Subscribe to our RSS Feed

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟို အလုပ်အမှုဆောင်အဖွဲ့နှင့် ပြည်နယ်/တိုင်း ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် များတွေ့ဆံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့နှင့် ပါတီကိုယ်စားပြု ပြည်နယ်/တိုင်းဒေသကြီးများမှ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံပွဲ အခမ်းအနားကို ၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၆) ရက်နေ့ ညနေပိုင်း (၅) နာရီအချိန် တွင် နေပြည်တော်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံး အစည်းအဝေးခန်းမကြီး၌ ကျင်းပပြု လုပ်သည်။


ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ပြည်နယ်/တိုင်း ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံပွဲ၌ ဒုတိယဥက္ကဋ္ဌ သူရဦးရွှေမန်းမှ အဖွင့်အမှာစကား ပြောကြားစဉ်

တွေ့ဆုံပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးနှင့် ဗဟို အလုပ်အမှုဆောင်များ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ပြည်နယ်/တိုင်း ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံပွဲ၌ ဒုတိယဥက္ကဋ္ဌ သူရဦးရွှေမန်းမှ အဖွင့်အမှာစကား ပြောကြားစဉ်

ရှေးဦးစွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ သူရဦးရွှေမန်းမှ အဖွင့်အမှာစကား ပြောကြား သည်။



ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ပြည်နယ်/တိုင်း ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံပွဲသို့ တက်ရောက်လာသူများ

ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များက စည်းရုံးရေးဆိုင်ရာ တင်ပြချက်များအပေါ် ပြန်လည် ရှင်းလင်း ဆွေးနွေးပြီး တွေ့ဆုံပွဲအခမ်းအနား ညနေ (၆) နာရီ (၁၀) မိနစ်အချိန်တွင် ပြီးဆုံးကြောင်း သတင်းရရှိသည်။


ဒုတိယဥက္ကဋ္ဌ သူရဦးရွှေမန်းမှ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ပြည်နယ်/တိုင်း ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံပွဲသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်


Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်