Subscribe to our RSS Feed

ဗင်နီဇွဲလားအလှမယ်သတ်ဖြတ်ခံရ

From : mp4U 


 ဗင်နီဇွဲလားအလှမယ်သရုပ်ဆောင်မိုနီကာစပီးရားနဲ့ သူ့ ခင်ပွန်းဟောင်းကို  လက်နက်ကိုင်လုယက် သူတစ်စုကကားထဲမှာပစ်သတ်ခဲ့ကြပါတယ်။
သူတို့ ရဲ့ ၅နှစ်သမီးလေးခြေထောက်မှာရတဲ့သေနတ်ဒဏ်ရာကိုတော့ ဆေးရုံမှာကုသပေးနေပါတယ်။
စပီးယားနဲ့ ခင်ပွန်းဟောင်းဖြစ်သူတို့ ဟာ တနင်္လာနေ့ ညပိုင်းမှာဗင်နီဇွဲလားရဲ့ ပေါ်တိုကာ ဘယ်လိုဗလန်စီယာလမ်းမကြီးပေါ်မှာကားမောင်းနေစဉ်လုယက်သတ်ဖြတ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။
ရင်းနှီးတဲ့သူငယ်ချင်းတွေရဲ့ အပြောအရသူတို့ လင်မယားဟာကွဲကွာခဲ့ပေမယ့်သမီးလေးအတွက် အားလပ်တွေမှာအပန်းဖြေခရီးအတူ သွားဖြစ်ကြတယ်လို့ သိရပါတယ်။
မိုနီကာစပီးယားဟာ ၂၀၀၄ခုနှစ်မှာ ဗင်နီဇွဲလားအလှမယ်အဖြစ်ရွေးချယ်ခံခဲ့ရပြီး ၂၀၀၅ဘန်ကောက်မှာကျင်းပတဲ့ မယ်စကြ်ာဝဠာပြိုင်ပွဲမှာ4th runner up အဖြစ်ရွေးချယ် ခံခဲ့ရပါတယ်။ မော်နီကာက အမေရိကန်မိုင်ယာမီမှာနေထိုင်နေပြီးအားလပ်ရက်ပြီးရင် အမေရိကန်ကိုဒီသီတင်းပတ်ထဲပြန်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
ဗင်နီဇွဲလားနိုင်ငံဟာ၂၀၁၃ တစ်နှစ်ထဲ မှာပဲလူသတ်မှုပေါင်း ၂၄၀၀၀ကျော်ဖြစ်ပွားခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။
mp4U 
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်