From :
..the voice
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့သို့ ရောက်ရှိနေသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဝအထူးဒေသအတွင်း နေထိုင်သူများ မဲပေးခွင့်ရရန် ကူညီမည် ဖြစ်ကြောင်း ဝအထူးဒေသ (၂) ဆက်သွယ်ရေးတာဝန်ခံ ဦးအားမင်က ပြောကြားသည်။
"ရွေးကောက်ပွဲမှာ ဝပြည်သူတွေ မဲပေးနိုင်ဖို့ သန်းခေါင်စာရင်းကောက်ပြီး မှတ်ပုံတင်လုပ်ပေးဖို့ ပြောတယ်" ဟု ၄င်းကဆိုသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် ဒုတိယစစ်ရေးချုပ် ဦးအိုက်လွင် ဦးဆောင်သောအဖွဲ့တို့ ယနေ့ (စက်တင်ဘာ ၃ ရက်နေ့) နံနက် ၁၁ နာရီ၌ တွေ့ဆုံဆွေးနွေးစဉ် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။
ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်သည် ၁၉၈၉ ခုနှစ်တွင် တပ်မတော် အစိုးရထံ လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်ခဲ့ပြီး ၂၀၀၇ ခုနှစ် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံခဲ့သော်လည်း ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဆင့် တိုးမြှင့်ပေးရန် တောင်းဆိုထားသည့် လက်နက်ကိုင် အဖွဲ့အစည်းလည်း ဖြစ်သည်။
ဝ အထူးဒေသ (၂) ဆက်သွယ်ရေးတာဝန်ခံ ဦးအားမင်က "ဝပြည်နယ် တောင်းဆိုချက်ကို လိုက်လျောပေးမယ့်အနေအထား ရှိတယ်။ ဒါကြောင့် မဲပေးနိုင်ဖို့ မှတ်ပုံတင် လုပ်ပေးတာဖြစ်မှာပါ။ အခုလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြည်နယ် တရားဝင် မပေးသေးပေမယ့်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရနေတာပဲ" ဟု မှတ်ချက်ပြုသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် ဝ ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော် ဒုတိယစစ်ရေးချုပ် ဦးအိုက်လွင် ဦးဆောင်သောအဖွဲ့တို့ တွေ့ဆုံဆွေးနွေးရာတွင် ဝ အထူးဒေသအတွင်း အောက်ခြေတွင် ဖြစ်ပွားသော ပြဿနာများကို နိုင်ငံတော်သို့ တင်ပြပြီး ညှိနှိုင်းဖြေရှင်းကြရန် သဘောတူညီခဲ့ကြောင်း ယင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ဝ အထူးဒေသ တာဝန်ရှိသူများထံမှ စုံစမ်းသိရှိရသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဝ အထူးဒေသအဖွဲ့နှင့် တွေ့ဆုံပြီး ကျိုင်းတုံမြို့ ဒေသခံများနှင့် နေ့လယ် ၁ နာရီတွင် တွေ့ဆုံခဲ့သည်။
.. www.MyanmarExpress.net

3 comments:
ဝီရသူ နဲ့ 969 ကို အ ရေး ယူ တော့ မယ် ပြော ပြီး ငြိမ် သွား သူ ကြီး
မဲ ပေ ခွင့် ကို မ ပြော ပါ နဲ့ အုးံ သူ တို့ ဆီမှာ နိုင် ငံ တော် အလံ ကော ထောင် ရဲ့ လား မြန် မာ ငွေ ကော သုးံ ရဲ့ လား မြန် မာ စာ သင် ကျောင်း ကော ရှိ ရဲ့ လား မြန် မာ အ စိုး ရ ရဲ့ အာ န စက် လုးံ မ ရှိ တဲ့ ဒေ သ ကို ဘယ် လို မဲ ပေး မှာ လဲ တရုတ် ကြိး စိုး နေ တာ တ ရုတ် နယ် ဖြစ် သွား တောင် စိုး ရိမ် ရ တယ် နမ် မည် ကို က ဝ တဲ့ ခွေး ပါး ဝ နေ ပြိ နော် အ စိုး ရ တောင် ပြန် ကိုက် ချင် နေ သေး တပ် မ တော် ရေ သုတ် လိုက် စမ်း ပါ တ ယောက် မှ မ ကျန် အောင် မီဒီ ယာ တွေ ပါ အ ကုန် သတ် ပြစ် တိုင်း ပြည် သစ္စဖေါက် မှန် သ မျှ ရှင်း ပြစ် ကြ
ပခက တာ တီး A
ဦးဝီရသူနဲ့၉၆၉ကိုအရေးယူမယ်ဆိုတာဦးရွှေမန်းကဘယ်တုန်းကဘယ်နေရာမှာ
ပြောတာလဲမင်းသိလို့လားအခုမင်းရေးထားတာကမသေချာဘဲရမ်းပြောလို့
ကောင်းတဲ့စကားမဟုတ်ဘူးနော်မသေချာပဲအာမချောင်နဲ့သွားကျွတ်သွားလိမ့်
မယ်ဘာမှတ်လဲ
သူဒီလိုပြောတယ်ဆိုတာမဖြစ်နိုင်ပါဘူးငါမယုံဘူး
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်