Subscribe to our RSS Feed

လွှတ်တော်တွင် ဒီမိုကရေစီနေ့ အခမ်းအနား ကျင်းပရန် ၅ ရက်အလို ဒေါ်အောင်ဆန်းစုကြည် ဥရောပသုံးနိုင်ငံ သို့ ထွက်ခွာ ( သတင်း နှင့် ဓာတ်ပုံ - ၁၆ ပုံ)


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ ပိုလန်၊ ဟန်ဂေရီနဲ့ ချက်ပြည်သူ့ သမ္မတနိုင်ငံတွေကို သွားရောက်ဖို့အတွက် ဒီနေ့ညနေမှာ ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်ကနေ ထွက်ခွာမှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပသုံးနိုင်ငံ ခရီးစဉ်အတွင်း ချက်ပြည်သူ့သမ္မတနိုင်ငံ Prague မြို့မှာ စက်တင်ဘာလ ၁၅ ရက်ကနေ ၁၇ ရက်နေ့အထိ ၃ ရက်ကြာကျင်းပမယ့် Forum 2000 ဖောင်ဒေးရှင်း ညီလာခံကို တက်ရောက်မှာဖြစ်ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပခရီးစဉ်အပြီး စက်တင်ဘာလ၂၀ ရက်နေ့မှာ စင်္ကာပူနိုင်ငံမှာ ကျင်းပမယ့် The Singapore Summit Connecting Asia & The World ညီလာခံကို တက်ရောက်မှာဖြစ်သလို စင်္ကာပူနိုင်ငံမှာရှိနေတဲ့ မြန်မာမိသားစုတွေနဲ့ လည်း တွေ့ဆုံဖို့စီစဉ်ထားတယ်လို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပခရီးစဉ်အဖြစ်
ပိုလန်၊ ဟန်ဂေရီနှင့် ပါရာဂွေးနိုင်ငံများသို့ ယနေ့ည (၇း၃၀) နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ စတင်ထွက်ခွာပြီး စက်တင်ဘာလ (၁၆) ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။
 


   

www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်