From :
.ABC
အခုလို ဘုရင်ခံချုပ်အဖြစ် ရွေးချယ်ခန့်အပ်ခံရတဲ့အပေါ် သူ့အနေနဲ့
ဂုဏ်ယူမိတယ်လို့ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း Peter Cosgrove
ကပြောပါတယ်။
ဘုရင်ခံချုပ်သစ် ဖြစ်လာတဲ့ Peter Cosgrove ဟာ အရှေ့တီမောက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး နိုင်ငံတကာငြိမ်းချမ်းရေး လုပ်ငန်းတွေကို ဦးဆောင်ခဲ့သူဖြစ်သလို သြစတြေးလျနိုင်ငံရဲ့ နိုင်ငံ့ဂုဏ်ဆောင် ပုဂ္ဂိုလ်ဟောင်း တစ်ဦးလည်း ဖြစ်ခဲ့သူဖြစ်ပါတယ်။
သြစတြေးလျ ၀န်ကြီးချုပ် တိုနီ အာဘော့တ်ကတော့ သြစတြေးလျ ဘုရင်ခံချုပ်အဖြစ်ခန့်အပ်ဖို့ အတွက် Peter Cosgrove ထက်ကောင်းတဲ့သူကို သူ့အနေနဲ့ စဉ်းစားလို့မရတဲ့အကြောင်း၊ အခုလို ရွေးချယ်ခန့်အပ်မှုကို ဗြိတိန်ဘုရင်မအနေနဲ့ လက်ခံတဲ့အတွက် သူ့အနေနဲ့ ကျေနပ်မိသလို Peter Cosgrove ကလည်း ဒီရာထူးကို လက်ခံတဲ့အတွက် သူ့အနေနဲ့ အားရကျေနပ်မိတယ်လို့ပြောပါတယ်။

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်