DVB က ၂၀၁၃ အတွက် ထူးခြားထင်ရှား မြန်မာပြည်သားအဖြစ် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ဒုတိယစစ်ဦးစီးချုပ် ဂွမ်မော်ကို ရွေးချယ်ကြောင်း သတင်းကြားရလို့ ကျွန်တော်နှစ်သက်တဲ့ အသံလွှင့် ဌာနကြီးတစ်ခု လှည့်စားခံရမှုကို မနေသာဘဲ အဖြေရှာနိုင်ပြီး အခြေအနေမှန် သိစေဖို့ ရည်ရွယ်လို့ အောက်ပါစာစုကို ရေးသးလိုက်ပါတယ်။
၂၀၁၁/၂၀၁၂ အတွင်း ဖြစ်ခဲ့တဲ့တိုက်ပွဲတွေမှာ KIA တို့ အလွန်ထိနာခဲ့ပါတယ်။
ဒေသခံ စစ်ဘေး
ရှောင်တွေနဲ့အတူ
တရုတ်နိုင်ငံထဲအပါအဝင်
လွတ်မြောက်ရာဒေသတွေကို
ရှောင်ပြေးခဲ့ကြတဲ့
သူတွေထဲမှာ
KIA စစ်သားတွေ
ဒုနဲ့ဒေးပါ။
လစာမရှိ၊
ထောက်ပံ့မှုမရှိ၊
ခေတ်မမီတော့တဲ့
လက်နက်၊
မပြည့်စုံတဲ့
ခဲယမ်း၊
အကန့်အသတ်များနဲ့ တရုတ်နယ်စပ်ဆေးရုံ၊
လက်မခံတော့တဲ့
ဒေသခံတွေနဲ့
သူတို့အချိန်ကြာကြာ တောင့်မခံနိုင်ဘူး
ဆိုတာ သဘာဝကျပါတယ်။
ကံကြမ္မာအလှည့်ပြောင်းလို့ ပြောမလား၊ သမ္မတကြီးဦးသိန်းစိန်ရဲ့
မေတ္တာလွန်ကဲမှုလို့
မှတ်ယူမလား၊
စစ်တပ်က
KIA စခန်းတစ်ခုပြီးတစ်ခု
ထိုးစစ်ဆင်သိမ်းနေခဲ့တာ
ဌာနချုပ်ဖြစ်တဲ့
လိုင်ဇာကိုရောက်ခါနီး
လက်မတင်လေး
အလိုမှာ
ထိုးစစ်တွေရပ်ခိုင်းခဲ့လို့
KIA အဖွဲ့ဟာ ကြီးမားတဲ့အကြပ်အတည်း
ဒုက္ခဘေးက လွတ်မြောက်ခဲ့ပြီးဆက်ရပ် တည်နေနိုင်ခဲ့တယ် ဆိုတာတော့ အားလုံးသိပြီးဖြစ်မှာပါ။
စစ်တပ်ကော တိုင်းရင်းသားလက်နက်ကိုင်ကော ဘယ်သူမှ စစ်တိုက်လိုကြမည် မဟုတ်ပါ။ နိုင်ငံသားခြင်းဖြစ်လို့ ပိုဆိုးသည်ပေါ့။ ဒါပေမယ့် အခုလို ထိုးစစ် ရပ်လိုက်ခြင်းကတော့ အစိုးရသစ်လက်ထက် နိုင်ငံရေးအလှည့် အပြောင်းမှာ KIA အခွင့်ကောင်းရရှိခဲ့တာပါ။
စစ်တပ်ကော တိုင်းရင်းသားလက်နက်ကိုင်ကော ဘယ်သူမှ စစ်တိုက်လိုကြမည် မဟုတ်ပါ။ နိုင်ငံသားခြင်းဖြစ်လို့ ပိုဆိုးသည်ပေါ့။ ဒါပေမယ့် အခုလို ထိုးစစ် ရပ်လိုက်ခြင်းကတော့ အစိုးရသစ်လက်ထက် နိုင်ငံရေးအလှည့် အပြောင်းမှာ KIA အခွင့်ကောင်းရရှိခဲ့တာပါ။
တစ်နိုင်ငံလုံးငြိမ်းချမ်းဖို့ သမ္မတအပါအဝင်
ကော်မတီတွေဖွဲ့ လုပ်ဆောင်နေကြတာ
ကျန်တဲ့အဖွဲ့တွေ့နဲ့
အပစ်ရပ်လက်မှတ်ထိုးနိုင်ပေမယ့်
KIO/KIA ကတော့ အပစ်ရပ်တာထက်
နိုင်ငံရေးဆွေးနွေးပွဲ
အရင်လုပ်ရမယ်ဆိုတော့
