Subscribe to our RSS Feed

ရန်ကုန်တွင် ဂုံးကျော်တံတားများ ထပ်မံတည်ဆောက်ဦးမည်

From : ..hot news


 

ယာဉ်အသွားအလာထူထပ် သော ကားလမ်းဆုံများနှင့် ရထားသံလမ်းကူးကားလမ်းများ တွင် လိုအပ်ချက်အရ ခုံးကျော် တံတားများ ထပ်မံတည်ဆောက် ပေးသွားရန် အစီအစဉ်ရှိကြောင်း သိရသည်။ ယင်းသို့ဆောက်လုပ် ရန်အတွက်သည် နိုင်ငံတော်အစိုး ရခွင့်ပြုချက်အမိန့်ကို စောင့်နေ ပြီး၊ လောလောဆယ် တည် ဆောက်ရန်ရှိနေသော ခုံးကျော် တံတားစီမံကိန်းအသစ် ၃ ခုကို တပြိုင်တည်းခွင့်ပြုမည်လား၊ တစ်ခုစီခွင့်ပြုမည်လားဆိုသည်ကို တော့ လောလောဆယ် အတည် မပြုနိုင်သေးဟုလည်း ထပ်မံသိရှိ ရသည်။ အဆိုပါ ခုံးကျော်တံ တား ၃ စင်းမှာ ပါရမီ ၂ကား လမ်းကူးတံတား (အုတ်ကျင်း- သမိုင်း)ခရေပင်ကားလမ်းကူးတံ တား (မင်္ဂလာဒုံဈေးဘူတာ) သစ္စာကားလမ်းကူးတံတား (ကန် ဘဲ့-ဘောက်ထော်)တို့ဖြစ်ကြောင်း သိရသည်။ ကားလမ်းကူး ခုံးကျော် တံတား ၃ စင်းတည်ဆောက်ရန် ရထားပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တို့ ညှိနှိုင်းဆွေးနွေးနေကြပြီဖြစ် ကြောင်းနှင့် ဆောက်လုပ်ရေးဝန် ကြီးဌာနမှ တံတားတစ်စင်း၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ တံတား ၂စင်း ဆောက်လုပ်ပေး ရန် လျာထားသတ်မှတ်ထား သည်ဟုဆိုသည်။ ရန်ကုန်တိုင်း အတွင်းရှိ လူကူးခုံးကျော်တံတား များကိုလည်း ပြန်လည်ပြင်ဆင် မွမ်းမံခြင်း၊ အသစ်ထပ်မံ တည် ဆောက်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်သွားရန် အစီအစဉ် များလည်း ရှိသည်ဟု ဆိုပါသည်။

ယခုအခါ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကားလမ်းကူး ခုံးကျော်တံတားစင်းရေ (၂၄) စင်း ရှိနေပြီးထပ်မံတည်ဆောက် မည့် ၃ စင်းပါဆိုလျှင် စုစုပေါင်း ခုံးကျော်တံတား ၂၇ စင်းရှိလာ မည်ဖြစ်ကြောင်းသိရသည်။

.. www.MyanmarExpress.net
 

1 comments:

ဆောက်သင့်တာကြာပေါ့ဗျာ။လုပ်အားပေးလိုသလား။တအိမ်
တယောက်အနဲဆုံးထွက်မှာသေချာတယ်။မြန်မြန်သာချ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်