Subscribe to our RSS Feed

ဆင်းရဲတွင်းနက်ထဲမှ ဆွဲထုတ်စေချင်ပါသည်


1469921_324966604313184_109178026_n 

ကိုရီးယားနိုင်ငံ Yeungnam တက္ကသိုလ်ရဲ့ ဒုတိယပါမောက္ခချုပ်မှ ယနေ့ကိုရီးယားနိုင်ငံဖြစ်ပေါ် လာရခြင်း၏ အခြေခံအကြောင်းတရားသည် ဆဲလ်မာအူး(ခေါ်)အူးဒုန်စိတ်ဓာတ်ဖြင့် တည်ဆောက်ခဲ့ခြင်း ကြောင့်ဟု ပြောဆိုခဲ့ပါတယ်။ ဆဲလ်မာအူး(ခေါ်)အူးဒုန်စိတ်ဓာတ်ကို တစ်နိုင်ငံလုံးလိုက်နာကျင့်သုံး နိုင်အောင် ဖော်ဆောင်စည်းရုံးခဲ့တာကတော့ ကိုရီးယားနိုင်ငံသမ္မတဟောင်း ပတ်ချွန်ဟီးဘဲဖြစ်ပါတယ်။ ပတ်ချွန်ဟီးဟာ သူ့တိုင်းပြည်တစ်ပြည်လုံး ဆင်းရဲဒုက္ခအတိရောက်နေရတာကို မကြည့်ရက်နိုင်တဲ့အတွက် သူ့နိုင်ငံချမ်းသာဖို့အရေး၊ ပြည်သူတွေ ဆင်းရဲတွင်းကလွတ်ဖို့အရေး နေ့စဉ်နဲ့အမျှတွေးတောပြီး အုပ်ချုပ် ခဲ့ပါတယ်။ အဲဒီလိုအုပ်ချုပ်ရင်းနဲ့ ကိုရီးယားနိုင်ငံ တိုင်ဖုန်းမုန်တိုင်းတိုက်ခတ်တဲ့အခါ တံတားတွေကျိုးပဲ့ ပျက်ဆီးခဲ့ရပါတယ်။ ပျက်စီးခဲ့တဲ့တံတားတွေ ပြန်လည်ပြုပြင်နေတဲ့နေရာကို သမ္မတပတ်ချွန်ဟီးရောက်ရှိပြီး ပြည်သူတွေဝိုင်းဝန်းလုပ်ဆောင်နေတာကိုကြည့်ရင်း ပတ်ချွန်ဟီးအနေနဲ့ အတွေးတစ်ခုဝင်ရောက်ခဲ့ပါတယ်။ အဲဒီအတွေးကတော့ (Cooperation)ပူးပေါင်းဆောင်ရွက်မယ်၊ (Self-Help)ကိုယ့်ကိုကိုယ်အားကိုးရမယ်၊ (Diligence)လုံ့လ၀ီရိယရှိရမယ်ဆိုတဲ့ အချက်(၃)ချက်ပဲ ဖြစ်ပါတယ်။ အဲဒီအချက်(၃)ချက်အတိုင်းလိုက်နာ ဆောင်ရွက်လျှင် ကိုရီးယားနိုင်ငံတိုးတက်ရမယ်လို့ ယုံကြည်ခဲ့ပါတယ်။ အထက်ပါအချက်(၃)ချက်ကို အတွေးပေါ်စေခဲ့တဲ့ ဆဲလ်မာအူးဒေသကိုအစွဲပြုကာ ဆဲလ်မာအူးစိတ်ဓာတ်ဆိုပြီး လှုံ့ဆော်ဆောင်ရွက်ခဲ့ ပါတယ်။ ကျေးလက်ဒေသများတွင် ဆင်းရဲမွဲတေမှုပပျောက်ဖို့အတွက် ဆဲလ်မာအူးစိတ်ဓာတ်ဖြင့် လှုံ့ဆော် ဆောင်ရွက်နိုင်လျှင် အောင်မြင်နိုင်သည်ဟု ယနေ့ ကမ္ဘာ့နိုင်ငံအသီးသီးမှ လက်ခံယုံကြည်လျက်ရှိသည့် အပြင် ကိုရီးယားနိုင်ငံတွင်လည်း Yeungnam  တက္ကသိုလ်ကို ဖွင့်လှစ်၍ နိုင်ငံပေါင်း (၁၃၃) နိုင်ငံ မှ ကျောင်းသား ပေါင်း ၂၀၀၀၀ ကျော် ပို့ချပေးနေပါတယ်။