အစိုးရအဖွဲ့ အကြပ်အတည်းတွေ့နေရပြီလေ။
နည်းမျိုးစုံသုံးပြီး
ဆွဲခေါ်တာ
တရုတ်ကော၊
ဗီဂျေနမ်ဘီးယားကော၊
ကျန်တဲ့
တိုင်းရင်းသားလက်နက်ကိုင်တွေကော
ဝိုင်းကူနေရတယ်
မဟုတ်ပါလား။ အစိုးရအဖွဲ့
ခြေမကိုင်မိ၊
လက်မကိုင်မိ
ဗျာများအောင်
လုပ်နိုင်ခဲ့တဲ့
KIA ရဲ့ မဟာ ဗျူဟာကို
အသိအမှတ်ပြုရမှာဖြစ်ပါတယ်။
နယ်စပ်မှာ တိုက်ပွဲတွေဖြစ်တဲ့အပေါ် အစိုးရက ပညာသားပါပါ Talking လွှင့်တော့ တရုတ်ကလည်း KIA အပေါ် ပြန်ဖိအားပေးလာတဲ့ အခြေအနေ၊ KIA တို့ လက်နက်ခဲယမ်း ဝယ်ယူရာမှာ “ဝ”နဲ့ အိန္ဒိယနယ်စပ်က အခက်အခဲများ ဖြစ်ပေါ်လာတဲ့ အခြေအနေ၊ စီးပွားရေးလုပ်ငန်းများ အဆင်မပြေတော့တဲ့ အချိန် စစ်တပ်က အမြစ်ဖြုတ်တိုက်တော့မှာ ပေါ်လွင်နေတဲ့ အခြေအနေတွေကြောင့် အစိုးရက မစည်းရုံးလည်း သူတို့ရဲ့ရပ်တည်ချက်ကို စစ်ရေးအသွင်ကနေ နိုင်ငံ ရေးကိုကူးဖို့ ဗဟိုကော်မတီမှာ ဆုံးဖြတ်ထားပြီးသားပါ.....
နယ်စပ်မှာ တိုက်ပွဲတွေဖြစ်တဲ့အပေါ် အစိုးရက ပညာသားပါပါ Talking လွှင့်တော့ တရုတ်ကလည်း KIA အပေါ် ပြန်ဖိအားပေးလာတဲ့ အခြေအနေ၊ KIA တို့ လက်နက်ခဲယမ်း ဝယ်ယူရာမှာ “ဝ”နဲ့ အိန္ဒိယနယ်စပ်က အခက်အခဲများ ဖြစ်ပေါ်လာတဲ့ အခြေအနေ၊ စီးပွားရေးလုပ်ငန်းများ အဆင်မပြေတော့တဲ့ အချိန် စစ်တပ်က အမြစ်ဖြုတ်တိုက်တော့မှာ ပေါ်လွင်နေတဲ့ အခြေအနေတွေကြောင့် အစိုးရက မစည်းရုံးလည်း သူတို့ရဲ့ရပ်တည်ချက်ကို စစ်ရေးအသွင်ကနေ နိုင်ငံ ရေးကိုကူးဖို့ ဗဟိုကော်မတီမှာ ဆုံးဖြတ်ထားပြီးသားပါ.....
နိုင်ငံရေးဘက်စပြီး ဦးတည်ခဲ့တာနဲ့
KIO/KIA တို့ အသာစီးရရှိခဲ့ကြပါတယ်။
ဥပမာ- ငြိမ်းချမ်းရေး
ဆွေးနွေးဖို့
မြစ်ကြီးနားကို
သူတို့အဖွဲ့လာတော့
ပြည်သူတွေက
KIA အလံတွေ
နဖူးစီးတွေနဲ့
အုတ်အော်
သောင်းနင်း
ကြိုဆိုခဲ့တယ်မဟုတ်ပါလား။
အချိန်ကာလတစ်ခုကတည်းက
ရန်ကုန်
ကနေထောက်ပံ့မှုပြုနေတဲ့
ကချင်လူငယ်အဖွဲ့ရဲ့
စီစဉ်မှုနဲ့
ဗိုလ်ချုပ်
ဂွမ်မော်
ရန်ကုန်ရောက်လာတော့လည်း
လက်နက်ကိုင်သောင်းကျန်းသူ
(သူပုန်)
ရယ်လို့
ဘယ်သူကပြောခဲ့လို့လည်း
စည်စည်ကားကား
သိုက်သိုက်
ဝန်းဝန်းနဲ့
တွေ့ဆုံပွဲတွေ
လုပ်ခဲ့တာ
၈၈ မျိုးဆက်နဲ့
ဦးတေဇတို့အပါအဝင်
မဟုတ်ပါလား။
အဓိက ပြည်သူတွေဂုဏ်ပြုကြတာ
KIA ကိုလည်း
