Subscribe to our RSS Feed

“၅၉(စ) ဘယ်ကလာသလဲ၊ ဘယ်ကို သွားမလဲ”

From : https://www.facebook.com/photo.php?fbid=695624633811511&set=a.572785052762137.1073742204.459386844101959&type=1&relevant_count=1


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)

အခန်း (၃)၊ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ
----------------------------------------------------
ပုဒ်မ၅၉။(စ) မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏မိဘတစ်ပါးပါးသော် လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏တ ရားဝင် သားသမီးတစ်ဦးဦး သော်လည်းကောင်း၊ ထိုတရားဝင် သားသမီး တစ်ဦးဦး၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူ စောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြား အစိုးရ၏လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတပါး၏နိုင်ငံသားဖြစ် သူများမဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက် ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတပါး၏နိုင်ငံသားသော် လည်း
ကောင်း ခံစား ရသောအခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ

အခန်း (၂)၊ နိုင်ငံရေးပါတီ တည်ထောင်ခြင်းနှင့် မှတ်ပုံတင်ခြင်း
--------------------------------------------------------------

ပုဒ်မ၄။(က) နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီ
သက်သေခံလက်မှတ် ကိုင်ဆောင်ထားသူဖြစ်ခြင်း၊

(စ)နိုင်ငံတော်အား လက်နက်ကိုင် ဆန့်ကျင်တော်လှန်နေသော သောင်းကျန်းသူအဖွဲ့ အစည်းဝင် သို့မဟုတ် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်သော အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ သို့မဟုတ် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ မတရားအသင်းအဖြစ် ကြေငြာခြင်းခံရသော အဖွဲ့အစည်းဝင် သို့မဟုတ် ယင်းအဖွဲ့အ စည်းနှင့်တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ်ခြင်း
သို့မဟုတ် အားပေးကူညီခြင်းပြုသည့် အဖွဲ့အစည်းဝင် မဟုတ်ခြင်း။

(ဇ) နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသားအဖြစ် ခံယူထားသူ မဟုတ်ခြင်း။

၅၉(စ)နှင့်ပတ်သက်၍ ပထမဦးစွာ ပြောလိုသည်မှာ “နိုင်ငံရေးတွင် မတော်တဆမရှိ”ဟူ၍ပင်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ကို စတင်ရေးဆွဲစဉ်ကတည်းကပင် ၅၉(စ)သည် တစ်နေ့တွင် ရှုပ်ထွေး လာနိုင်သည့် ပုဒ်မတစ်ခုဖြစ်ကြောင်း ဖွဲ့စည်းပုံရေးဆွဲခဲ့သည့် ပုဂ္ဂိုလ်များ မသိနိုင်ကောင်းစရာ မရှိပေ။

ဆိုလိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ကို ရေးဆွဲခဲ့စဉ်က မိမိတို့အတွက်အကြီးမားဆုံးသောနိုင်ငံရေးပြိုင်ဘက်တစ်ဦးနှင့် နိုင်ငံရေးအင်အားစုတို့ကို ဗဟိုပြုစဉ်းစားကာ တွက် ချက်ခဲ့ခြင်း ဖြစ်ကြောင်း အငြင်းပွားဖွယ်မရှိပါ။

ထိုသို့ရေးဆွဲရာတွင် ၅၉(စ)ကို အလွယ်တကူမပြင်ဆင်နိုင်ရန်အတွက် တံခါးများကိုလည်း စနစ်တကျတပ်ဆင်ပေးခဲ့ကြပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ၅၉(စ)ကိုပြင်ဆင်ရန် လွှတ်တော်ကိုယ်စားလှယ် သုံးပုံ နှစ်ပုံ၏ ထောက်ခံမှုအပြင်၊ လူထုဆန္ဒခံယူပွဲ ပြုလုပ်စေရန် ကိုလည်း ထည့်သွင်းပါရှိထားပါသည်။

ဤအချက်သည် ၅၉(စ)ကို ပြင်ဆင်ရန် အလွန်အမင်းခက်ခဲသည့် အခြေအနေ တစ်ရပ်ဖြစ်ပါသည်။ လွှတ်တော်ရှိ ၇၅%သော မဲကို ရရှိရန်ဆိုသည်မှာ ၂၀၁၀ခုနှစ်၏အစပိုင်းကာလများတွင် NLD ပါတီအနေဖြင့် မဖြစ်နိုင်ကောင်းသော အရာမဟုတ်သော်လည်း ယခုအခြေအနေ တွင်မူ ခက်ခဲသည့်အနေအထားကို ရောက်ရှိနေပြီ ဖြစ်သည်။

ထို့အပြင် ပြည်သူလူထု၏မဲပေးနိုင်သူ ၅၀%ကျော်ဆိုသည့် အရေအတွက်မှာလည်းထိုနည်းတူစွာပင် ဖြစ်ပါသည်။ ထိုအချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)၏အခန်း(၁၂)၊ ဖွဲ့စည်းပုံအခြေ ခံဥပဒေ ပြင်ဆင်ခြင်းပါ အချက်အလက်များပင် ဖြစ်လေသည်။

နောက်ထပ် ပိတ်ဆို့ထားသည့် တံခါးများအနေဖြင့် ဖေါ်ပြရသော် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ အခန်း (၂)၊ ပုဒ်မ (၄)အရ၊ ယာယီသက်သေခံလက်မှတ်ကိုင် ဆောင်ခွင့်ရှိသူများနှင့် ဧည့်နိုင်ငံသားများကို နိုင်ငံရေးပါတီတည်ထောင်ခွင့်ပြုထား သည့် အချက်များပင် ဖြစ်ပါတော့သည်။