580642_324966640979847_511664493_n

သမ္မတပတ်နောက်မှာ ပြည်သူတွေ ဆဲလ်မာအူးစိတ်ဓာတ်ဖြင့် လိုက်နာလုပ်ဆောင်ဖို့အတွက် သမ္မတအနေနဲ့ ၁၀ စုနှစ်တစ်စုနီးပါး အချိန်ရယူ၍ ခေါင်းဆောင်မှုယူခဲ့ရပါတယ်။ ၁၉၇၀ ကျော်မှစ၍ ဆဲလ်မာအူးစိတ်ဓာတ်ကို အကောင်အထည်ဖော်လာတာဖြစ်ပါတယ်။ သမ္မတပတ်ဟာ တိုင်းပြည်အာဏာကို ရယူပြီးချိန်မှာတော့ သမ္မတ ပတ် အနေနဲ့ ဒီမိုကရေစီနဲ့စီးပွားရေး ဘယ်အရာကို ဦးစားပေး လုပ်ဆောင်မလဲ ဆိုတာ တိုင်ပင်ဆွေးနွေးခဲ့ပြီး ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ သမ္မတ ပတ်နှင့် အစိုးရအဖွဲ့တွေ ဆုံးဖြတ်ချက် ချတာကတော့ ဆင်းရဲတွင်းနက်နေတဲ့ ပြည်သူတွေဆင်းရဲမှုဒဏ်က လွတ်မြောက်ဖို့ စီးပွားရေးကို ဦးစားပေးလုပ်ဆောင်ရန်နှင့် ဒီမိုကရေစီကို ဒုတိယအဆင့် အကောင်အထည်ဖော်ရန် ဆုံးဖြတ်ခဲ့ကြ ပါတယ်။ စီးပွားရေးကို ဦးစားပေးအကောင်အထည်ဖော်ခဲ့ကြလို့ ဒီနေ့ ဖွံ့ဖြိုးတိုးတက်သည့် ကိုရီးယား ဆိုတာဖြစ်ပေါ်လာကြောင်းကို Yeungnam တက္ကသိုလ် ဒုတိယပါမောက္ခချုပ်မှ ဂုဏ်ယူဝံ့ကြွားစွာပြောကြား ခဲ့ပါတယ်။ စီးပွားရေးဖွံ့ဖြိုးဖို့ ပညာရေးကို ဦးစားပေးလုပ်ဆောင်ရမယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ သမ္မတ ပတ်ချွန်ဟီးကိုလည်း ဒီမိုကရေစီနှင့် စီးပွားရေးတွင် စီးပွားရေးကို ဦးစားပေးခဲ့ခြင်းနှင့် စီးပွားရေး တိုးတက် အောင် ဆောင်ရွက်ရာတွင် ပညာရေးကိုပါ တစ်ပြိုင်တည်း မြှင့်တင်ခဲ့သည့်အတွက် ကိုရီးယားပြည်သူများမှ သမ္မတအား ယနေ့တိုင် လေးစားဂုဏ်ယူလျှက်ရှိနေပါတယ်။

 1469921_324966604313184_109178026_n

ယနေ့ မြန်မာ့နိုင်ငံရေးအခြေအနေသည် တောင်ကိုရီးယားတွင် သမ္မတ ပတ် အာဏာရယူသည့် အခြေအနေနှင့် သွားရောက်တူညီနေပါတယ်။ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရ၊ သူရဦးရွှေမန်း ဦးဆောင်သည့် လွှတ်တော်၊ နိုင်ငံရေးခေါင်းဆောင်များ၊ ပြည်သူများအနေဖြင့် သမ္မတ ပတ်ချွန်ဟီး ဆုံးဖြတ် သည့်အတိုင်း စီးပွားရေးကိုပဲ ဦးစားပေး အကောင်အထည်ဖော်မလား၊ ဒီမိုကရေစီ ကို ဒုတိယအဆင့်မှ အကောင်အထည်ဖော်မလား ရွေးချယ်ဆုံးဖြတ်ရတော့မည် ဖြစ်ပါသည်။  မြန်မာလူထုလိုအပ်နေသည်မှာ ဆင်းရဲတွင်းမှ အမြန်လွတ်မြောက်ပြီး လူတန်းစေ့ နေထိုင်စားသောက်၍ ပညာသင်နိုင်ရေးပဲ ဖြစ်ပါတယ်။ အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေး ခေါင်းဆောင်များ၊ ပြည်သူများအနေဖြင့် ဆင်းရဲတွင်းနက်နေသည့် ၂၆% သောလူထုကို ကယ်တင်နိုင်မည့် မှန်ကန်သောစီးပွားရေးမူဝါဒများကို ချမှတ်ပြီး သမ္မတ၏ ဦးဆောင်မှု အောက်တွင် ၀ိုင်းဝန်းအကောင်အထည်ဖော်ပါက ကိုရီးယားနိုင်ငံကဲ့သို့ ဖြစ်လာမည်မှာ မလွဲဧကန်ဖြစ်လာ နိုင်သော်လည်း နိုင်ငံရေးကိုပဲ ဦးစားပေးပြောင်းလဲလုပ်ဆောင်ပါက ပြည်သူလူထုမှာ ဆင်းရဲတွင်းနက် သထက်နက်လာမည်ဖြစ်သဖြင့် အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေးခေါင်းဆောင်များ၊ ပြည်သူများအနေဖြင့် မှန်ကန်စွာရွေးချယ်နိုင်ရေး အသိပေး ရေးသားလိုက်ရပါတယ်။
ကောင်းမြတ်ထွဋ်