မဟုတ်၊
ဗိုလ်ချုပ်
ဂွမ်မော်ကိုလည်း
မဟုတ်ပါ။
ငြိမ်းချမ်းရေး
လုပ်ကြမယ်၊
ဆွေးနွေးကြမယ်ဆိုပြီး
လာသူကို
ရင်ထဲကဖြစ်စေချင်တဲ့
ဆန္ဒအမှန်နဲ့
ထောက်ခံကြိုဆို
အားပေးခဲ့ကြတာပါ။
ဒါပေမယ့်
အများအမြင်
နိုင်ငံတကာ
ပြရုပ်မှာတော့
လူထုထောက်ခံမှုရရှိတဲ့
KIO/ KIA ဆိုပြီး
ပုံပေါ်စေခဲ့ပါတယ်။
အဲ့ဒီလိုဖြစ်လေ
မြန်မာငြိမ်းချမ်းရေးကောင်စီ(MPC)အဖွဲ့ဝင်တွေ
အယူအဆ မတူကြလို့ ဒီဇာတ်လမ်းမှာ
ဘယ်သူသမိုင်း
တရားခံဖြစ်မလဲဆိုပြီး
အသံတွေထွက်လေနေကြပြီလေ။
ဒီလို KIA/KIO တို့ အသာစီးရနေတာကြောင့် DVB က Person of Year ကို ဗိုလ်ချုပ်
ဂွမ်မော်
ဆိုပြီး
မြှောက်စားခဲ့တယ်လို့
ထင်ပါတယ်။
လုံးဝမှားယွင်းမှာပါ။
ဗိုလ်ချုပ်
ဂွမ်မော်ဟာ
အတွင်းစိတ်ကို
ခန့်မှန်းဖို့
မလွယ်ကူတဲ့
မျက်နှာချိုချိုနဲ့
မန္တလေးတက္ကသိုလ်ထွက်
ဖြစ်တဲ့အတွက်
မင်းသားဖြစ်သင့်သူလို့
စင်ပေါ်
တင်ပေးလိုက်တဲ့
ဆရာကြီးရှိပါတယ်။
သူက KIO/KIA ရဲ့ Key Player ဖြစ်တဲ့
အင်ဘန်လပါ။
အမြစ်ပြုတ်
တော့မယ့်အခြေအနေကနေ
အပျိုရည်မပျက်သေးသလိုနဲ့
နိုင်ငံရေးနယ်ပယ်မှာ
အမြတ်ထုတ်
နေနိုင်အောင်
စွမ်းဆောင်ခဲ့သူဖြစ်ပြီး
အားနည်းချက်ကတော့
၎ တန်းဆိုလည်း
ပညာအရည်အချင်းပါ။ ၄ တန်းဆိုပြီး အထင်တော့ မသေးစေချင်ပါ။ Story လေးတစ်ခု ဖောက်သည်ချချင်ပါတယ်။
အိန္ဒိယနိုင်ငံမှာ ဘဏ်တစ်ခုကို
ဓားပြဝင်တိုက်ပါတယ်။
ဓားပြအဖွဲ့
၈ ဦးလောက်ပါပြီး
ခေါင်းဆောင်
လုပ်သူဟာ
ပညာအရည်အချင်း
၎ တန်းလောက်သာတတ်ပါတယ်။
ငယ်သားတွေထဲမှာ
မဟာဘွဲ့ရပြီးသူတစ်ယောက်
ပါတယ်။
ဘဏ်ထဲမှာရှိတဲ့
ဝန်ထမ်းတွေ၊
ပြည်သူတွေဟာ
ဓားပြအဖွဲ့ပြောတဲ့အတိုင်း
ကြမ်းပြင်မှာ
လေးဘက်ထောက်
ခေါင်းငုံ့
နေကြရပါတယ်။
ဘဏ်စာရေးမတစ်ဦးဟာ
ထိုင်ခုံကြား
ကြောက်ကြောက်နဲ့
ကြုံသလိုလေးဘက်
ထောက်တော့
သူ့ရဲ့စကတ်အတိုထဲကနေ
မဖွယ်မရာပြကွက်ကို
ဓားပြထဲက
မဟာဘွဲ့ရသူတွေ့သွားတော့
ကောင်မလေးကို
မတော်တရော်နဲ့တွေ့ရင်
ဒုက္ခရာက်ဦးမယ်ဆိုပြီး
ပုံစံပြောင်းပြီးနေဖို့၊
ဖုံးဖုံးဖိဖိ
ပြင်ဆင်
နေခိုင်းလိုက်ပါတယ်။
ဒါကို ခေါင်းဆောင်လုပ်သူသိသွားပြီး
“လူမှုကယ်ဆယ်ရေး
လုပ်နေတာ
မဟုတ်ဘူးကွ၊
ဓားပြဟာ
ဓားပြအလုပ်သာလုပ်”ဖို့ လှမ်းအော်ပါတယ်။
ဒီလိုနဲ့
ဘဏ်ကနေ