ယင်းတံခါး၏ လိုရင်းအဓိပ္ပါယ်မှာ နိုင်ငံရေးပါတီများ၏ နောက်ဆုံး ရည်မှန်းချက်ပန်းတိုင်နှင့် ဆက်စပ်နေပါသည်။ နိုင်ငံရေးပါတီများ၏ ရည်မှန်းချက်ပန်းတိုင် ဆိုသည်မှာ ရွေးကောက်ပွဲများမှတဆင့် နိုင်ငံရေးအာဏာရရှိရန် ကြိုးပမ်းအားထုတ်ခြင်းကို ဆိုလိုပါသည်။ အရှင်းဆုံးပြောရလျှင် နိုင်ငံရေးပါတီများသည် နိုင်ငံတော်၏
အမြင့်မားဆုံးသော ရာထူးအာဏာဖြစ်သည့် နိုင်ငံတော်သမ္မတရာထူးကို ရယူဖမ်းဆုပ်နိုင်ရန် မျှော်မှန်းခွင့် ရှိခြင်းပင်ဖြစ်ပါသည်။

ထိုအချက်ကြောင့်ပင် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)အရ ရိုးရှင်းစွာ ကြည့်မည်ဆိုလျှင် ၅၉(စ)သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ အခန်း(၂)၊ပုဒ်မ(၄)ကို ပိတ်ဆို့ကာကွယ်ပေးထားသည်ဟု ယူဆ၍ရသော်လည်း နိုင်ငံရေးတွင်မူဤကဲ့သို့ ရိုးရှင်းခြင်းမရှိပေ။

၅၉(စ)ဆိုသည်မှာ ဧည့်နိုင်ငံသားများနှင့် ယာယီသက်သေခံလက် မှတ်ကိုင်ဆောင်ခွင့်ရှိသူများ၏ သမ္မတဖြစ်ခွင့်အား ပိတ်ဆို့ကာ ကွယ်ထားသည်ဟု ထင်မှတ်မှားသွားအောင် ပြုလုပ်ဖန်တီး ထားသည့် တံတိုင်းတစ်ခုမျှသာဖြစ်သည်ဟု ပြောလိုခြင်းဖြစ်ပါသည်။

တစ်ကယ်တန်းဆိုလျှင် ဧည့်နိုင်ငံသားများနှင့် ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင်ထားသူများကို မည့်သည့်နိုင်ငံတွင်မှ မြန်မာနိုင်ငံမှာကဲ့သို့ Political Right ပေးအပ်ထားခြင်းမျိုး မရှိပါ။ မြန်မာနိုင်ငံတွင်မူ ၅၉(စ)ကို ဖန်တီးလို၍ယင်း Political
Right ကို မဖြစ်မနေ ထိုးကျွေးလိုက်ရသည့် အခြေအနေပင် ဖြစ်ပါသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် NLD ပါတီ ပါဝင်ခဲ့ခြင်းမရှိပဲ၊ ၂၀၁၂ ကြားဖြတ် ရွေး
ကောက်ပွဲတွင်မူ မြန်မာ့နိုင်ငံရေးလောက၏ အထွဋ်အထိပ်ပုဂ္ဂိုလ်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ NLD ပါတီဝင်များ (မည်သည့်အကြောင်းပြချက်ဖြင့်ဖြစ်စေ)လွှတ်တော်သို့ ၀င်ရောက်လာခဲ့ကြပါသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကစားကွင်းတွင်း ထိုသို့ဝင်ရောက်ရာတွင် နိုင်ငံရေး သတ်ကွင်းနှင့် ထောင်ချောက်များကို ကြိုတင်သိမြင်ထားမည် ဖြစ်ကြောင်းကိုယုံမှား သံသရရှိစရာလိုမည် မထင်ပါ။ နိုင်ငံရေးတွင် လက်တွေ့ကျမှုနှင့် အလှုပ်(နိုင်ငံရေးလှုပ်ရှားနေမှု)တို့သည် အရေးကြီးလှသည်ဖြစ်ရာ ယင်းအနေဖြင့် ဟပေး
ထားသည့် နိုင်ငံရေးဂယ်ပေါက် (Political Space)မှ အနာခံ၍ တိုးဝင်ရခြင်းလည်းဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်သို့ဝင်ရောက်ခြင်း၏ အဓိကရည်ရွယ်ချက်မှာဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးဖြစ်ကြောင်း ယင်းအနေဖြင့် ပွင့်ပွင့်လင်းလင်းထုတ်ဖေါ်ပြောဆိုခဲ့ပြီးဖြစ်ပါသည်။ မည်သည့်ပုဒ်မများကို ပြင်ဆင်မည်ဆိုသည်ကိုရှင်းလင်းကွဲပြားစွာ မပြောခဲ့သော်လည်း၊ ၅၉(စ)သည် အခရာကျသည့်ပုဒ်မ ဖြစ်
လာဖွယ်ရှိကြောင်းကိုမူ နိုင်ငံရေးကျွမ်းကျင်သူများက ကြိုတင် ခန့်မှန်းထားနိုင်ခဲ့ကြပါသည်။