.. www.MyanmarExpress.net
 

6 comments:

ပြည်သူတွေ ဆင်းရဲတွင်း နက်ရတဲ့ အဓိက
အကြောင်းအရင်းက စစ်အစိုးရလက်ထက်
ကလုပ်ခဲ့တဲ့ မအောင်မရှိပညာရေးစနစ်ကြောင့်
ပြည်သူတွေ အရည်အချင်းကျဆင်းမှုတွေ
ဖြစ်ရတာရယ် အုပ်ချုပ်သူ လူတန်းစားတွေရဲ့
အကတိလိုက်စားပြီး ပိုင်ဆိုင်မှု မတင်ပြရဲအောင်
နိုင်ငံတော်မှ ခိုးယူ ခွာစားခဲ့တာ တွေရယ်
ကြောင့်ပါ။

Politics is the last refuge of the scoundrels.

ဆင်း ရဲ တွင်း ထဲ က ဆွဲ ထုတ် ချင် တယ်
ဟား ဟား ဟားဟား ရီ ချင် တယ်
မြန် မာ နိုင် ငံ က ဗိုလ် ချည်း ဘဲ
လုပ် ပိုင် ခွှင့် ရှိ ရင် လုပ် စား ကြ တာ ဘဲ
ဝန် ကြိး တွေ ကဲ စစ် မိုး အုပ် ခူပ် ရေး လိုင်း က လဲ စစ် မိုး တွေ
ဥပ ဒေ က လဲ စာ အုပ် ထဲ မှာ ဘဲ ရှိ တာ

ဆင်းရဲ တွင်း ထဲ က ကယ် ချင် ရင် အ ကုန် သတ် ပစ် လိုက်
ဥပ ဒေ ကို ဖေါက် ဖျက် တာ လဲ သူ တို့ ဘဲ
ဆယ် သက် စာ စား မ ကုန် အောင် စု နေ ကြ တာ
ပြည် သူ က တော့ နင်း ပြား ဘဝ က မ လွှတ် ပါ ဆင်း ရဲ သ ထက် ဆင်း ရဲ တဲ့ ဘ ဝ ပါ

ဘာ နဲ့ ကယ် မ လဲ အ နု မြူ ဗုးံ ဆယ် လုးံ လောက် ချ လိုက် ပြတ် က ရော

ဆင်း ရဲ တွင်း နက် က တိမ် လို့ တဲ ထပ် ပြိး တူး နေ ကြ ပါ တယ် မ ပူ ပါ နဲ့ ဝန် ကြိး တို့ အုပ် ခူပ် ရေး မူး တို့ က ဆက် တူး နေ ပါ သည်

ပေ တ သိန်း လောက် တော့ တူး ပြိး ပါ ပြိ တဲ့

ပြည် သူ အား လုးံ ထည့် ပေး မည် တဲ့

ပုံ

လက် ကျန် စစ် မိုး နွယ် တ စု

1-GOOD ARTICLE AND NICE TO READ AND
LEARN LESSONS.
2-THIS ARTICLE INDICATE HOW OUR
PEOPLE AND OUR LEADERS TO BUILD
OUR COUNTRY AND PROMOTE OUR
PEOPLE LIFE.
3-WE MYANMAR HAVE THE BEST TEACHING
OF BUDDHA DHAMMA AND "LAW KA NI TI";
WE WILL SUCCESS EVERYTHING IF WE
STRICTLY FOLLOW THE TEACHINGS.
4-THE VERY SIMPLE ADVISE IS NEED TO
FOLLOW THE FOLLOWING TO SUCCESS
IN OUR DAILY LIFE; THEY ARE AS FOLLOWS,
(A) MUST WORK HARD, ----------------(KAN).
(B) MUST HAVE WISDOM,--------------(NYAN).
(C) MUST HAVE PERSEVERANCE.---(WARIYA).
5-WE ALL NEED TO START BUILDING OUR
COUNTRY AND OUR PEOPLE.

ကိုရီးယား ခေါင်းဆောင် နဲ့ မြန်မာခေါင်းဆောင် မနှိုင်းသင့်ပါ ယနေ သမတ အနားမှာအကြံပေးဆိုသူတွေ ကိုယ်တိုင်က ကိုယ့်အတွက်ကြည့်ပြီး အကြံအမှားပေး တော့သမတ ဘယ်လောက်ရိုးသားနေပါစေ စာရေးသူချီးမွန်းသလို ဖြစ်လာမှာ မဟုတ်ဘူး ဗိုလ်ချုပ်ပြောသလို နီုင်ငံသာသာ ဖြစ်လာလိမ့်မယ် အကြံပေးတွေက ဝေလေလေ လုပ်နေတဲ့အမတ်သာသာ ရှိတယ် တတ်တဲ့ပညာ ထုတ်သုံးဖို့အခွင့်အရေးကောပေးရဲ့လား အမှန်တကယ်ကော်သမတ ကြီးမှာအာဏာ ရှိရဲ့လား စဉ်းစာနိုင် ဖို့ပါ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်