Subscribe to our RSS Feed

ထားဝယ်ဖွံ့ဖြိုးတိုးတက်မှု အများပိုင်ကုမ္ပဏီလီမိတက် တည်ထောင်ပြီးဖြစ်ကြောင်း ကြေညာ


From : ခေတ်လူငယ်

ထားဝယ်ဒေသနှင့် ထားဝယ်သူ၊ ထားဝယ်သားများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ ထားဝယ်ဖွံ့ဖြိုးတိုးတက်မှု အများပိုင်ကုမ္ပဏီလီမိတက်ကို မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေနှင့်အညီ ၂၀၁၂ ခုနှစ် သြဂုတ် ၇ ရက်တွင် ကုမ္ပဏီမှတ်ပုံတင်အမှတ် ၁၇၉၅/၂၀၁၂-၂၀၁၃ ဖြင့် ဖွဲ့စည်းတည်ထောင်ပြီး ဖြစ်ကြောင်း အများပြည်သူများအား ကြေညာအပ်ပါသည်။ ကုမ္ပဏီသည် ဝန်ဆောင်မှုလုပ်ငန်း၊ ဟိုတယ်လုပ်ငန်းများနှင့် အသေးစားချေးငွေ လုပ်ငန်းများကို ဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ လုပ်ကိုင်ရန် ပြင်ဆင်နေပြီး စိတ်ဝင်စားသည့် မည်သူမဆို အစုရှယ်ယာများ လိုသလောက် ဝယ်ယူနိုင်ရန် စီစဉ်ထားရှိ၍ အစုတစ်စုကို ကျပ် ၁၀၀၀၀၀ (ကျပ်တစ်သိန်း) သတ်မှတ်ထားပါသည်။ သို့ဖြစ်ပါ၍ အစုရှယ်ယာများကို မကြာမီ ရောင်းချပေးမည်ဖြစ်ပါကြောင်း စိတ်ပါဝင်စားသူများ ကုမ္ပဏီရုံးခန်း တည်နေရာ အမှတ် ၅၁၊ ရွှေဟင်္သာကွန်ဒို(အေ)၊ ၁၀ လွှာ၊ အခန်း ၁၀၀၃၊ ၆ မိုင်၊ ပြည်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်၊ ဖုန်း-၀၉-၄၂၁၁၄၂၁၁၁ သို့ စုံစမ်းနိုင်ရန် အသိပေးကြေညာအပ်ပါသည်ဟု ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်