ယင်းမှာလည်း သဘာဝကျလှပါသည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံရေးသမားများ၏ အန္ဓိမပန်းတိုင်မှာ နိုင်ငံရေးအာဏာရယူရန်ဖြစ်ပြီး၊ နိုင်ငံရေးအာဏာရရှိလာပါက မိမိတို့ Ideologyနှင့် မိမိတို့ယုံကြည်တွေးခေါ်ထားသည့်အတိုင်း၊ တိုင်းပြည်
ကို ပုံဖေါ်ကြမည်ဖြစ်သောကြောင့်ပင် ဖြစ်လေသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကိုယ်စားလှယ်များ လွှတ်တော်သို့ မ၀င်ရောက်မီကာလများတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို နိုင်ငံရေး အတိုက်အခံအင်အားစုများနှင့် ပြည်သူလူထုတို့မှ ပြင်းထန်စွာ ဆန့်ကျင်ရှုတ်ချခဲ့ကြသည်ကိုလည်း အားလုံးသိပြီး ဖြစ်ပါလိမ့်မည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကိုယ်စားလှယ်များ လွှတ်တော်တွင်း ရောက်ရှိသွားပြီး နောက်ပိုင်းတွင်မူ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)နှင့်ပတ်သက်၍ဝေဖန်သုံးသပ်မှုများ ပုံစံတစ်မျိုး ပြောင်းလဲသွားခဲ့ပါတော့သည်။ ဖွဲ့စည်းပုံအခြေခံ
ဥပဒေဆန့်ကျင်ရေးမှ ပြင်ဆင်ရေးသို့ ပြောင်းလဲသွားခြင်းကို ဆိုလိုပါသည်။

ယင်းသို့ဖြစ်ရခြင်းမှာလည်း အကြောင်းအမျိုးမျိုးရှိနိုင်ပါသည်။ ယေဘုယျအားဖြင့်-

(၁) ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈)သည် လတ်တလောအခြေအနေတွင် အလုပ်ဖြစ်သည်၊ ယင်းမှ တဆင့် နိုင်ငံရေးဂယ်ပေါက်များ(Political Space)ကို လိုသလိုချဲ့ထွင်သွားနိုင်သည်ဟု ယူဆသည့် နိုင်ငံရေးသမားများနှင့် နိုင်ငံရေးပညာရှင်တစ် ချို့၏ ဟောပြောပို့ချ သုံးသပ်ချက်များကြောင့်သော် လည်းကောင်း၊

(၂) ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)သည် လုံးဝမကောင်း၊ သို့သော် အစားထိုးအဖြေ(Alternative Solution)မပေးနိုင်သဖြင့် အခြေအနေကိုမီးစင်ကြည့်ကပြီး၊ရသလောက် ဆန့်ကျင် ကန့်ကွက်နေမည်ဟူသော ယူဆချက်ရှိသူများကြောင့်
သော်လည်းကောင်း၊

(၃) နိုင်ငံရေးလောက၏ အစဉ်အလာနှင့်ပုံရိပ်ကြီးမားသော ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကိုယ်စားလှယ်များကိုယ်တိုင် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)၏ ပေးထားချက်များအ တိုင်း လွှတ်တော်အတွင်း ၀င်ကစားနေပြီဖြစ်သောကြောင့် ယင်းတို့၏ကကွက်ကကြိုးအရ လိုက်ပါတုံ့ပြန်သွားတော့မည်ဟု ဆုံးဖြတ်လိုက်သူများကြောင့် သော်လည်းကောင်း ဖြစ်နိုင် ပါသည်။


(ဤသုံးသပ်ချက်များမှာ စာရေးသူ၏ အတွေးအယူမျှသာဖြစ်ပါသည်။ တထစ်ချမှန်သည်ဟုတော့ အာမ မခံရဲပါ။)

ထိုသို့ဖြင့် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တွင်းရောက်ရှိပြီး နောက်ပိုင်းကာလများတွင် ပဋိပက္ခတစ်ချို့ကို မြင်တွေ့ခဲ့ရပါသည်။ ယင်းပဋိပက္ခများထဲမှ ၅၉(စ)နှင့်တိုက်ရိုက် သက်ဆိုင်သည့် ဖြစ်ရပ်များ ပါရှိခဲ့ပါသည်။

ဘာသာရေးနှင့် လူမျိုးရေးပြဿနာများသည် အင်မတန်မီးရှို့ကောင်းသော၊ မီးလောင်လွယ်လှသော ယမ်းပုံကြီးများဖြစ်ကြပါသည်။ ယင်းပဋိပက္ခများ၏ ဖြစ်စဉ်ဖြစ်ရပ်များကို အကျယ်တ၀င့် မပြောတော့ပါ။ စာရေးသူထက် ပိုသိသူ များစွာရှိကြပါသည်။

ယင်းပဋိပက္ခများ၏ နောက်ဆုံး ရလာဒ်မှာ ဘာသာခြားများနှင့် လူမျိုးခြားများကို ပြင်းထန်စွာ မုန်းတီးနာကျည်းသွားခြင်းပင် ဖြစ်ပါသည်။ မြန်မာလူမျိုးတို့၏ အမျိုးသားရေးစိတ်ဓါတ် တဟုန်းဟုန်းတောက်လောင်မှုမှာ အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီ ဖြစ်လေသည်။

