Subscribe to our RSS Feed

ရခိုင်ပြည်နယ် ပဋိပက္ခများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ ထုတ်ပြန်ချက်

ရခိုင်ပြည်နယ် ပဋိပက္ခများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်၏ ထုတ်ပြန်ချက် ထုတ်ပြန်ချက်အမှတ် ( ၃ /၂၀၁၃ )






၁။ ၂ဝ၁၂ ခုနှစ်အတွင်း ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ပဋိပက္ခများ၏ အကြောင်းအရင်း များကို စနစ်တကျ ရှာဖွေဖော်ထုတ်ရန်နှင့် အလားတူ ပဋိပက္ခများ ထပ်မံမဖြစ်ပွားစေရန် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းခဲ့သော ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာကို ၂ဝ၁၃ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါသည်။ ယင်းအစီရင်ခံ စာနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၂ဝ၁၃ ခုနှစ်၊ မေလ ၆ ရက်နေ့တွင် မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့ပါသည်။

၂။ နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းတွင် အောက်ပါအချက်များ ပါဝင်သည်ကိုတွေ့ရှိရပါသည်။

- နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ပဋိပက္ခများ ထပ်မံမဖြစ်ပွားရေးအတွက် တရားဥပဒေစိုးမိုးရေးအစီအမံများ ချမှတ်ဆောင်ရွက်ရန်ဖြစ်ကြောင်း။
- နိုင်ငံသားတိုင်း မိမိတို့ယုံကြည်ရာ ဘာသာတရားကို လွတ်လပ်စွာ ရွေးချယ်ကိုးကွယ်ပိုင်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရရှိစေရေး အတွက် မဖြစ်မနေ တစ်ပါတည်း ကြိုးပမ်းဖော်ဆောင်နေရကြောင်း။
- မတူညီသော ကိုးကွယ်ယုံကြည်မှုများကို လွတ်လပ်စွာကိုးကွယ် ယုံကြည်ခွင့်ရှိစေရန် အတွက် အခြေခံအနှစ်သာရသည် ဘာသာတရား အချင်းချင်း အပြန်အလှန် လေးစားမှုဖြစ်ကြောင်း။
- လွတ်လပ်စွာ ယုံကြည်မှုနှင့်ပတ်သက်၍ အစိုးရအနေဖြင့် အစဉ်လေးစား ကာကွယ် ပေးသွားမည်ဖြစ်ကြောင်း။
- ပဋိပက္ခများကြောင့် အိုးအိမ်၊ စည်းစိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသူများ အတွက် ကယ်ဆယ်ရေး၊ ကူညီစောင့်ရှောက်ရေး များကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အထူးသဖြင့် ဒုက္ခသည်များအတွက် မိုးမကျမီ အမိုးအကာအောက် အချိန်မီရောက်ရှိရေးကို အလျင်အမြန် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
- အနာဂတ်တွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်သည့် လူ့အဖွဲ့အစည်း တစ်ရပ် ပေါ်ပေါက်လာရေးကို လုပ်ဆောင် ရန်ဖြစ်ကြောင်း။

၃။ နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းပါ အချက်အလက်များမှာ မြန်မာနိုင်ငံအတွက် အနာဂတ်တွင် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်သည့် လူ့အဖွဲ့အစည်းတစ်ရပ်ပေါ်ပေါက် လာရေးအတွက် အခြေခံကျပြီး လက်တွေ့ကျင့်သုံးရမည့် လမ်းညွန်မှုဖြစ်သည်ကို တွေ့ရှိရပါ သည်။

၎။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ရခိုင်ပြည်နယ်ပဋိပက္ခဖြစ်ပွားရာ ဒေသများသို့ သွားရောက်ခြဲ့ပီးနောက် သတင်းထုတ်ပြန်ချက် အမှတ် (၄/၂ဝ၁၂) ဖြင့် ထုတ်ပြန်ခဲ့ရာတွင် အကြမ်းဖက် ကျူးလွန်မှုများအပေါ် ဥပဒေနှင့်အညီ မှန်ကန် ထိရောက်စွာ အရေးယူ ဆောင်ရွက်ရေး၊ အကြမ်းဖက်ခံရသူများ၏ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင် ရေးနှင့် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုနှင့် အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေး၊ အသိပညာ ဗဟုသုတကြွယ်ဝစေရန် ကလေးသူငယ်များ အခြေခံပညာ တတ်မြောက်မှုနှုန်း မြင့်မားရေး အတွက် အထူးအစီအစဉ် တစ်ရပ်အဖြစ် အမြန်ဆောင်ရွက်ပေးရေးနှင့် နယ်မြေရှိ ဒုက္ခသည်များ အတွက် အခြေခံလိုအပ်ချက်များတိုးမြှင့်ကူညီပေးရေးတို့ကို ဆောင်ရွက်ကြ ပါရန် တိုက်တွန်းနှိုးဆော်ခဲ့ပါသည်။

၅။ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဗဟိုကော်မတီ၏ မူဝါဒများ၊ လုပ်ငန်းစဉ်များနှင့် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ လော့လာအကြံပြုချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ဖွဲ့စည်းထားသည့် လုပ်ငန်းကော်မတီ (၇)ရပ်နှင့် သက်ဆိုင်ရာ အစိုးရဌာနများက ဆောလျင်စွာ အကောင်အထည်ဖော် ဆောင်ရွက် န် ကော်မရှင်အနေ ဖြင့် အလေးအနက်တိုက်တွန်းအပ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၃ ခုနှစ်၊ မေလ ၇ ရက်


 .. www.MyanmarExpress.net
 

2 comments:

You all must study Before wrote this article!

1. 786 destroyed as many as
Buddha countries.
2. You go to Afghanistan
build up only 1 Buddhist
Temple.
3. If you can come back, we
can talk about this.
4. You all very very pure
knowledges are become
losing many Buddha
countries.
5. Muslims they are believed
that they cannot stay with
other religions.( You can
try to stay in Bangla a
few days. If you are
Buddhist you will know.
Talking is very easy)
6. Have you read Quran?
If you don't know, better
don't talk.
7. Are you stay in Arakan
State? If you are not stay
in Arakan state. Don't
talk.
8. Don't take any dirty money
from Muslim. One day you
will know before you die.
9. WHY? Please find out this:
60 Questions Muslims Don't
Like To Be Asked!
10.If you have daughter, can
ask your daughter alone to
walk around Bangli area?
Your daughter come back to
you nothing happen. We can
talk.
11. Talking is very very easy
those are brainless can
listen what you say.
12. I can challenge with you
all.


သင့်ကြောင့် အနာဂတ်မျိုးဆက်များ
" ဗလီ " မတက်ရပါစေနှင့်။

ဘင်္ဂလီတွေကိုမြန်မာပြည်မှမောင်းထုတ်ပစ်ကြပါစို့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်