Subscribe to our RSS Feed

ရန်ကုန်တွင် ဂုံးကျာ်တံတားများ ဖွင့်လစ်ပြီးနောက် အမေရိကန်ဒေါ်လာဈေး ရုတ်တရက် မြင့်တက်

From : .. the voice


 နိုင်ငံတော် အစိုးရမှ ရန်ကုန်မြို့တွင် လမ်းပေါ်ထွက် ဆန္ဒပြပွဲခဏခဏဖြစ်ကာ ယဉ်ကြောပိတ်ဆို့မှု များနေခြင်းကြောင့် သက်သာစေရန် ဂုံးကျော်တံတားများ တည်ဆောက်ခဲ့ရာ ယခုရက်ပိုင်းအတွက် နှစ်ခု ဖွင့်လစ်ခဲ့ပြီးနောက် အမေရိကန်ဒေါ်လာဈေး ရုတ်တရက် မြင့်တက် သွားကြောင်း သတင်းရရှိသည်။
 

လအနည်းငယ်အကြာ တည်ငြိမ်နေခဲ့သည့် အမေရိကန်ဒေါ်လာ လဲလှယ် နှုန်းထားများမှာ ငွေလဲ ကောင်တာ များနှင့် ပြင်ပဈေးကွက်တွင် ရက်ပိုင်းအတွင်း တစ်ဒေါ်လာလျှင် ၁၀ ကျပ်ခန့် ရုတ်တရက် မြင့်တက် လာကြောင်း ငွေကြေးဈေးကွက် အတွင်းထံမှ စုံစမ်းသိရှိရသည်။

အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းမှာ တရားဝင် ငွေလဲကောင်တာ များတွင် အောက်တိုဘာလဆန်း ပိုင်းမှ စတင်၍ ဝယ်ဈေး ၉၆၉ ကျပ်၊ ရောင်းဈေး ၉၇၆ ကျပ် ဝန်းကျင်တွင် ရှိနေရာမှ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ဝယ်ဈေး ၉၇၉ ကျပ်မှ ရောင်းဈေး ၉၈၉ ကျပ်အထိ မြင့်တက်သွားကြောင်း ငွေလဲကောင်တာ လဲလှယ် နှုန်းထားများအရ သိရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ နိုဝင်ဘာလ ၂၁ ရက်နေ့ တစ်ဒေါ်လာ သတ်မှတ်နှုန်းထားမှာ ၉၇၃ ကျပ်သာ ဖြစ်သော်လည်း နိုဝင်ဘာလ ၃၀ ရက်နေ့မှ စတင်ကာ ၉၈၃ ကျပ်ဟု ပြောင်းလဲ သတ်မှတ်ထားကြောင်း ဗဟိုဘဏ်က ကြေညာသည်။

တရားဝင် ငွေလဲကောင်တာများ သာမက ပြင်ပဈေးကွက်တွင်ပါ ဒေါ်လာဈေး အပြောင်းအလဲ ရှိပြီး ရက်ပိုင်းအတွင်း တစ်ဒေါ်လာလျှင် ၄ ကျပ်ဝန်းကျင် မြင့်တက်ခဲ့ကြောင်း ပြင်ပ ငွေကြေးဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။

ပြင်ပဈေးကွက်တွင် နိုဝင်ဘာလ ၂၈ ရက်နေ့က ဝယ်ဈေး တစ်ဒေါ်လာလျှင် ၉၇၀ ကျပ်၊ ရောင်းဈေး ၉၇၆ ကျပ်သာ ရှိရာမှ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဝယ်ဈေး ၉၇၄ ကျပ်၊ ရောင်းဈေး ၉၈၀ ကျပ်ဝန်းကျင် ပေါက်ဈေး ရှိကြောင်း ယင်းဈေးကွက် အတွင်းမှ သိရသည်။

ဒေါ်လာလဲနှုန်း တက်သော်လည်း ပြည်ပမှ တင်သွင်းရသော စက်သုံးဆီ ဈေးနှုန်းများမှာမူ အပြောင်းအလဲ မရှိသေးကြောင်း ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။


 .. www.MyanmarExpress.net
 

2 comments:

ဂုံးကျော်တံတားတခုပြီးသွားပြန်ပြီဒေါ်စုလုပ်ပေး တာ။ ဟ ဟ

1-THE ABOVE ARTICLE IS UNREASONABLE
THERE IS NO CONNECTION WITH THE
SUDDEN CHANGING OF MONEY MARKET
WITH THE COMPLETION OF FLYING BRIDGE.
ITS LOOK LIKE "NYANG OO KAN BAR PYO
SAN PAN NA KO KA NWAR KYEE PAUNG
KYO".
2-THERE MUST BE REAL REASONS;
MAY BE ECONOMY AND POLICY CHANGES
AFFECTING THE EXCHANGE RATE
BETWEEN U S DOLLAR AGAINST OUR KYAT.
3-MANY ORDINARY PEOPLE CONSIDER
IF DOLLAR RATE IS UP THAT IS $1=KYAT 976
TO =KYAT 989 MEANS WE HAVE TO PAY MORE MONEY KYAT 13 EXTRA TO GET ONE DOLLAR
AND SIMILARLY OUR DAILY CONSUMER
PRICES ARE ALSO GONE UP.
4-SOME ECONOMISTS SAID IT IS A GOOD
SIGN BUT WE CANNOT UNDERSTAND
BECAUSE WE THE PEOPLE PRACTICALLY
EFFECTING TO PAY/TO SPEND MORE MONEY
TO GET THE SAME PRODUCT/PRODUCE
IN THE MARKET.
5-REQUEST EXPERT ADVISE FOR OUR
GENERAL PUBLIC.
THANK YOU...

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်