ထိုပဋိပက္ခကာလများနှင့် မရှေးမနှောင်းတွင်ပင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုသည့် အသံများ ထွက်ပေါ်လာပြန်ပါသည်။ လွှတ်တော်တွင် အနိုင်ရ/ ဦးဆောင်
ပါတီကိုယ်တိုင်ပင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို တင်သွင်းပြောဆိုလာသည် ကို တွေ့ရပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲစဉ်က ယင်းကာလများတွင် အာဏာလက် ဆုပ်လက် ကိုင်ရှိသူများအတွက် ဆုတ်သာခွာသာရှိစေရန်ကိုသာ အဓိက ဇောင်းပေးရေးဆွဲထားခဲ့ခြင်းဖြစ်ရာ၊ တစ်ကယ်တမ်းတွင် ကစားကွင်းထဲ၌ လက်တွေ့ရင်ဆိုင်ကြုံတွေ့ နေရသောအနိုင်ရ/ ဦးဆောင်ပါတီ အဖို့ ယခုဖွဲ့စည်းပုံအခြေခံဥပဒေ၏ တစ်ချို့သောအခန်းကဏ္ဍ များနှင့်ပုဒ်မများက ၄င်းတို့ကို အကျဉ်းအကြပ်သို့ ကျရောက်နေစေခဲ့ ဟန်တူပါသည်။

သို့သော် မိမိတို့ရေးဆွဲခဲ့သော၊ မိမိတို့မှ ကောင်းပါသည်၊ အလုပ်ဖြစ်ပါသည်ဟု
ညွှန်းဆိုခဲ့သော ဤဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို အနည်းငယ်မျှသော နှစ်ကာလအပိုင်းအခြားအတွင်း မိမိတို့ကိုယ်တိုင် ပြင်ဆင်ရန်ဆိုသည်မှာလည်း ပြောစရာဖြစ်လာဖွယ် ရှိနိုင်ပါသည်။ သို့ဖြင့်ခပ်ရင့်ရင့် ခပ်ရိုင်းရိုင်း
ဥပမာတစ်ခုဖြင့်ဆိုရသော် “ကြောင်ခံတွင်းပျက်နှင့် ဆက်ရက်တောင်ပံကျိုးတို့
တွေ့ကြပါတော့သည်။”

ထို့နောက် လွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီတစ်ရပ်ဖွဲ့စည်းခဲ့သလို၊ လွှတ်တော်ပြင်ပမှ နိုင်ငံရေးအတိုက်အခံ အင် အားစုများဘက်မှလည်း ယင်းကိစ္စနှင့်ပတ်သက်၍ ဂယက်ထ လှုပ်ခတ်လာခဲ့သည်။

ထင်မှတ်မထားသည့် ပြဿနာတစ်ခုမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် “ပြင်ဆင်ရေး လော၊ အသစ်ပြန်လည်ရေးဆွဲရေးလော” ဟူသည့် အတွေးအယူနှစ်မျိုး ပေါ်ထွက် လာခြင်းဖြစ်ပါသည်။ ယင်းဂယက်မှာလည်း နိုင်ငံရေးလောကအတွင်း ကာလအနည်း ငယ်ကြာမျှ လှုပ်ရှားဖမ်းစားနိုင် ခဲ့ပါသည်။

နောက်ပိုင်းတွင်မူ နိုင်ငံရေးပညာရှင်များနှင့် နိုင်ငံရေးသမားတစ်ချို့တို့မှ ပြင်ဆင် ရေးလမ်းကြောင်းကို ဦးတည်ရွေးချယ်သည့်အသံများကို မီဒီယာမှတဆင့် ပြည်သူ လူထုထံ ပေးပို့စေနိုင်ခဲ့သဖြင့် အနိုင်ရပါတီ၏ ရည်ရွယ်ချက်ဖြစ်သည့် “ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးလမ်းကြောင်း”သို့ ပြန်လည်ရောက်ရှိသွားခဲ့ပြန်ပါသည်။
တစ်ကယ်တမ်းတွင်လည်း ပြင်ဆင်ရေးလမ်းကြောင်းသည် ယုတ္တိရှိ၊ လက်တွေ့ကျ သည်ဟု ယူဆ၍ရပါသည်။

စာရေးသူကိုယ်တိုင်လည်း တပ်မတော်က အာဏာသိမ်းနိုင်သည်ဟူသော ဆင် ခြေမှ ကင်းလွတ်သည့် အခြားသောကြောင်းကျိုးဆီလျော် သည့်အယူအဆများဖြင့်ထောက်ဆကာ ပြင်ဆင်ရေးလမ်းကြောင်းကိုသာ ထောက်ခံခဲ့ကြောင်း ၀န်ခံလိုပါ သည်။

ဤသို့ဖြင့် ၂၀၁၃ ခုနှစ်အကုန်ပိုင်းသို့ ရောက်ရှိလာသောအခါ “၅၉(စ)ကို ပြင်ဆင် မပေးလျှင် NLDအနေဖြင့် အထွေထွေရွေးကောက်ပွဲ(၂၀၁၅ခုနှစ်)သို့ ၀င်တော့မည် မဟုတ်ကြောင်း” သတင်းထွက်လာပါတော့သည်။

ယင်းသတင်းထွက်ပြီး များမကြာမီတွင်ပင် အနိုင်ရပါတီဘက်မှ ၅၉(စ)ကို ပြင်ဆင် ပေးမည်ဖြစ်ကြောင်း အသံထွက်လာသည်။ ထိုသတင်းနှင့် မရှေးမနှောင်းမှာပင် ဒေါ်အောင်ဆန်းစုကြည်မှ “၅၉(စ)ကို ပြင်သည်ဖြစ်စေ၊ မပြင်သည်ဖြစ်စေ ရွေး ကောက်ပွဲဝင်မည်” ဖြစ်ကြောင်း သတင်းထုတ်ပြန် လိုက်ပြန်ပါသည်။

