲ့လုပ်ငန်းကို ထိရောက်တဲ့နေရာမှာ ထိရောက်အောင်လုပ်တယ်ဆိုတာ ဒါမျိုးကိုခေါ်တယ်၊ မိုးလားကဲလား ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်ပြောပြီး တကယ်တမ်းကျတော့ လွှတ်တော်ထဲမှာ အလုပ်ဖြစ်အောင်ဘာမှ မည်မည်ရရမလုပ်တဲ့ ပါတီကတော့ စိတ်ပျက်စရာကောင်းနေပြီ၊
အခြားပါတီကပြင်ဘို့ကြိုးစားတော့မှထပြီးဦးအောင်လုပ်ဖို့ကြိုးစားနေတာမသိရင်ခက်မယ်ပုတ်သင်စိမ်းတွေ။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်