Subscribe to our RSS Feed

အမျိုးသမီး အုပ်ချုပ်သည့် ဒီမိုကရေစီထိုင်းနိုင်ငံတွင် ဆန္ဒပြသူများကို မထိန်းနိုင်သဖြင့် စစ်တပ်ဝင်ထိန်းပြီ

From : .. bbc

 ထိုင်းနိုင်ငံ မှာ အတိုက်အခံတွေက ဆော်သြထားတဲ့ ဒီကနေ့ ကျင်းပမယ့် လူထုအုံကြွမှု မတိုင်ခင် ဘန်ကောက်မြို့က အဓိက နေရာတွေကို ကာကွယ် စောင့်ရှောက် နေရတဲ့ ရဲတွေကို လာရောက် အကူအညီပေးဖို့ စစ်သားတွေကို ပန်ကြားထားပါတယ်။

ဝန်ကြီးချုပ် ယဉ်လပ် ရှင်နာဝပ် ရာထူးက ဆင်းပေးအောင် ကြိုးပမ်းချက် တရပ် အနေနဲ့ ဒီနေ့ တနင်္ဂနွေနေ့မှာ အစိုးရ ဌာနချုပ်တွေ အပါအ၀င် ရုံးအဆောက်အဦတွေမှာ အင်နဲ့အားနဲ့ ၀င်ရောက် နေရာယူဖို့ ပြင်ဆင် နေတယ်လို့ အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားနေသူတွေက ပြောပါတယ်။

ဝန်ကြီးချုပ်က လုံခြုံရေး အတွက် ရဲတွေကို ကူဖို့ စစ်တပ်လိုမယ်လို့ မထင်ဘူးလို့ အရင်က ပြောခဲ့တာ ဖြစ်ပါတယ်။

မနေ့က စနေနေ့တုန်းက ဆန္ဒပြပွဲတွေမှာ အစိုးကို ဆန့်ကျင်သူတွေနဲ့ ထောက်ခံသူတွေကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပြီး အကြမ်းဖက် ရုန်းရင်းဆန်ခတ် ဖြစ်မှုတွေကြောင့် အနည်းဆုံး လူတယောက် သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ပါတယ်။


.. www.MyanmarExpress.net
 

5 comments:

မြန်မာမှာ NLD ပါတီနဲ့ စာနယ်ဇင်း သမားတွေကိုပဲ စစ်တပ်က ၀င်ထိန်းပေးမို့ အထူး လိုအပ်နေပါတယ်

နိုင်ငံရေးလောကက တော်တော်ရှုပ်တာပဲနော်၊ အမှန်တော့ နိုင်ငံရေးလောက ရှုပ်တယ်ဆိုတာ နိုင်ငံရေးသမား ရှုပ်တာပါပဲ၊ အခုပဲကြည့်လေ မလိမ်မာတဲ့ မိန်းမဆိုတာ မိန်းမညဏ်ကို မစွန့်နိုင်ကြဘူး ကိုယ့်လင်မကောင်းကြောင်း ကိုယ့်သားသမီး မကောင်းကြောင်းကို ရွာရိုးလျှောက် အတင်းတုတ်တတ်ကြတယ်။ လိမ်မာတဲ့မိန်းမ ဆိုတာကတော့ ရှာမှရှားထင်ပါရဲ့။ လူထူခေါင်းဆောင် နိုင်ငံ့ခေါင်းဆောင် လုပ်မည့် မိန်းမကလည်း မိန်းမဆိုတော့ မိန်းမသဘာဝအတိုင်း ကမ်ဘာကိုပတ်လို့ မြန်မာမကောင်းကြောင်းကို ပြောနေလေရဲ့။ ဒီနိုင်ငံမကောင်းကြောင်းကို ပြောတာဟာ ဒီနိုင်ငံသားတွေကို မကောင်းကြောင်း ပြောတာပဲ မဟုတ်လား။ ဒီလို ကမ်ဘာကိုပတ်ပြောတာ လူအခွင့်အရေးလား။ ပညာရှိ နာယကကြီးများက နာယကဖြစ်တာ ကြောင့် လမ်းမှန်ရောက်အောင် ဖြောင့်ပေးကြ စေချင်ပါတယ်။ ဦးဆောင်တာ ကိစ်စမဟုတ်ပေမဲ့ အရှက်နဲ့ အမျိုးဂုဏ်လေး လောက်ကိုတော့ စောင့်သင့်တာပေါ့။ လည်လွန်းတဲ့ဘီး ချီးမှန်တတ်တယ်တဲ့၊ နာယကကြီးတွေက ချီးမှန်အောင် လည်ခိုင်းထားတာလား လို့တောင် ထင်နေရတယ်။ တစ်သက်လုံး မြန်မာ့ယဉ်ကျေးမှုနဲ့ ကင်းကွာလာခဲ့တာ။ မြန်မာ့အသိုင်းအ၀ိုင်းမှာ တစ်သက်လုံးနေလာ ကြတဲ့ နာယကကြီးတွေ ဒီအတိုင်း ကြည့်နေကြတော့မှာလား။ ဒီစာကိုရေးတာ ဘုန်းတော်ကြီး တစ်ပါးပါ။ စေတနာနဲ့ရေးတာပါ။ ကြာလေလေ ဆိုးလာလေလေ မြင်နေရတယ်။ ပြုပြင်ပေးကြပါအုံး။

အင်း သင်္ခါရ ဆို တာ နား မ လည် ကြ တာ ကိုး ဖြစ် ပျက် ကို လဲ မ သိ ရုပ် နာမ် ကို လဲ မ ခွဲ ခြား တတ် အေါ် လူ တွေ လူ တွေ
ငါ ပညာ တတ် တယ် ငါ အာ ဏာ ရှိ တယ်
ငါ ရုပ် ချော တယ် ငါ့  ပစ္စည်း ငါ မြေ ငါ အိမ် ငါ စွဲ ကြ သ ကိုး ငါ က သေ ရင် ငါ့  နောက် ပါ ပါ သ လား စဉ်း စား ကြ ပါ
တ ရာ သူ ကြိး မင်း ရဲ ရှေ့ နေ သား သတ် တော် တေ် လေး င ရဲ ကြိး လှ သ ကိုး

အ သိ ဝင် ကြ လော့

TT

ဆရာ MEG ခင်ဗျား,
ဒေါ်ရင်လတ် အရင် ၀န်ကြီးချုပ်ကလည်း
ဒေါ်အဘီဆစ်ဖြစ်ခဲ့ပုံရတယ်။
လေးစားစွာဖြင့်

But Thai PM is better than ar pa la NLD su kyi

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်