(“၅၉(စ)ကို ပြင်ဆင်မပေးလျှင် NLDအနေဖြင့် ၂၀၁၅ခုနှစ်၊ ရွေးကောက်ပွဲသို့ မ၀င်တော့ပါ” ဟူသည်မှာ သတင်းချဲ့ကားရေးသားခြင်းဖြစ်သည် ဟူသောစကားများကို နောက်ပိုင်းတွင် ကြားသိရပါသည်။)

အကယ်၍များ ပထမသတင်းစကားဖြစ်သည့် “၅၉(စ)ကို ပြင်ဆင်မပေးလျှင် NLDအနေဖြင့် ၂၀၁၅ခုနှစ်၊ ရွေးကောက်ပွဲသို့ ၀င်တော့မည်မဟုတ်ကြောင်း” မှန်ကန် ပါက၊ ဤနေရာတွင် စာရေးသူ၏ထင်မြင်ချက်မှာ နှစ်ပိုင်းရှိနေပါသည်။

ပထမတစ်ချက်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် အနိုင်ရပါတီတို့ အပေးအယူအလျှော့ အတင်း (Compromise)တစ်စုံတစ်ရာ ပြုလုပ်ခဲ့လေသလောဟူသော တွေးထင် ယူဆချက်ဖြစ်ပါသည်။

ဒုတိယအချက်မှာ ဥပဒေကြောင်းလမ်းနှင့် နိုင်ငံရေးရှေ့ရေးအရ ဖြစ်သည်။ “နိုင်ငံ ရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ အခန်း(၃)၊ နိုင်ငံရေးပါတီအဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိခြင်း၊ ပုဒ်မ ၁၂။ (က)(၁)အရ နိုင်ငံရေးပါတီများသည် အထွေ ထွေ ရွေးကောက်ပွဲ၌ ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒ
နယ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်များအနက် အနည်း ဆုံး မဲဆန္ဒနယ်သုံးနယ်တွင် မိမိပါတီမှ လွှတ်တော်ကိုယ်စား လှယ်လောင်းများ ၀င် ရောက်ယှဉ်ပြိုင်မှု မပြုနိုင်ခြင်း၊” ရှိပါက နိုင်ငံရေးပါတီအဖြစ်ဆက်လက်ရပ်တည် ခွင့်မ ရှိတော့ပြီဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် NLDပါတီနှင့်အတူ နိုင်ငံ
ရေး အာဏာကို ဖမ်းဆုပ်နိုင်မည့်အခွင့်အလမ်းကို ပိုမိုဝေးကွာသွားတော့မည်ဖြစ်ပါ သည်။ ထို့ကြောင့်ပင် ၅၉(စ)ကိုပြင်သည်ဖြစ်စေ၊ မပြင်သည်ဖြစ်စေ ရွေးကောက်ပွဲ
ဝင်ပါမည်ဟု ပြန်လည် ဆုံးဖြတ်ခဲ့လေသလားဟူ၍လည်း စဉ်းစားမိရပါသည်။

၂၀၁၀ ခုနှစ်မှ ၂၀၁၃ ခုနှစ်အကုန်ပိုင်းထိ ကာလများတွင် ယင်း ၅၉(စ)နှင့် ပတ် သက်၍ ဝေဖန်ပြောဆို၊ တိုက်တွန်းမှုများရှိခဲ့သော်လည်း၊ ပြင်ဆင်ပေးမည့် အရိပ် အယောင်မျှပင် မပြခဲ့သည့်အနိုင်ရပါတီသည် ၂၀၁၄ ခုနှစ်အစပိုင်းတွင်မှ ပြင်ဆင် ပေးလိုကြောင်း အသံထွက်လာသည်မှာ စဉ်းစားဆင်ခြင်စရာ ကောင်းလှပါသည်။

၅၉(စ)လုံးကို ပြင်ဆင်ရန်ဆိုသည်မှာ (USDP ပါတီက ဘယ်လောက်ပင် ပြင်ပေး မည်ဟု ပြောစေကာမူ)လွှတ်တော်ထဲတွင် ၇၅%ရဖို့ဆိုသည်မှာ USDPပါတီတစ်ခု တည်းနှင့် လုံလောက်သည့် မဲအရေအတွက်ကို ရနိုင်ချေနည်းပါးလွန်းသည်။

၇၅% ရလျှင်ပင် လူထုဆန္ဒခံယူပွဲလုပ်ရဦးမည်ဖြစ်ရာ၊ ၅၀% + ဆိုသည့် ရလာဒ် ဆိုသည်မှာလည်း သိပ်သေချာသည့် ကိစ္စတော့မဟုတ်ပေ။

စာရေးသူအနေဖြင့် တစ်စုံတစ်ရာ ကောက်ချက်ချပြရမည်ဆိုလျှင်-

(၁) ၅၉(စ)သည် ဖဲစကားအရဆိုလျှင် လောင်းကြေးထပ်ပြီး ခေါ်လိုက်ခြင်းဖြစ်ပါ သည်။ အနိုင်ရပါတီဘက်မှ Risk ယူလိုက်ခြင်းပင် ဖြစ်ပါသည်။ ၅၉(စ)ပြင်ဆင်ရန် ပြည်သူလူထုမှ မည်မျှ ထောက်ခံသလဲဆိုသည်မှာ ဒေါ်အောင်ဆန်းစုကြည်ဘက်မှ
ထုတ်ပြရတော့မည့် ၀ှက်ဖဲဖြစ်ပါသည်။ တစ်နည်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည် ၏ Political Capital ကို ရှိုးလိုက်ခြင်းဖြစ်ပါသည်။