ထွက်လာခဲ့ကြပါ
ဓားပြတိုက်လို့
ငွေသန်း
၄၀ လောက်ရလာကြပါတယ်။
မဟာအောင်ပြီးသား
ငယ်သားက
ငွေတွေကို
ရေတွက်ဖို့
ပြင်ဆင်တဲ့အခါ
ခေါင်းဆောင်လုပ်သူက
“အပိုတွေလုပ်မနေနဲ့။
ဓားပြအလုပ်ပဲ
ဓားပြလုပ်၊
မကြာခင်
ငွေဘယ်လောက်ဆိုတာ
ရုပ်/သံက ကြေညာလိမ့်မယ်”လို့ ပြောပါတယ်။
မှန်ပါတယ်၊
မိနစ်ပိုင်းအတွင်းမှာဘဲ
ဓားပြတိုက်ခိုက်မှုကြောင့်
ဘဏ်မှငွေ
၁၂၀ သန်းပါသွားကြောင်း
ထုတ်လွှင့်ကြေညာချက်ကို
ကြားလိုက်ပါကြပါတယ်။
အဲဒီ ကြေညာ ချက်ကို
ကြားလိုက်ရတဲ့
မဟာအောင်ပြီးသား
ဘဏ်ဓားပြက
“ဘယ်လိုဖြစ်တာလဲဆရာ
ကျွန်တော်တို့ရခဲ့တာ
သန်း ၄၀ ၊ ဘဏ်ကကြေညာတာက
၁၂၀ သန်းဖြစ်နေတယ်”၊ ဒီတော့
၎ တန်းအောင်
ဓားပြခေါင်းဆောင်က
“မင်းကို
ငာပြောထားသားပဲ
ဓားပြ ဓားပြအလုပ်ပဲလုပ်လို့” ထပ်ပြောရှာပါတယ်။
ဒါကြောင့်မို့ အင်ဘန်လ
၎ တန်းဆိုပြီး
အထင်မသေးလိုက်ပါနဲ့
ဂွမ်မော်ကို
ပွဲထုတ်ပေးနေသူပါ။
အခုလည်း
မကြာမီဖြစ်ပေါ်လာမည့်
အခြေအနေကို
စောင့်ကြည့်စေချင်ပါတယ်။
KIO ဒုဥက္ကဌ ဂေါ်ရီဇော်ဆိုင်း
ရုတ်တရက်နှုတ်ထွက်သွားပါပြီ။
ဒါကြောင့် သူ့နေရာကို
KIA ရဲ့ စစ်ဦးစီးချုပ်
ဂမ်ရှောင်
ကိုခန့်အပ်ပါလိမ့်မယ်။
ဒါဆို KIA စစ်ဦးစီးချုပ် ဘယ်ယူဖြစ်လာမလဲ။
ရှင်းပါတယ်၊
ရုပ်ထွက်ကောင်း
Brand ဖြစ်တဲ့
ဗိုလ်ချုပ်
ဂွမ်မော်သာ
ဖြစ်ပါလိမ့်မယ်။
ဒါဆိုစစ်ဦးစီးချုပ်ဖြစ်သွားလို့
ဂွမ်မော်ကို
Person of the Year ထက်မြင့်တဲ့ဆု ထပ်ပြီး
အပေး မမှားဖို့ ကျွန်တော်ကြိုက်တဲ့ DVB ဂရုပြုနိုင်လောက်ပြီ
ထင်ပါတယ်။
ပညာတတ်တိုင်းလည်း
သူများ
အသုံးချတာ
ခံနေရသူများထဲမှာ
DVB လည်းမပါသင့်တော့ပါ။
၎ တန်းပညာနဲ့
အဖွဲ့အစည်းကို ကြိုးဆွဲပြီး
အမဲကို
အဖြူအဖြစ် ဖြစ်အောင်လုပ်နိုင်တဲ့ ဆရာကြီး အင်ဘန်လကို မေ့ပျောက်မထားကြဖို့ အသိအမှတ် ပြုပေးကြဖို့ လိုနေပြီလား ဆိုတာ စဉ်းစားနိုင်ရန် ဖြစ်ပါကြောင်း။
အဖြူအဖြစ် ဖြစ်အောင်လုပ်နိုင်တဲ့ ဆရာကြီး အင်ဘန်လကို မေ့ပျောက်မထားကြဖို့ အသိအမှတ် ပြုပေးကြဖို့ လိုနေပြီလား ဆိုတာ စဉ်းစားနိုင်ရန် ဖြစ်ပါကြောင်း။
1 comments:
K I A က အ ထိ နာ ၊ မြန် မာ စစ် တပ် က မု ဆိုး မ များ ရ ရှာ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်