From : သမ္မတရုံး
www.MyanmarExpress.net
နေပြည်တော် မေ ၁၇
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်
အမေရိကန်ပြည်ထောင်စုသို့ သွားရောက် မည့်ကိစ္စနှင့် စပ်လျဉ်း၍
အမေရိကန်အိမ်ဖြူတော် သတင်းထုတ်ပြန်ရေး အတွင်းရေးမှူးရုံးက မေ ၁၅
ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် သမ္မတအိုဘားမားသည်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ၂ဝ၁၃ ခုနှစ် မေ ၂ဝ ရက်တွင် အိမ်ဖြူတော်၌
ကြိုဆိုလက်ခံမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် နိုဝင်ဘာလက ရန်ကုန်မြို့သို့
သွားရောက်ခဲ့သည့် သမ္မတအိုဘားမား၏ သမိုင်းဝင် ခရီးစဉ်နောက်ပိုင်း
သမ္မတဦးသိန်းစိန် အစိုးရဖော်ဆောင်ခဲ့သော ပြုပြင်ပြောင်းလဲမှုများကို
ပြည်သူ့လွှတ်တော် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်၊ အရပ်ဘက် လူ့အဖွဲ့အစည်းခေါင်းဆောင်များနှင့်
နိုင်ငံတကာ အသိုင်းအဝိုင်းတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် တိုးတက်မှုများ
ဆက်လက်ဖြစ်ပေါ်စေရန် အတွက် အမေရိကန်ပြည်ထောင်စု အနေဖြင့် ထောက်ခံ
အားပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံ၌ ဒီမိုကရေစီဖွံ့ဖြိုးရေး၊ ဘာသာရေးနှင့်
တိုင်းရင်းသားရေးရာများ ဖြေရှင်းနိုင်ရေး၊ ပြည်သူ များအတွက် စီးပွားရေး
အခွင့်အလမ်းများ ဆောင်ကြဉ်းနိုင်ရေးတို့အတွက် ကျန်ရှိနေသေး သော
စိန်ခေါ်မှုများစွာနှင့် စပ်လျဉ်း၍ သမ္မတ ဦးသိန်းစိန်နှင့်ဆွေးနွေးနိုင်ရန်၊
အမေရိကန် ပြည်ထောင်စုအနေဖြင့် မည်သို့ကူညီနိုင်မည်ကို ညှိနှိုင်းရှာဖွေရန်
သမ္မတ အိုဘားမားက မျှော်လင့်ထားကြောင်း။
သမ္မတဦးသိန်းစိန်၏ အိမ်ဖြူတော်ခရီးစဉ်သည်
ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်လျက် ရှိသော အစိုးရများကို
အားပေးထောက်ခံရန်နှင့်ကူညီပံ့ပိုးပေးရန် သမ္မတအိုဘားမား၏
ကတိကဝတ်ပြုထားမှုအပေါ် အထင်အရှား ပြဆိုလျက်ရှိကြောင်း၊ မြန်မာပြည်သူများ
အနေဖြင့် ၄င်းတို့နိုင်ငံ၏ ထူးခြားမှုများရှိသော အလားအလာကောင်းများကို
အပြည့်အဝ ရရှိခံစားနိုင်စေရေးအတွက် ပံ့ပိုးကူညီပေးရန် အမေရိကန်အစိုးရ၏
သန္နိဋ္ဌာန်ချထားမှုကို မီးမောင်းထိုးပြနေကြောင်းဖြင့် ဖော်ပြပါရှိကြောင်း
သတင်းရရှိသည်။

1 comments:
ဘု၇ားသကြားမလို့။ဆန္ဒပြ တဲ့အ၇ှုပ်ကောင် လောက်ကောင်
ခွေးချီး။ဂျေလေဘီ တွေေ၇ာက်မလာပါစေနဲ့ဗျာ။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်