(၂) ယခုအချိန်သည် ရှေ့မှ တောက်လျှောက်ဖြစ်လာခဲ့သည့် ဘာသာခြားများနှင့် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် အမျိုးသားရေးနှင့် ဘာသာရေးကိုယှဉ်သော အမုန်းတရားများ တညီးညီး တောက်လောင်နေချိန်ဖြစ်ပါသည်။ အမုန်းဇာတ်ရှိန်
အမြင့်ဆုံးအချိန်သည့် ယခုအချိန်တွင်ယင်းနှင့် တိုက်ရိုက်ဆက်နွယ်သည့် ၅၉(စ) လို ပုဒ်မမျိုးကို ပြင်ဆင်ရန် ပြည်သူလူထုမှ မဲပေးဖို့ သိပ်မသေချာလှဟု
ယူဆလို့ ရနိုင်ကောင်းသောကြောင့်လည်း ဖြစ်ပါသည်။

(၃) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဖြစ်စဉ်(Constitutional Amendment
Process)သည် long-term ဖြစ်ပါသည်။ လုပ်ထုံးလုပ်နည်းအရဆိုလျှင် ဖွဲ့စည်းပုံ အခြေခံဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီမှ Sub Committees ခွဲရ ဦးမည် ဖြစ်သည်။ ယင်း Sub Committee တို့မှ မိမိတို့ သက်ဆိုင်ရာကဏ္ဍအလိုက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာများကို
တာဝန်ယူကိုင်တွယ်ကြမည်ဖြစ် ပါသည်။ ထို့နောက်တွင် ဥပဒေကြမ်းကော်မတီ၊ ဥပဒေကြမ်းကော်မတီမှတဆင့်
သက်ဆိုင်ရာလွှတ်တော်များတွင် ဆွေးနွေး၊ ငြင်းခုန်၊ မဲခွဲဆုံးဖြတ်ခြင်းပြုလုပ်ရမည် ဖြစ်သည်။ ယင်းသို့ လွှတ်တော်နှစ်ရပ်မှ ဆုံးဖြတ်မှုများ အယူအဆ ကွဲလွဲပါလျှင် ပြည်ထောင်စုလွှတ်တော်တွင် ဆက်လက် ဆွေးနွေးရဦးမည်လည်း ဖြစ်ပါသည်။

ယင်းသို့ လွှတ်တော်ကိုယ်စားလှယ်များ၏ သုံးပုံ နှစ်ပုံမှ ထောက်ခံသည်ဆိုလျှင် ပြည်သူ့ဆန္ဒခံယူပွဲ ပြုလုပ်ရဦးမည် ဖြစ်သည်။ ၂၀၁၄ ခုနှစ် တစ်နှစ်တည်းဖြင့် ပြင် ဆင်ရေးကိစ္စများ ပြီးစီးနိုင်ပါမည်လားဟု စာရေးသူ တွေးမိပါသည်။

(၄) ၅၉(စ)ပြင်ဆင်ရေးနှင့် ပတ်သက်၍ ထောက်ခံသူများ ရှိသလို၊ အထက်တွင် စာရေးသူ ထောက်ပြခဲ့သည့်အတိုင်း ယင်းပုဒ်မပြင်ဆင်ရန်ကို ကန့်ကွက်သူများ လည်း ရှိနိုင်ပါသည်။ ထိုသို့ဖြင့် ထောက်ခံသူများနှင့် ကန့်ကွက်သူများအကြား အပြန်အလှန်ဆန္ဒထုတ်ဖေါ်ကြရင်း၊ ထိုင်းနိုင်ငံမှာကဲ့သို့ရှပ်နီနှင့်ရှပ်ဝါတို့ ပဋိပက္ခ ဖြစ်သလိုအဖြစ်မျိုး ကြုံမှာကိုလည်း စာရေးသူတွေးကြောက်မိပါသေးသည်။ “မိုး
မပြို၊ ပြိုခဲ့သည်ရှိသော်”ဆိုသကဲ့သို့ ဥာဏ်တမိုက်ဖြင့် စဉ်းစားမိခြင်းလည်း ဖြစ်ပါ သည်။

ထိုတွေးထင်ချက်အတိုင်း တစ်ကယ်ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုသည်ထက်၊ အဓိကပြော လိုသည်မှာ အတိုက်အခံ နိုင်ငံရေးအင်အားစုများ အင်အားပြိုကွဲနိုင်ကြောင်း ထောက်ပြလိုခြင်း ဖြစ်ပါသည်။ အစကတည်းကပင် အတိုက်အခံအင်အားစုများ အကြား အင်အားစုစည်းရန်ခက်ခဲသည့်ကြားထဲ၊ ယခု ထောက်ခံ ကန့်ကွက်ကိစ္စ တွင် အင်အားထပ်ကွဲဖွယ်အရေးကို ကြိုတွေးမြင်နိုင်ပါသည်။

ထို့အပြင် ယင်း ၅၉(စ)ကို ပြင်သင့်တယ်၊ မပြင်သင့်ဘူးဆိုသည့် အငြင်းပွားဖွယ် များနှင့်ပင် ၂၀၁၄ ခုနှစ်တစ်ခုလုံး မြန်မာ့နိုင်ငံရေးဇာတ်ခုံတွင်
ခြေရှုပ်လက်ရှုပ်ဖြစ် လာမည့်အရေးကိုလည်း မြင်ရဖွယ်ရှိနေသည်ဖြစ်ရာ၊ အတိုက်အခံအင်အားစုများ သည် ဤအခင်းအကျင်းကြားထဲမှ ၂၀၁၅ ရွေးကောက်ပွဲအတွက် ပါးနပ်စွာဆောင် ရွက်နိုင်မှ တော်ကာ ကျပေတော့မည်ဖြစ်ပါသည်။

မည်သို့ပင်ဖြစ်စေ ယခုနိုင်ငံရေးအခင်းအကျင်းတွင် အနိုင်ရပါတီအနေဖြင့် ကစား ကွက် အသာစီးရယူထားနိုင်သော်လည်း အတိုက်အခံပါတီခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဘက်မှလည်း မဖြစ်မနေ Risk ယူတော့မည့် သဘောရှိပါ သည်။

စာရေးသူအနေဖြင့်မူ ၅၉(စ)ကိုပြင်ဆင်ရန် ကန့်ကွက်ခြင်း၊ ထောက်ခံခြင်းဆိုသည့်အချက်များအပေါ် ညွတ်တိမ်းခြင်းမျိုးမရှိပဲ၊ ၅၉(စ)နှင့်ဆက်စပ်သည့် နိုင်ငံရေးဖြစ်စဉ် ကိုသာ အကယ်ဒမစ်ရှုထောင့်မှ သုံးသပ်တင်ပြခြင်းသာ ဖြစ်ပါသည်။

စာရေးသူ၏ သုံးသပ်ချက်များမှာ ပညာရှင်တစ်ဦး မဟုတ်သည့်အတွက် မှားယွင်း ချွတ်ချော်နိုင်မည် ဖြစ်ကြောင်းကိုလည်း ကြိုတင်ဝန်ခံထားရှိပါသည်။

နိုင်ငံရေး၌ လက်တွေ့ကျရေးနှင့် အသုံးဝင်မှုရှိသည့် အတွေးအခေါ်ဖြစ်၊ မဖြစ်ဆို သည်ကို ဆန်းစစ်ရာတွင် အစွဲအလန်းရှင်းရှင်းနှင့်
ဘက်လိုက်မှုကင်းကင်းရှိရန်လည်း လိုအပ်သည်ဟု ယုံကြည်မိပါသည်။

စာရေးသူ၏ယခုသုံးသပ်ချက်များသည် မည်သည့်အဖွဲ့အစည်းတစ်ခုကိုမှ ကိုယ်စား ပြုထားခြင်း၊ မည်သည့်ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ အတွေးအခေါ်အယူအဆကမှ သြဇာလွှမ်းမိုးထားခြင်းမရှိကြောင်းကိုလည်း တာဝန်ခံအပ်ပါသည်။

လင်းသက် 

5 comments:



OOOOOOOOOOOOOO { ငိုချိန်နှင့်ပြိုချိန် } OOOOOOOOOOOOOO


..........ရှေးသရောအခါ...ပြည်မြန်မာဝယ်..........စဉ်လာဘိုးဘွား....လွန်ထင်ရှားသော............

........................" လူသား " တစ်ဦး.............................................ရှိ ခဲ့ဘူး ၏..........................


.....ထူးထွေဆန်းပြား....ထို " လူသား " သည်......တစ်ပါးလက်အောက်....အာဏာပျောက်၍.....

........ကျရောက်သူ့ကျွန်.....ဘ ဝ နွံ ၌...........................အားခွန်ပြည့်ဖြိုး......နယ်ချဲ့ဆိုးကို........

...........ရို ကျိုး ဒူး တု တ်....သူ မ လု ပ် ပဲ.....မောင်းထုတ်ဆန့်ကျင်....အောင်ပွဲဆင်ကာ...........

...............ပြည်ခွင်တစ်ဝှမ်း..........လွတ်လပ်ပန်းကို.........ဆင်မြန်းပေးအပ်နိုင်ခဲ့သည်...............


........နှစ်ပေါင်းရှည်ကြာ....ချည့်နဲ့လာသော...............မွဲပြာလူ့ဘောင်....ပြန်တည်ထောင်ဖို့........

..........ညီနောင်တစ်သိုက်.....တွေ့ဆုံခိုက်ဝယ်.....လူ မို က် တ စ် စု.....ထ င် တို င်း ပြု ၍..........

......လ မ်း ခု လ တ် တွ င်.....ကြ မ္မာ င င် ကာ....ကောင်းကင်ထက်က....ကြယ်တောက်ပတို့......

............................ကြွေ........ကျ........မြေ........ခ........ခဲ့.........လေ.........ပြီ.................................


....ရက်စက်ဆိုးဝါး......မိစ္ဆာများကြောင့်................." လူသား " ဝိဥာဉ်.......ပျောက်ဆုံးစဉ်ဝယ်......

.....ကြည်လင်စမ်းရေ......ညစ်နွမ်းလေ၏.................လေပြေ ဆိတ်သုဉ်း......မု န် တိုင်း ဖုံး ၏......

........ရွှင်ပြုံးကောင်းကင်......ငိုပွဲဆင်၏.......................ပန်းပင်ပန်းခက်....မြေ သို့ သ က် ၏........

..........ကျေးဌက်သံစဉ်.......တေးမ လွင်ပဲ................ကောင်းကင်တစ်ခို.....ကျီးတို့ပြိုသည်.........

...........................တိုင်း.......ပြည်........ငို........ချိန်.......ပါ.........တ.........ကား.............................


.......သူသွားငါတက်......ဇတ်ခုံထက်၌.........................ငါပျက်သူဖြစ်......ဇတ်လမ်းသစ်တို့.......

.........ခွေရစ်စီးမျှော......သမိုင်းကြောတွင်................ပေါလောမျောပါ........ပြည်မြန်မာ၌.........

..........ဖယ်ခွါအဟောင်း.....စ နစ်ေ ပြာင်း ၍.....ခွပ်ဒေါင်းပျော်မြူး.....တေးသီကျူးသော..........

..............................နွေ.......ဦး......ရောက်.......ရှိ........ခဲ့........လေ.......ပြီ.................................


....အံ့ဘွယ်ရာပင်....." လူသား " ရင်မှ......................ရှင်သန်ကြီးပြင်း.....သွေးသားရင်းသည်....

.......မျိုးချင်းမမင်.....မျိုး မ ကြင် ပဲ.......................................မျိုးပင်ကွဲထွက်.....မျိုးရိုးပျက်၍......

.......မျိုးဖျက်လောက်ကောင်...အမည်ဆောင်ကာ....ပြည်ထောင်စုဖွား...တိုင်းရင်းသားတို့........

..........ခန့်ညားရိုသေ......အမိမြေကို.................................ထိုးချေခဲ့သူ.....ကုလားဖြူအား..........

................သည်းအူတမျှ.....ချစ်ခင်လှစွာ..............ဘဝကြင်ဖော်.....လက်တွဲပျော်၍..................

..................သားတော်နှစ်ပါး....သူမွေးပွားသည်...." လူသား " ဘယ်သို့ရှိမည်နည်း....................


....." ဖခင် " မောင်းထုတ်.......မိစ္ဆာယုတ်ကို...............လင်လုပ်ပေါင်းသင်း.......အမိုက်ဒင်းက.....

............စိတ်ရင်းဖြူဖြူ.....တို့ပြည်သူကို...........................ညို့ယူစည်းရုံး.....မာယာသုံး၍............

...............ရွှင်ပြုံးမျက်နှာ.....ပျားသကာသို့.................ချိုသာစကား.....သူမြွက်ကြားပြီး................

..........." လူသား " တည်ထောင်.....ထိုလူ့ဘောင်ကို......ယူဆောင်ဖို့ရာ.....ချဉ်းကပ်လာပြီ..........

...............................တိုင်း.....ပြည်......ပြို.......ချိန်......ပါ.......တ.......ကား....................................

It is a long essay of little value. Very boring to read. Full of empty words with too many assumptions. Bull shits.

ပုဒ်မ၅၉။(စ) comes from 1947 Constitution and 1974 Constitution. 1947 Constitution was initiated by Bo Gyoke Aung San and his colleagues Thakin Mya, U Ba Win, Mahn Ba Khine, Maing Pon Saw Bwa Gyi, U Ra Zak, Dee Doke U Ba Cho, Pyawbwe U Mya and Youth League U Ba Gyan. All of them except the last two were assassinated by U Saw with help of the British Government. 1974 Constitution was adopted by referendum in 1974.

ဒေါ်စုဟာငယ်စဉ်ကထဲက မြန်မာနိုင်ငံကိုဦးဆောင်ဖို့ ရည်မှန်းချက် ရှိရင် လူမျိုးခြားလဲဖြစ် အဖကိုသတ်တဲ့လူမျိုးလဲဖြစ် အလွန်ကောက်ကျစ်ယုတ်မာလှတဲ့ ဗြိတသျှလူမျိုးကိုမယူသင့်ဘူး၊ အဖေအဖိုးတို့ရဲ့ မြင့်မြတ်တဲ့ မျိုးရိုးကို အသိဥာဏ်နဲ့ယှဉ်ပြီး ထိန်းသိမ်းသင့်တယ်။ ဒါဆိုရင် ဒီဥပဒေသည်လည်း သူ့ကို ဟန့်တားနိုင်မှာမဟုတ်ဘူး၊ အခုတော့ လုပ်ချင်ရာလုပ် နေချင်သလိုနေပြီးမှ ဒီမှာသမ္မတဖြစ်ချင်တယ်ဆိုတာကတော့ တိုင်းပြည်နဲ့ လူမျိုးကို စော်ကားတာနဲ့အတူတူဘဲ။ ပြည်သူများကလဲ ဗိုလ်ချုပ်နဲ့ သူ့ကို ခွဲခြားမြင်ဖို့လိုတယ်။ ဟိုတစ်ချိန်က ဗိုလ်ချုပ်အသက်က ငယ်ငယ်ဘဲရှိသေးတယ် ဗိုလ်ချုပ်သာ အင်္ဂလိပ်မတစ်ယောက်ကိုယူမယ်ဆိုရင် အင်္ဂလိပ်တွေကလဲ ချီးမြှောက်ကြမှာဘဲ၊ အသတ်လဲခံရမှာမဟုတ်ဘူး၊ ဒါပေမယ့် ဗိုလ်ချုပ်က ရည်မှန်းချက်ရှိပြီး အသိဥာဏ်မြင့်မားတော့ ဒါတွေဖြစ်မလာဘူး၊ လွတ်လပ်ရေးကိုလဲ အရယူနိုင်ခဲ့တယ်။ စိတ်ဓာတ်ခြင်းကွာခြားတာကိုပြောတာပါ။ ကျွန်တော့ဆန္ဒကတော့ အင်္ဂလိပ်ဆိုတာ မြန်မာနိုင်ငံအတွက် တော့မကောင်းဆိုးရွားပါဘဲ။ ဒါကြောင့် ဒီအမျိုးယုတ်တွေနဲ့ပတ်သက်သူတွေကိုလည်း အမျိုးယုတ်တွေဘဲလို့ သတ်မှတ်ပါတယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်